Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 2:11 - Garrad Bible

11 နို့ စို့ နို့ ညှာ သူ ငယ် တို့ သည်၊ မြို့ လမ်း များ၌ မြော နေ ကြ သော ကြောင့်၊ လူ မျိုး ချင်း သ တို့ သ မီး၏ အ နာ ကို ထောက်၍၊ ငါ သည် မျက် ရည် ကျ လျက် စ က္ခု ကွယ် ခြင်း၊ ဝမ်း နည်း ခြင်း၊ အ သည်း အ ဆုပ် အ ရည် ပျော် ဆင်း ခြင်း ခံ ရ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါ​၏​မျက်​စိ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့် နွမ်း​နယ်​လျက်​နေ​ပါ​၏။ ငါ​၏​စိတ်​ဝိ​ညာဉ်​သည်​လည်း​ပူ​ဆွေး​လျက်​ရှိ​ပါ​၏။ ငါ​သည်​မိ​မိ​အ​မျိုး​သား​တို့​ဆုံး​ပါး​ပျက်​စီး ကြ​သည့်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပေ​သည်။ သူ​ငယ်​နှင့်​နို့​စို့​က​လေး​တို့​သည်​မြို့​တွင်း​ရှိ လမ်း​များ​ပေါ်​တွင်​မေ့​မြော​၍​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ငါ၏​လူ​မျိုး သ​တို့​သ​မီး​ပျက်​စီး​သော​ကြောင့်၊ ငါ​သည်​မျက်​ရည်​ကျ၍ မျက်​စိ​ပျက်​လေ​ပြီ။ ဝမ်း၌ ဆူ​လှိုက်​ခြင်း​ရှိ၍ အ​သည်း​လည်း မြေ​ပေါ်​မှာ သွန်း​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​ငယ်​နှင့် နို့​စို့​က​လေး​တို့​သည် မြို့​လမ်း၌ အား​ပျက်​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သောကြောင့်​၊ နို့စို့နို့ညှာ​ကလေးငယ်​တို့ မြို့​လမ်းမ​များ​ပေါ်၌ လဲကျ​သောကြောင့် ငိုရလွန်း​၍ မျက်စိမှုန်ဝေ​ကုန်​ပြီ​။ ငါ့​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ ငါ့​အသည်းနှလုံး​လည်း မြေ​ပေါ်​ကြွေကျ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 2:11
26 ပူးပေါင်းရင်းမြစ်များ  

အို ထာ ဝ ရ ဘု ရား၊ ရှု ကြည့် တော် မူ ပါ။ အ ကျွန်ုပ် ဒု က္ခ ရောက်၍ ဝမ်း နည်း ပါ၏။ တော် လှန် ပုန် ကန် ခဲ့ သော အ ကျွန်ုပ် သည်၊ စိတ် ပူ လေ၏။ မြို့ အ ပြင် တွင် ဓား ဘေး၊ မြို့ အ တွင်း တွင် သေ ဘေး သင့် ရောက် လေ စွ တ ကား။


ထို အ ဖြစ် အ ပျက် များ ကြောင့်၊ ငါ သည် ငို ကြွေး လျက်၊ စိတ် ချမ်း သာ အောင် နှစ် သိမ့် စေ သူ ကင်း ဝေး သော ကြောင့်၊ မျက် ရည် ကျ လျက် နေ ၏။ ရန် သူ တို့ အောင် မြင် သ ဖြင့်၊ မြို့ သူ မြို့ သား တို့ အံ့ အား သင့် ကြ ၏။


ညှာ တာ တော် မ မူ ဘဲ လေး သ မား တို့ ကို စု ရုံး၍၊ ငါ့ နှ လုံး သည်း ပွတ် ကို ခွင်း စေ သည့် ပြင်၊ သည်း ခြေ ကို လည်း သွန် ပစ် တော် မူ၏။


အို ငါ့ အ သည်း အ ဆုပ်၊ ထုံ ကျင် ပါ ရ စေ။ အို နှ လုံး၏ အ ကွယ် အ ကာ၊ ငါ့ စိတ် နှ လုံး ညဉ်း တွား လျက် ရှိ၏။ တံ ပိုး မှုတ် သံ၊ စစ် ရေး သံ ကို စိတ် မ နော ဖြင့် ငါ ကြား ရ သည့် အ လျောက်၊ ဆိတ် ဆိတ် မ နေ နိုင်။


ထို့ ကြောင့်၊ ငါ့ ကို မ ကြည့် ပါ နှင့်။ သည်း စွာ ငို ပါ ရ စေ။ ငါ့ အ မျိုး သ တို့ သ မီး တို့ ပျက် စီး သည် ကို ထောက် ၍ စိတ် ပြေ ဖွယ် မ ပြော ကြ ပါ နှင့် ဟု ဆို လေ ၏။


အ ကျွန်ုပ် သည် သွန် လိုက် သော ရေ ကဲ့ သို့ ဖြစ် နေ ပါ၏။ အ ရိုး အ ဆစ် ရှိ သ မျှ လွဲ လျက်၊ နှ လုံး သည် ဖ ယောင်း ကဲ့ သို့ အ တွင်း၌ အ ရည် ပျော် လျက်၊ ခွန် အား သည် အိုး ခြမ်း ကဲ့ သို့ ခန်း ခြောက် လျက်၊


ပူ ဆွေး ရ ခြင်း ကြောင့် မျက် စိ ပျက် ၍၊ ရန် သူ တို့ ကြောင့် မှုန် လျက် နေ ၏။


အ သို့ ဆို သော် မြုံ သော မိန်း မ၊ မ လွယ် ဘူး သော ဝမ်း၊ မ တိုက် ဘူး သော သား မြတ် များ၌ မင်္ဂ လာ ရှိ သည် ဟု ဆို ရ မည့် နေ့ ရက် ကာ လ ရောက် တော့ မည်။


သို့ ဖြစ် ၍၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် က၊ သင် တို့ ဝင် ရောက် တည်း ခို ရာ အိ ဂျစ် ပြည် ၌၊ ကိုယ့် လက် ဖြစ် တည်း ဟူ သော အ ခြား ဘု ရား များ အား၊ အ မျက် တော် တိုက် မီး ဖြင့် ပူ ဇော်၍၊ ယောက်ျား၊ မိန်း မ တို့ သည် နို့ စို့ နို့ ညှာ သူ ငယ် များ ပါ၊ ကြွင်း ကျန် သူ မ ရှိ ဘဲ၊ ယု ဒ လူ မျိုး ဘောင် မှ ပယ် ရှား ခြင်း ခံ သည့် ပြင်၊ မြေ ပေါ် ရှိ လူ အ မျိုး မျိုး တွင်၊ ကျိန် ဆဲ ရာ၊ ကဲ့ ရဲ့ ရာ ရောက် ရ အံ့ သော ငှာ၊ ကိုယ့် အ သက် အ န္တ ရာယ် ကြီး ကို၊ အ ဘယ့် ကြောင့် ရှာ ကြ သ နည်း။ ယု ဒ ပြည် တွင် လည်း ကောင်း၊


သင် က လည်း၊ ငါ့ အ မျိုး သ တို့ သ မီး က ညာ သည်၊ ကျိုး ပဲ့ ပေါက် ကွဲ ခြင်း၊ နာ ကျင် စွာ ဒဏ် ခတ် ခြင်း များ ကို၊ ခံ ရ သည့် အ တွက်၊ နေ့ ညဉ့် မ ဟူ၊ မ ပြတ် မ စဲ မျက် ရည် ကျ လျက် နေ ရ ပါ စေ။


ဘု ရင် မင်း မြတ် တည်း ဟူ သော ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် မြို့၌ စံ နေ တော် မ မူ သ လော ဟူ ၍ လည်း‌ ကောင်း၊ စ ပါး ရိတ် ချိန် လွန် ပြီ။ အ သီး ဆွတ် ချိန် ကုန် ပြီ။ ငါ တို့ မှာ မူ၊ ဘေး လွတ် ရာ မ ရောက် သေး ဟူ၍ လည်း‌ ကောင်း၊ ဝေး ကွာ ရာ ပြည် မှ ငါ၏ အ မျိုး သ တို့ သ မီး ဟစ် လေ ပြီ။ ရုပ် ပွား ဆင်း တု များ၊ ခြား နား သော ဘု ရား ရုပ် များ ဖြင့်၊ အ ဘယ့် ကြောင့် အ မျက် တော် တိုက် ခဲ့ ကြ သ နည်း။


အော် ဟစ် မော ပန်း လျက်၊ လည် ချောင်း သွေ့ ခြောက် လျက်၊ အ ကျွန်ုပ် ဘု ရား သ ခင့် ထံ စောင့် မျှော် လျက်၊ မျက် စိ အား ကုန် ပါ ပြီ။


အို ထာ ဝ ရ ဘု ရား၊ အ ကျဉ်း အ ကျပ် ရောက် သော အ ကျွန်ုပ် ကို၊ က ရု ဏာ သက် တော် မူ ပါ။ မျက် စိ သည်၊ ကိုယ် စိတ် များ ပါ၊ ပူ ဆွေး ခြင်း ကြောင့်၊ အား ဆုတ် လျက် ရှိ ပါ ၏။


အား ကုန် သည့် တိုင် အောင် အော် ဟစ် ငို ကြွေး ကြ လေ ၏။


ပျံ လွှား နှင့် ဇ ရက် ကဲ့ သို့ ငါ မြည်၍၊ ချိုး ကဲ့ သို့ ညည်း တွား စွာ ကူ ရ၏။ မော် ကြည့် ရ သ ဖြင့် မျက် စိ အား ကုန် ပါ ပြီ။ အို ထာ ဝ ရ ဘုရား၊ အ ကျွန်ုပ် သည် ညှဉ်း ပန်း ခံ ရ၍ အာ မ ခံ တော် မူ ပါ။


မ ပြတ် မ စဲ ငါ့ သည်း အူ ပူ လျက်၊ ဒု က္ခ နေ့ ရက် များ သင့် ရောက် လေ ပြီ။


ထုံ ကျင် ခြင်း၊ နုန်း ခွေ ခြင်း လည်း ရှိ၍၊ စိတ် နှ လုံး မ ငြိမ် မ သက် သော ကြောင့် အော် ဟစ် ရ ပါ၏။


မည် သည့် ကာ လ မှ နှစ် သိမ့် စေ တော် မူ ပါ မည် နည်း ဟူ၍၊ ဗျာ ဒိတ် တော် ကို မျှော် လျက်၊ အ ကျွန်ုပ် မျက် စိ အား ကုန် ပါ ၏။


ခွေး အ တို့ လှည့် လည် ရာ ဖုန်း ဆိုး ကုန်း ဖြစ် သော ဇိ အုန် တောင် ကို ထောက်၍။ အ ကျွန်ုပ် တို့ သည် စိတ် ပျက် လျက်၊ မျက် စိ မှုံ ကြ လေ ပြီ။


သင့် သား တို့ သည် ထာ ဝ ရ ဘု ရား အ မျက် တော် ဖြင့် လည်း‌ ကောင်း၊ သင့် ဘု ရား သ ခင် အ ဆုံး အ မ တော် ဖြင့် လည်း‌ ကောင်း ပြည့် ဝ လျက်၊ ခမ်း သိမ်း သော လမ်း ဆုံ တွင် ကျော့ ကွင်း မိ သော ဒ ရယ် သ ဖွယ်၊ မူး မော် အိပ် လဲ ကြ လေ စွ။


မြို့ သူ မြို့ သား အ ပေါင်း တို့ သည် ညည်း တွား၍၊ အ စား အ သောက် ကို လိုက် ရှာ လျက်၊ အ သက် မွေး ရန် ရိ က္ခာ အ စား၊ ရ တ နာ များ ကို လဲ လှယ် ကြ သည့် အ တိုင်း၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည်၊ မ ထီ လေး စား ဖွယ် ရာ ရောက် ပါ ပြီ။ ရှု ကြည့် မှတ် ယူ တော် မူ ပါ ဟု၊ တောင်း လျှောက် ကြ လေ ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ