Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 18:6 - Garrad Bible

6 မိုက် မဲ သူ၏ နှုတ် ခမ်း သည်၊ ခိုက် ရန် ဖြစ် ပွား စေ တတ်၏။ နှုတ် လည်း၊ ဒဏ် ချက် များ ကို တောင်း ဆို တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 မိုက်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် ရန်​တွေ့​တတ်၏။ သူ၏​နှုတ်​သည်​လည်း အ​ပြစ်​ဒဏ်​ကို တောင်း​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 မိုက်မဲ​သော​သူ​၏​နှုတ်ခမ်း​သည် ခိုက်ရန်ဖြစ်ပွားမှု​ထဲ​ဝင်ပါ​တတ်​၏​။ သူ​၏​နှုတ်​သည်​လည်း ကြိမ်ဒဏ်​ကို​ဖိတ်ခေါ်​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 18:6
14 ပူးပေါင်းရင်းမြစ်များ  

လူ မိုက်၏ အ မျက် ဒေါ သ သည်၊ ရုတ် တ ရက် ထင် ရှား၏။ လိ မ္မာ သော သူ မူ ကား၊ အ ရှက် ကို ဖုံး တတ် ၏။


ထောင် လွှား သော စိတ် အား ဖြင့်၊ ရန် ပွား ခြင်း သက် သက် ဖြစ်၏။ အ ကြံ ပေး ရာ လိုက် နာ သူ တို့၌ မူ ကား၊ ဉာဏ် ပ ညာ ရှိ၏။


ပ ညာ ရှိ သည်၊ အ ဆိုး ကို ကြောက် ရွံ့၍ ကြည် ရှောင် တတ်၏။ မိုက် မဲ သော သူ မူ ကား၊ မောက် မာ၍ စိတ် ချ စွာ နေ တတ် ၏။


လူ မိုက်၏ နှုတ် တွင်၊ မာ န အ ညှောက် ပေါက် လျက် ရှိ၏။ ပ ညာ ရှိ တို့ နှုတ် ခမ်း မူ ကား၊ ကိုယ် ကို စောင့် ရှောက် တတ်၏။


ရန် တွေ့ ခြင်း အ စ သည်၊ ရေ ပေါက် ထွက် သ ကဲ့ သို့ ဖြစ် သော ကြောင့်၊ မျက် မာန် မ ထ မီ၊ ခိုက် ရန် မှု ကို ရှောင် လော့။


အ မျက် ဒေါ သ ကြီး သူ သည်၊ အ ပြစ် ဒဏ် ခံ ရ မည်။ သူ့ ကို ကယ် နုတ် လျှင်၊ အ ဖန် ဖန် ကယ် နုတ် ရ မည်။


မ ထီ လေး စား ပြု သူ တို့ အ ဖို့၊ အ ပြစ် စီ ရင် ခြင်း၊ မိုက် မဲ သူ တို့ ကျောက် ကုန်း အ ဖို့၊ ရိုက် နှက် ခြင်း သည်၊ အ ရံ သင့် ရှိ ၏။


ခိုက် ရန် ဖြစ် ခြင်း နှင့် ကင်း လျက် နေ သော သူ သည်၊ ဂုဏ် အ သ ရေ ရှိ၏။ လူ မိုက် မူ ကား၊ မျက် မာန် ထ တတ်၏။


မ ထီ လေး စား ပြု သော သူ့ ကို နှင် ထုတ် လျှင်၊ ရန် မာန် ပါ သွား သ ဖြင့်၊ ခိုက် ရန် ဖြစ် ခြင်း နှင့် အ ရှက် ကွဲ ခြင်း လည်း၊ ငြိမ်း လိမ့် မည်။


ကြီး ကျယ် သော အိမ် တွင်၊ ရန် ပြု တတ် သော မိန်း မ နှင့် အ တူ နေ သည် ထက်၊ အိမ် မိုး ပျဉ် တွင် နေ ရ သော်၊ သာ၍ ကောင်း၏။


ကျောက် ခဲ သည် လေး၏။ သဲ လည်း လေး၏။ ထို နှစ် ပါး ထက်၊ မိုက် မဲ သူ၏ ဒေါ သ လေး ၏။


ပ ညာ ရှိ သည်၊ လူ မိုက် နှင့် အ မှု တွေ့ ရာ၊ စိတ် ဆိုး သော် လည်း ကောင်း၊ ပြုံး ရယ် သော်လည်း‌ ကောင်း၊ စိတ် မ ချမ်း မ သာ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ