ရှောလမုန်သီချင်း။ 8:1 - Garrad Bible1 အ ရှင် သည်၊ ကျွန် မ မိ ခင်၏ နို့ ကို သောက် စို့ သော မောင် ရင်း ကဲ့ သို့ ဖြစ် စေ လို ပါ၏။ သို့ ဖြစ် လျှင်၊ ပြင် ပ မှာ တွေ့၍ ကျွန် မ နမ်း ရှုပ် သော် လည်း၊ သူ တစ် ပါး ကဲ့ ရဲ့ မည် မ ဟုတ် ပါ။ အခန်းကိုကြည့်ပါ။Common Language Bible1 ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။ အခန်းကိုကြည့်ပါ။Judson Bible1 ကိုယ်တော်သည် ကျွန်မ၏ မိခင်နို့ကိုစို့သော မောင်ရင်းကဲ့သို့ ဖြစ်စေချင်ပါ၏။ သို့ဖြစ်လျှင်၊ ကျွန်မသည် ပြင်မှာတွေ့၍ နမ်းပါလိမ့်မည်။ သူတစ်ပါးမကဲ့ရဲ့ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အရှင့်ကို အကျွန်ုပ်နှင့် အမိနို့စို့ဖက်မောင်နှမ ဖြစ်စေချင်ပါ၏။ သို့ဖြစ်ပါက အရှင်နှင့် အပြင်မှာတွေ့၍ အရှင့်ကိုနမ်းလျှင်လည်း အကျွန်ုပ်ကို တစ်ပါးသူတို့ မထီမဲ့မြင်ပြုမည်မဟုတ်ပါ။ အခန်းကိုကြည့်ပါ။ |
အ သို့ ဆို သော်၊ တ ရား စောင့် ခြင်း၊ ဖြောင့် မတ် ခြင်း များ ဖြင့် ယ ခု မှ စ၍ က မ္ဘာ အ ဆက် ဆက် ဒါ ဝိဒ် မင်း၏ ရာ ဇ ပ လ္လင် တော်၊ နိုင် ငံ တော် ခိုင် ခံ့ တည် မြဲ လျက်၊ အာ ဏာ တော် တိုး တက် လျက်၊ ငြိမ် သက် ခြင်း မ ဆုံး မ ကုန် စေ ခြင်း ငှာ၊ ငါ တို့ အ ဖို့ သူ ငယ် ကို ဖွား စေ၍ သား ကို ပေး သ နား တော် မူ သ ဖြင့်၊ ထို သူ ငယ် သည်၊ အာ ဏာ စက် ကို ထမ်း ဆောင် လျက်၊ အ မည် ကား၊ အံ့ ဖွယ် သော တိုင် ပင် ရှင်၊ တန် ခိုး ကြီး သော ဘု ရား၊ ထာ ဝ ရ အ ဖ၊ ငြိမ် သက် ခြင်း မင်း ဟု ခေါ် ဝေါ် ကြ လ တ္တံ့။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ စေ တ နာ ထက် သန် တော် မူ ခြင်း အား ဖြင့် ထို သို့ ပြီး မြောက် လိမ့် သ တည်း။
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ နား ထောင် ကြ ဦး။ ငါ သွား ရာ လမ်း ကို ရှင်း လင်း မည့် ရှေ့ တော် ပြေး တ မန် တော် ကို၊ ငါ စေ လွှတ် မည့် အ တိုင်း၊ သင် တို့ ရှာ ဖွေ သော အ ရှင် ဘု ရား၊ သင် တို့ နှစ် သက် သော ပ ဋိ ညာဉ် ဆိုင် ရာ တ မန် တော် သည်၊ ကိုယ့် ဗိ မာန် တော် သို့ ရုပ် ခြင်း ကြွ ရောက် မည် ဟု မိန့် တော် မူ၏။
ဘု ရား တ ရား ကြည် ညို ခြင်း ဖြစ် စေ သော နက် နဲ ရာ ကား၊ ကြီး မြတ် ကြောင်း ဝန် ခံ ထိုက် သည့် ပြင် ရုပ် ခ န္ဓာ၌ ဖော် ပြ ခြင်း၊ နံ ခ န္ဓာ၌ ဖြောင့် မတ် ကြောင်း ထင် ရှား ခြင်း၊ စေ တ မန် တော် တို့ ရှေ့ ထင် ပေါ် ခြင်း၊ လူ အ မျိုး မျိုး တို့ တွင် ကြေ ငြာ ခြင်း၊ ဤ လော က၌ ယုံ ကြည် ကြ ခြင်း၊ ဘုန်း တော် နှင့် တ ကွ ချီ ဆောင် ခြင်း များ ကို ခံ တော် မူ သော အ ရှင် တည်း။