မြည်တမ်းစကား 2:3 - Garrad Bible3 ဣ သ ရေ လ လူ မျိုး၏ ဦး ချို ရှိ သ မျှ ကို အ မျက် တော် အ ရှိန် ဖြင့် ချိုး ဖြတ် လျက်၊ ရန် သူ တို့ ရှေ့ တွင် ပင်၊ ညာ လက် ရုံး တော် ကို ရုပ် သိမ်း လျက်၊ အ ဘက် ဘက် တောက် သော မီး လျှံ သ ဖွယ်၊ ယာ ကုပ် လူ မျိုး ကို ကျွမ်း လောင် တော် မူ လေ ပြီ။ အခန်းကိုကြည့်ပါ။Common Language Bible3 ကိုယ်တော်သည်ပြင်းစွာအမျက်ထွက်တော်မူသဖြင့် ဣသရေလအမျိုးသားတို့၏ အင်အားကိုဖြိုခွဲတော်မူပါ၏။ ရန်သူများလာရောက်ချိန်၌ငါတို့အားကူမရန် ငြင်းဆန်တော်မူ၏။ ကိုယ်တော်သည်မီးသဖွယ်တောက်လောင်ကာ ရှိသမျှကိုလောင်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ပြင်းစွာ အမျက်တော်ထွက်၍၊ ဣသရေလ၏ ဦးချိုရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံးတော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အစ္စရေးလူမျိုး၏ဦးချိုရှိသမျှတို့ကို အမျက်ပြင်းစွာဖြင့် ဖြတ်ပစ်တော်မူပြီ။ လက်ယာလက်တော်ကို ရန်သူ့ထံမှ ပြန်ရုပ်သိမ်းတော်မူပြီ။ ပတ်ပတ်လည်လောင်ကျွမ်းသောမီးလျှံကဲ့သို့ ယာကုပ်အမျိုးကို လောင်ကျွမ်းတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ကြောက် မက် ဖွယ် ဘေး နှင့် ရန် သူ တို့ လက် မှ ငါ တို့ လွတ် မြောက်၍ အ သက် ထက် ဆုံး မျက် မှောက် တော် တွင် သန့် ရှင်း ဖြောင့် မတ် စွာ ဝတ် ပြု ခွင့် ရ ရှိ စေ အံ့ သော ငှါ ကိုယ် တော် သည် ရန် သူ တို့ နှင့် မုန်း ထား သူ အ ပေါင်း တို့ လက် မှ ငါ တို့ ကို ကယ် လွှတ် တော် မူ လျက် ဘိုး ဘေး တို့၌ က ရု ဏာ ပြ တော် မူ လျက် အ ဘ အာ ဗြ ဟံ အား သစ္စာ ထား သည့် သန့် ရှင်း သော ပ ဋိ ညာဉ် တော် ကို သ တိ ရ တော် မူ လျက် သန့် ရှင်း သူ ရှေး ပ ရော ဖက် တို့ နှုတ် ဖြင့် က တိ ပေး တော် မူ သည့် အ တိုင်း အ စေ တော် ခံ ဒါ ဝိဒ် မင်း အ နွယ် တွင် ငါ တို့ အ ဖို့ ကယ် တင် ခြင်း ဦး ချို ကို ပေါက် ထွက် စေ တော် မူ ပြီ။