Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဘဝတ္တု။ 8:3 - Garrad Bible

3 ဘု ရား သ ခင် သည် အ လွှဲ ဆုံး ဖြတ် ခြင်း၊ အ န န္တ တန် ခိုး ရှင် သည် တ ရား လွှဲ ခြင်း ကို ပြု တော် မူ သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ဘု​ရား​သ​ခင်​သည် မ​တ​ရား​သ​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်​လော။ အ​န​န္တ​တန်​ခိုး​ရှင်​သည် တ​ရား​ကို ဖျက်​တော်​မူ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဘုရားသခင်​သည် တရားမျှတမှု​ကို မတရားမှု​ဖြစ်​စေ​မည်လော​။ အနန္တတန်ခိုးရှင်​သည် ဖြောင့်မတ်​ခြင်း​ကို ကောက်ကွေ့​စေ​မည်လော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 8:3
29 ပူးပေါင်းရင်းမြစ်များ  

ထို သို့ သူ တော် ကောင်း တို့ ကို မ သူ တော် တို့ နှင့် ရော ပြွမ်း၍ ကွပ် မျက် ရ ခြင်း အ မှု သည် ကိုယ် တော် နှင့် ကင်း​ ၀ေး ပါ စေ သော။ မြေ တစ် ပြင် လုံး၏ တ ရား မင်း သည် တ ရား သ ဖြင့် ပြု တော် မူ မည် မ ဟုတ် လော ဟု လျှောက် ဆို ရာ၊


ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော စိတ် ရှိ လျက် သ တိ နှင့် စီ ရင် ကြ လော့။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘုရား သည်၊ မျက် နှာ ကြီး ငယ် မ ထောက်၊ တံ စိုး ကို မ စား။ မ တ ရား စီ ရင် တော် မူ သည် မ ဟုတ် ဟု မိန့် ဆို၏။


ညှဉ်း ပန်း တော် မူ ခြင်း၊ လက် တော် ဖြင့် ဖန် ဆင်း ရာ ကို ရွံ့ ရှာ ခြင်း၊ လူ ဆိုး တို့ အ ကြံ အ စည် ပါ တွင် ရောင် ခြည် တော် လွှတ် ခြင်း များ သည်၊ ကိုယ် တော်၌ အ ကျိုး ရှိ ပါ သ လော။


ဘု ရား သ ခင် သည် ငါ့ အ ပေါ် တွင် အ လွဲ စီ ရင်၍၊ ပိုက် တော် ဖြင့် ချ ဖမ်း တော် မူ သည် ကို သိ မှတ် ကြ လော့။


ကြည့် ကြ လော့။ အ ဓ မ္မ ဟူ၍ ငါ ဟစ် သော် လည်း၊ ထူး တော် မ မူ။ အော် သော် လည်း၊ တ ရား သ ဖြင့် စီ ရင် တော် မူ သည် မ ဟုတ်။


အ န န္တ တန် ခိုး ရှင် သည်၊ မည် သို့ သော သူ ဖြစ်၍ ငါ တို့ ဝတ် ပြု ရ အံ့ နည်း။ မည် သည့် အ ကျိုး ကို ရ၍ တောင်း ပန် ရ အံ့ နည်း ဟု ဆို တတ် ကြ၏။


ကိုယ့် မ ကောင်း ကျိုး ကို ကိုယ့် မျက် စိ မြင် ရ လျက်၊ အ န န္တ တန် ခိုး ရှင်၏ အ မျက် တော် ကို သူ့ ကိုယ်၌ ခံ သောက် ရ ပါ စေ။


ယော ဘ က၊ ငါ ဖြောင့် မတ် လျက်၊ ငါ့ တ ရား မှု ကို ဘု ရား သ ခင် ပယ် ပ တော် မူ ပြီ။ တ ရား အ တိုင်း ပြော ဆို လျက် နှင့်၊ မု သာ ချ ပြီ။ လွန် ကျူး မှု ကို မ ပြု ဘဲ လျက်၊ ကု၍ မ ရ သော မြှား ချက် ဒဏ် ကို ခံ ရ ပြီ ဟု ပြော ဆို ရာ၌၊ ကဲ့ ရဲ့ ခြင်း ကို ရေ သ ဖွယ် သောက် သူ၊


အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် သည်၊ အ ချည်း နှီး ဟစ် သံ ကို နား ညောင်း၍ အာ ရုံ ပြု တော် မ မူ သည် မှန် လျှင်၊


နည်း လမ်း တော် ကို ကိုယ် တော် အား မည် သူ ပြ ခဲ့ သ နည်း။ မ တ ရား ပြု တော် မူ သည် ဟု မည် သူ ဆို အပ် သ နည်း။


အ ကျွန်ုပ် သည် ကိုယ့် အ သိ ပ ညာ ကို စိတ် ဖြာ ရာ မှ သိမ်း ရုံး၍၊ ဖန် ဆင်း သော အ ရှင်၏ ဖြောင့် မတ် တော် မူ ကြောင်း ကို၊ ထင် ရှား စေ ပါ မည်။


အ ကျွန်ုပ် တို့ သည် အ န န္တ တန် ခိုး ရှင် ကို ရှာ၍ မ တွေ့ နိုင် ကြ။ ကိုယ် တော် သည် တန် ခိုး ကြီး လျက်၊ ကြွယ် ဝ သော ဖြောင့် မတ် ခြင်း နှင့် စီ ရင် ဆုံး ဖြတ် ခြင်း များ ကို၊ လွှဲ တော် မ မူ။


လူ သည်၊ ဘု ရား သ ခင် ရှေ့ မှာ ဖြောင့် မတ် ခြင်း၊ လူ စွမ်း ကောင်း လည်း၊ ဖန် ဆင်း တော် မူ သော အ ရှင် ရှေ့ စင် ကြယ် ခြင်း ရှိ နိုင် သ လော။


သင် သည် ဖြောင့် မတ် ရာ ရောက် စေ ခြင်း ငှာ၊ ငါ ဖြောင့် မတ် ခြင်း ကို ငြင်း ဆို၍၊ ငါ့ ကို ပြစ် တင် စီ ရင် မည် လော။


ဖြောင့် မတ် ခြင်း နှင့် တ ရား သ ဖြင့် စီ ရင် ခြင်း သည်၊ ပ လ္လင် တော်၏ တည် ရာ၊ မေတ္တာ ကျေး ဇူး နှင့် သ စ္စာ တော် သည်၊ မျက် နှာ တော် ရှေ့ ခ စား ရာ ဖြစ် ပါ၏။


ကိုယ် တော် သည် တ ရား သ ဖြင့် စီ ရင် ခြင်း ကို နှစ် သက် သော ဘု ရင် မင်း၏ တန် ခိုး ကို၊ မျှ တ ခြင်း နှင့် တည် မြဲ စေ လျက်၊ ယာ ကုပ် အ မျိုး ၌ တ ရား သ ဖြင့် စီ ရင် ခြင်း နှင့် ဖြောင့် မတ် ခြင်း ကို စီ မံ တော် မူ၏။


သင် တို့ က၊ အ ရှင် ဘု ရား ၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု၊ ဆို လေ့ ရှိ ကြ သည် တ ကား၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ နာ ခံ ကြ ဦး၊ သင် တို့ အ လေ့ အ လာ သာ မ ဖြောင့်၊ ငါ့ တ ရား နည်း လမ်း ဖြောင့် သည် မ ဟုတ် လော၊


သို့ ရာ တွင်၊ အ လေ့ အ လာ မ ဖြောင့် သော သင့် အ မျိုး သား ချင်း တို့ က၊ အ ရှင် ဘု ရား၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု၊ ဆို လေ့ ရှိ ကြ သည် တ ကား။


အ ရှင် ဘု ရား၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု ဆို လေ့ ရှိ သော၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ အ သီး အ သီး အ လေ့ အ လာ အ လိုက်၊ သင် တို့ ကို ငါ တ ရား စီ ရင် မည့် အ ကြောင်း၊ ဆင့် ဆို လော့ ဟူ၍ တည်း။


အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပြု တော် မူ သ မျှ၌ ဖြောင့် မတ် တော် မူ ပါ လျက် အ ကျွန်ုပ် တို့ လည်း ဗျာ ဒိတ် တော် သံ ကို နား မ ထောင် ဘဲ နေ ကြ သော ကြောင့် ထာ ဝ ရ ဘု ရား သည် ထို ဘေး ဥ ပဒ် ကို စောင့် ကြပ်၍ သင့် ရောက် စေ တော် မူ ပြီ။


ထို သို့ ပြု လျှင် သင် သည် ဘု ရား သ ခင်၏ တ ရား သ ဖြင့် စီ ရင် တော် မူ ချက် ထင် ရှား ရာ၊ အ မျက် တော် သင့် ရာ နေ့ တော် တိုင် အောင် နောင် တ ရ ခြင်း ကင်း၍ ခဲ ယဉ်း သော စိတ် သ ဘော အ ရ အ မျက် တော် ဒဏ် ကို သို ထား ဆည်း ပူး လျက် နေ ရက် လေ စွ တ ကား။


အ ပြု အ မူ တော် စုံ လင် လျက်၊ နည်း လမ်း တော် များ တ ရား ယှဉ် လျက်၊ ထို ကျောက် တောင် သည် တ သ မတ် တည်း သ စ္စာ စောင့် ၍ ဖြောင့် မတ် မှန် ကန် သော ဘု ရား ဖြစ် တော် မူ ၏။


ထို သူ တို့ သည် ဘု ရား သ ခင့် ကျွန် တော် ရင်း မော ရှေ၏ ဧ ချင်း ကို လည်း ကောင်း၊ သိုး ငယ် တော်၏ ဧ ချင်း ကို လည်း ကောင်း၊ သီ ဆို လျက် အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ အ မှု တော် များ သည် ထူး ဆန်း ကြီး မြတ် လှ ပါ၏။ အို လူ အ မျိုး မျိုး တို့၏ ဘု ရင် မင်း မြတ်၊ နည်း လမ်း တော် များ သည် ဖြောင့် မတ် မှန် ကန် လှ ပေ ၏။


ပူ ဇော် ရာ ပ လ္လင် တော် က လည်း ဟုတ် မှန် ပါ၏။ အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ စီ ရင် တော် မူ ချက် များ သည် ဟုတ် မှန် ဖြောင့် မတ် ပါ၏ ဟု ထောက် ခံ သည် ကို ကြား ရ ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ