Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 11:25 - မြန်မာ

25 ထို​အ​ခါ ယေ​ရှု​က၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​သည် ပ​ညာ​အ​လိ​မ္မာ​နှင့် ပြည့်​စုံ​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို ထိမ်​ဝှက်​ကွယ်​ထား​လျက် သူ​ငယ်​တို့​အား ဖော်​ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ် ချီး​မွမ်း​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ထို အ ခါ၌ ယေ ရှု က အို မိုး မြေ့ ရှင် အ ဘ ခ မည်း တော်၊ ဤ အ ရာ များ ကို ပ ညာ ရှိ နှင့် ဥာဏ် ကောင်း သူ တို့ အား ဝှက် ထား လျက် သူ ငယ် တို့ အား ဖွင့် ပြ တော် မူ သော ကြောင့် ကျေး ဇူး တော် ကြီး လှ ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထို​အ​ခါ ယေ​ရှု​က၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​သည် ပ​ညာ​အ​လိ​မ္မာ​နှင့် ပြည့်​စုံ​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို ထိမ်​ဝှက်​ကွယ်​ထား​လျက် သူ​ငယ်​တို့​အား ဖော်​ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ် ချီး​မွမ်း​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ထို​အချိန်​တွင် ယေရှု​က“ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော​အဖ၊ ကိုယ်တော်​သည် ပညာရှိ​များ​နှင့်​ဉာဏ်ထက်မြက်​သော​သူ​များ​အား ဤ​အရာ​တို့​ကို​ကွယ်ဝှက်​ထား​လျက် ကလေး​သူငယ်​များ​ကို ဖွင့်ပြ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ထို​အချိန်​၌ ယေရှု​က “ကောင်းကင်​နှင့် မြေကြီး​၏​အရှင်​သခင် ဖြစ်တော်မူသော​အဖ… လောကီ​ပညာရှင်များ​နှင့် ဉာဏ်ပညာ​ထက်မြက်သူများ​အား ဤ​အရာများ​ကို ဝှက်ထားတော်မူ​၍ ကလေးငယ်တို့​အား ဖော်ပြတော်မူ​သောကြောင့် ကျေးဇူးတင်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 11:25
40 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း၊ ရှိ​မုန်​ဗာ​ယော​န၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​သွေး​အ​သား​သည် ဤ​အ​ကြောင်း​အ​ရာ​ကို သင့်​အား ဖော်​ပြ​သည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ဖော်​ပြ​တော်​မူ​သ​တည်း။-


ဤ​သူ​တို့​သည် အ​ဘယ်​သို့​ပြော​ဆို​သည်​ကို ကြား​သ​လော​ဟု ယေ​ရှု​အား မေး​ကြ​လေ​သော်၊ ငါ​ကြား၏။ နို့​စို့​သူ​ငယ်​တို့ နှုတ်​ထဲ​မှ ကိုယ်​တော်​သည် ချီး​မွမ်း​ခြင်း​ကို ပြင်​ဆင်​တော်​မူ​သည်​ဟူ​သော စ​ကား​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော​ဟု မိန့်​တော်​မူ၏။-


အို အ​ဘ၊ အ​လို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-


ထို​အ​ခါ သေ​လွန်​သော​သူ၏​သင်္ချိုင်း​မှ ကျောက်​ကို ရွှေ့​ကြ၏။ ယေ​ရှု​သည်​လည်း အ​ထက်​သို့​ကြည့်​မျှော်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏။-


ငါ​သည် ယ​ခု​စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၏။ အ​ဘယ်​သို့ ငါ​လျှောက်​ရ​မည်​နည်း။ ထို​အ​ချိန်​မှ​စ၍ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ၊ အ​ဘ​ဟု လျှောက်​ရ​မည်​လော။ အ​ကြောင်း​ရှိ၍​သာ ထို​အ​ချိန်​သို့​ရောက်​လာ​ပြီ။-


အို အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​ကို ချီး​မြှောက်​တော်​မူ​ပါ​ဟု မိန့်​မြွက်​တော်​မူ၏။ ထို​အ​ခါ ကောင်း​ကင်​မှ စ​ကား​သံ​ကား၊ ငါ​ချီး​မြှောက်​ခဲ့​ပြီ၊ တစ်​ဖန် ချီး​မြှောက်​ဦး​မည်​ဟု​လာ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ