Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 10:27 - မြန်မာ

27 မှောင်​မိုက်၌ သင်​တို့​အား ငါ​ပြော​သော​အ​ရာ​များ​ကို သင်​တို့​သည် အ​လင်း၌ ကြား​ပြော​ကြ​လော့။ သင်​တို့​နား​အ​ပါး၌ ပြော၍ ကြား​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 အ​မှောင်​တွင်​သင်​တို့​အား​ငါ​ပြော​သော​စ​ကား ကို​အ​လင်း​တွင်​ပြော​ကြား​ကြ​လော့။ တီး​တိုး ကြား​ရ​သည့်​စ​ကား​ကို​အိမ်​မိုး​ထက်​မှ​ကြွေး ကြော်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 သင် တို့ အား မှောင် မိုက်၌ ငါ ဆို သော အ ရာ ကို အ လင်း၌ ပြန် ကြား ကြ လော့။ နား၌ ကြား သည့် အ ရာ ကို အိမ် မိုး များ ပေါ် က ကြော် ငြာ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 မှောင်​မိုက်၌ သင်​တို့​အား ငါ​ပြော​သော​အ​ရာ​များ​ကို သင်​တို့​သည် အ​လင်း၌ ကြား​ပြော​ကြ​လော့။ သင်​တို့​နား​အ​ပါး၌ ပြော၍ ကြား​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 သင်​တို့​အား မှောင်မိုက်​၌ ငါ​ပြော​သော​အရာ​တို့​ကို အလင်း​၌​ပြောကြား​ကြ​လော့။ နား​အပါး​ကပ်​ပြော​၍​ကြား​ရ​သော​အရာ​တို့​ကို လေသာဆောင်​အပေါ်​မှ ဟောပြော​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 သို့ဖြစ်၍ သင်တို့​အား အမှောင်​၌ ငါ​ပြော​သမျှ​ကို အလင်း​တွင် ပြောကြလော့။ သင်တို့​နား​၌ ငါ​တီးတိုး​ပြောသမျှ​ကို လသာဆောင်​ပေါ်မှ ကြေညာကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 10:27
16 ပူးပေါင်းရင်းမြစ်များ  

အိမ်​မိုး​ပေါ်​မှာ ရှိ​သော​သူ​သည် အိမ်​ထဲ​က ဥ​စ္စာ​ကို​ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။-


မှောင်​မိုက်၌ သင်​တို့​ပြော​သ​မျှ​သော​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​သည် အ​လင်း၌ နား​ကြား​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​ခန်း​ထဲ​မှာ နား​အ​ပါး၌ ပြော​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လိမ့်​မည်။


ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။


သင်​တို့​သည် စိတ်​မ​ပျက်​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို ငါ​ဟော​ပြော၏။-


သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ထို​ဝိ​ညာဉ်​တော်​သည် ရောက်​လာ​သော​အ​ခါ၊ သ​မ္မာ​တ​ရား​ကို သင်​တို့​အား အ​ကြွင်း​မဲ့ သွန်​သင်​ပြ​သလိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​မည်​အ​ဟုတ်။ ကြား​သ​မျှ​တို့​ကို ဟော​ပြော​လိမ့်​မည်။ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​တို့​ကို​လည်း သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။-


ဤ​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် ငါ​ဟော​ပြော၏။ ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​မ​ပြော​ဘဲ၊ ခ​မည်း​တော်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်​တို့​အား အ​တည့်​အ​လင်း​ဖော်​ပြ​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-


တ​ပည့်​တော်​တို့​က​လည်း၊ ကိုယ်​တော်​သည် ယ​ခု​တွင်​ပုံ​ဥ​ပ​မာ​ကို​မ​ဆောင်​ဘဲ အ​တည့်​အ​လင်း ဟော​ပြော​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ