Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 6:9 - Garrad Bible

9 ငါ့ ချိုး ငှက်၊ ငါ့ စင် ကြယ် သူ ကား တစ် ပါး တည်း ရှိ၏။ ဖွား မြင် သူ မိ ခင်၌ အ မြတ် ဆုံး သော သ မီး ဖြစ် သ ဖြင့်၊ မြင် ရုံ မျှ ပင် လူ့ သ မီး တို့ ဩ ဘာ ပေး လျက်၊ မိ ဖု ရား များ နှင့် မောင်း မ ငယ် တို့ လည်း ချီး မွမ်း ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ ထွန်းလင်း လျက်၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်လျက်၊ နံနက်ကဲ့သို့ မျှော်ရှုသော သတို့သမီးကား၊ အဘယ်သူ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ငါ့​ချိုး၊ ငါ၏​စုံ​လင်​သူ​သည် ငါ၌​တစ်​ပါး​တည်း​ရှိ၏။ ဖွား​မြင်​သော​မိ​ခင်၌ အ​ချစ်​ဆုံး​သော​သ​မီး​ဖြစ်၏။ လူ​မျိုး​သ​မီး​တို့​သည် သူ့​ကို​မြင်၍ ကောင်း​ချီး​ပေး​ကြ၏။ မိ​ဖု​ရား​များ​နှင့် မောင်း​မ​မိဿံ​များ​တို့​သည် ချီး​မွမ်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ့​ချိုးငှက်​၊ ပြစ်မျိုးမှဲ့မထင်​သူ တစ်ဦးတည်း​သာ​ရှိ​ပါ​၏​။ သူ့​မိခင်​အဖို့ သူ​သည် တစ်ဦးတည်း​သော​သမီး​၊ သူ့​ကို​မွေး​သော​မိခင်​အဖို့ သူ​သည် အနှစ်သက်ဆုံး​သော​သမီး​ဖြစ်​၏​။ မိန်းမပျို​တို့​သည် သူ့​ကို​မြင်​လျှင် မင်္ဂလာ​ရှိ​သော​သူ ဟု​ခေါ်​ကြ​၏​။ မိဖုရား​များ​၊ မောင်းမ​များ​လည်း သူ့​ကို​ချီးမွမ်း​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 6:9
14 ပူးပေါင်းရင်းမြစ်များ  

လေ အာ က၊ ငါ ၌မင်္ဂ လာ ရှိ ပြီ။ လူ့ သ မီး တို့ သည် ငါ့ ကို မင်္ဂ လာ ရှိ သူ ဟူ၍ ခေါ် ဝေါ် ကြ လိမ့် မည် ဟု ဆို လျင် အာ ရှာ အ မည် ဖြင့် မှည့် လေ ၏။


မိ ဖု ရား ခု နစ် ရာ၊ မောင်း မ ကိုယ် လုပ် သုံး ရာ ရှိ၍ သူ တို့ သည် စိတ် တော် ကို ငဲ့ စေ ကြ ၏။


ထို ကာ လ ၌ ငါ တို့ နှုတ် သည် ရယ် မော ခြင်း နှင့် လည်း ကောင်း၊ လျှာ သည် ကြွေး ကြော် ခြင်း နှင့် လည်း ကောင်း ပြည့် ဝ လျက်၊ သူ တို့ အဖို့ တန် ခိုး ကြီး သော အ မှု များ ကို ထာ ဝ ရ ဘု ရား ပြု တော် မူ ကြောင်း၊ လူ မျိုး ခြား တို့ ဝန် ခံ ကြ သည့် အ ပြင်၊


အ ပြည် ပြည် က မင်း သ မီး တို့ သည်၊ မောင်း မ မိဿံ အ ဝင် ဖြစ် လျက်၊ ညာ ဘက် တော် မှာ၊ ဩ ဖိ ရ ရွှေ ထည် ဆင် ယင် သော မိ ဖု ရား ရှိ နေ ပါ ၏။


ကမ်း ပါး ရံ ကွယ် ရာ ကျောက် တွင်း ၌ ခို နေ သော ငါ့ ချိုး ငှက်၊ သင်၏ မျက် နှာ လှ၍ စ ကား ချို သော ကြောင့်၊ မျက် နှာ ကို မြင် လျက် စ ကား ကို ကြား ပါ ရ စေ။


ကျွန် မ သည်၊ ကိုယ် အိပ် လျက် စိတ် နိုး စဉ်၊ တံ ခါး ကို ခေါက် သော ကျွန် မ ချစ် ဆွေ၏ စ ကား သံ မှာ၊ ငါ့ နှ မ၊ ငါ့ ချစ် ဆွေ၊ ငါ့ ချိုး ငှက်၊ ငါ့ စင် ကြယ် သူ၊ ဖွင့် ပါ။ ငါ့ ဦး ခေါင်း သည် နှင်း နှင့်လည်း ကောင်း၊ ကေ သာ လည်း ညဉ့် နှင်း ပေါက် နှင့်လည်း ကောင်း ပြည့် လျက် ရှိ ပါ၏ ဟု ဆို လျှင်၊


ငါ သည် ကျောက် တောင် ထွဋ် က စီး ကြည့် ၍ ကုန်း ထိပ် က ထောက် ရှု သော် လူ မျိုး ခြား တို့ အ ပါ အ ဝင် ဟု မ ထင်၊ တစ် ပါး တည်း နေ သော လူ တစ် မျိုး ကို မြင် ရ သည် တ ကား။


ကောင်း ကင် ယေ ရု ရှ လင် မူ ကား သား မ ဖွား သော အ မြုံ မ၊ ကြွေး ကြော် လော့။ သား ဖွား ခြင်း ဝေ ဒ နာ မ ခံ ရ သော မိန်း မ၊ အ သံ လွှင့်၍ ကြွေး ကြော် လော့။ စွန့် ထား သော မိန်း မ သည် လင် ရှိ သော မိန်း မ ထက် သား များ စွာ ရှိ သည် ဟူ သော ကျမ်း ချက် အ ရ မြို့ လွတ် ဖြစ် လျက် ငါ တို့ အ မိ ဖြစ် ၏။


အို ဣ သ ရေ လ လူ မျိုး၊ သင် တို့၌ မင်္ဂ လာ ရှိ၏။ စစ် ကူ ရန် ဒိုင်း လွှား၊ ဂိုဏ်း တင် ရန် ဓား သ ဖွယ် ဖြစ် သော ထာ ဝ ရ ဘု ရား ကြောင့်၊ အောင် မြင် ရာ ရောက် ကြ ပြီး သော သင် တို့ နှင့် မည် သည့် လူ မျိုး တူ သ နည်း။ သင် တို့ ထံ ကျိုး နွံ ဟန် ဆောင် ကြ မည့် ရန် သူ တို့၏ မြင့် မြတ် ရာ များ၌ ခြေ နင်း ခွင့် ရ ကြ လိမ့် တ ကား ဟု ဖွဲ့ ဆို သ တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ