Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 1:18 - Garrad Bible

18 ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် တော် မူ ပါ ၏။ ငါ မူ ကား၊ အ မိန့် တော် ကို ဖီ ဆန် မိ ပါ ပြီ။ အို လူ မျိုး တ ကာ တို့၊ နား ထောင် ၍ ငါ ခံ ရာ ဝေ ဒ နာ ကို ရှု ကြည့် ကြ လော့။ ငါ့ အ ပျို တို့ နှင့် လူ ပျို တို့ သည်၊ သုံ့ ပန်း ခံ ရ ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​မျှ​တ​တော်​မူ​ပါ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​ကို​လွန်​ဆန်​ခဲ့​သော​ကြောင့်​တည်း။ အ​ရပ်​တ​ကာ​ရှိ​လူ​တို့​ငါ​ပြော​ဆို​သည်​ကို နား​ထောင်​ကြ​လော့။ ငါ​၏​ဝေ​ဒ​နာ​ကို​ကြည့်​ရှု​ကြ​လော့။ ငါ​၏​သား​ပျို​သ​မီး​ပျို​တို့​သည်​သုံ့​ပန်း အ​ဖြစ် ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ၏။ ငါ​သည် ပ​ညတ်​တော်​ကို လွန်​ကျူး​မိ​ပြီ။ လူ​မျိုး​ခပ်​သိမ်း​တို့၊ နား​ထောင်၍ ငါ၏​ဒု​က္ခ​ကို ဆင်​ခြင်​ကြ​ပါ​လော့။ ငါ၏​လူ​ပျို​နှင့် အ​ပျို​တို့​ကို သိမ်း​သွား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ငါ​မူကား ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​လေ​ပြီ​။ လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ ငါ​ခံရ​သော​ဒုက္ခဝေဒနာ​ကို ကြည့်ရှု​ကြ​လော့​။ ငါ​၏​အပျို​၊ လူပျို​တို့​သည် သုံ့ပန်း​အဖြစ် လိုက်ပါ​သွား​ရ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 1:18
38 ပူးပေါင်းရင်းမြစ်များ  

ထို မြို့ တွင် စံ နေ တော် မူ သော ထာ ဝ ရ ဘု ရား မှာ မူ၊ တစ် သ မတ် တည်း ဖြောင့် မတ် လျက်၊ နံ နက် တိုင်း အ စဉ် ဆုံး ဖြတ် တော် မူ ချက် များ ကို၊ အ ထင် အ ရှား ထုတ် ဖော် တော် မူ၏။ သို့ ရာ တွင်၊ မ တ ရား သူ တို့ သည်၊ ရှက် ကြောက် ခြင်း ကင်း လျက် နေ ကြ သည် တ ကား။


အို ထာ ဝ ရ ဘု ရား၊ ဆုံး ဖြတ် တော် မူ ချက် များ သည် ဖြောင့် မတ် ကြောင်း ကို လည်း ကောင်း၊ သ စ္စာ တော် အ တိုင်း အ ကျွန်ုပ် ကို ဒု က္ခ ရောက် စေ တော် မူ ကြောင်း ကို လည်း ကောင်း၊ အ ကျွန်ုပ် သိ ပါ၏။


အို သီ သွား သူ အ ပေါင်း တို့၊ အ မျက် တော် ထား ရာ နေ့ ရက်၌၊ ထာ ဝ ရ ဘု ရား စီ ရင်၍ သင့် စေ တော် မူ သည့် အ တိုင်း၊ ငါ ခံ ရ သော ဝေ ဒ နာ နှင့် အ မျှ၊ ခံ ရ သူ ရှိ သည် မ ရှိ သည် ကို စဉ်း စား ကြ ဦး။ သင် တို့ နှင့် မ ဆိုင် သ လော။


အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ရှေ့ အ ကျွန်ုပ် လဲ လျှောက် သည့် ကာ လ၊ ဖြောင့် မတ် တော် မူ သော် လည်း၊ ဆုံး ဖြတ် တော် မူ ချက် များ နှင့် စပ် လျဉ်း၍ ဆွေး နွေး ရ မည် မှာ လူ ဆိုး တို့ သည်၊ အ ဘယ့် ကြောင့် အ ကြံ မြောက် ရ ပါ သ နည်း။ သ စ္စာ ဖျက်၍ ဖောက် ကျော် သူ အ ပေါင်း တို့ သည်၊ အ ဘယ့် ကြောင့် ချမ်း သာ ရ ကြ ပါ သ နည်း။


အ ကျွန်ုပ် ကို လွန် ကျူး မှု၊ ပုန် ကန် မှု များ ကို၊ ဖြေ လွှတ် တော် မ မူ ဘဲ၊ ကိုယ် တော် သည်၊


ကိုယ် တော် သည်၊ အ ကျွန်ုပ် တို့ အ ပေါ် သို့ သင့် ရောက် သ မျှ အ ရာ ရာ၌၊ ဖြောင့် မတ် တော် မူ ပါ၏။ အ ကျွန်ုပ် တို့ ပြစ် မှား သော် လည်း၊ ကိုယ် တော် သ စ္စာ စောင့် တော် မူ၏။


ငါ တို့ သိ ကြ သည့် အ တိုင်း ပ ည တ္တိ ကျမ်း ဆို ရှိ သ မျှ သည် ပ ညတ် တ ရား တော့် အောက် နေ သော သူ တို့ နှင့် စပ် ဆိုင်၏။ သို့ မှ ပ ညတ် တ ရား ကြောင့် အ ပြစ် ကို သိ မြင် သော် လည်း ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် လူ သ တ္တ ဝါ တစ် ဦး မျှ ဘု ရား သ ခင့် ရှေ့ ဖြောင့် မတ် ရာ မ ရောက် နိုင် သည် ဖြစ်၍ တစ် လော က လုံး သည် ဆင် ချေ တက် ရန် မဲ့ လျက် ရှေ့ တော် တွင် စီ ရင် ခံ ထိုက် သ တည်း။


ထို သို့ ပြု လျှင် သင် သည် ဘု ရား သ ခင်၏ တ ရား သ ဖြင့် စီ ရင် တော် မူ ချက် ထင် ရှား ရာ၊ အ မျက် တော် သင့် ရာ နေ့ တော် တိုင် အောင် နောင် တ ရ ခြင်း ကင်း၍ ခဲ ယဉ်း သော စိတ် သ ဘော အ ရ အ မျက် တော် ဒဏ် ကို သို ထား ဆည်း ပူး လျက် နေ ရက် လေ စွ တ ကား။


အ ရှင် ဘု ရား၌ ဖြောင့် မတ် ခြင်း တည် လျက် ရှိ ပါ၏။ အ ရှင် ဘု ရား၏ သ စ္စာ တော် ကို မ စောင့်၊ ပျက် ယွင်း ကြ သည့် အ တွက် အ နီး အ ဝေး ရှိ သော အ ပြည် ပြည် သို့ နှင် ထုတ် တော် မူ ခြင်း ကို ခံ ရ သော ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား များ နှင့် ဣ သ ရေ လ လူ မျိုး အ ပေါင်း တည်း ဟူ သော အ ကျွန်ုပ် တို့၌ မူ ကား ယ နေ့ ခံ ရ သည့် အ တိုင်း မျက် နှာ ပျက် ခြင်း တည် လျက် ရှိ ရ ပါ၏။


အ သို့ ဆို သော်၊ ဗော ဇ ရ မြို့ သည် ကဲ့ ရဲ့ ရာ၊ ဆိတ် ညံ ရာ၊ ကျိန် ဆဲ ရာ၊ အံ့ ဖွယ် သ ရဲ ဖြစ် လျက်၊ ဆိုင် သ မျှ မြို့ ရွာ များ ပါ အ စဉ် မြို့ ဆိုး ကုန်း ဖြစ် မည် ဟု၊ ကိုယ် တိုင် တော် ကို တိုင် တည် ၍၊ ငါ ထာ ဝ ရ ဘု ရား သ စ္စာ မူ ခဲ့ သည် နှင့် အ ညီ၊ ဖ လား တော် ကို တိုက် ဒဏ် မ ခံ သော သူ တို့ သည်၊ မု ချ သောက် ကြ ရ မည် ဖြစ် လျက်၊ သင် ဒဏ် လွတ် မည် လော။ ဒဏ် မ လွတ် ဘဲ မု ချ သောက် ရ မည် ဟု၊ ထာ ဝ ရ ဘုရား မိန့် တော် မူ ၏။


ထာ ဝ ရ ဘု ရား သည် နည်း လမ်း တော် ရှိ သ မျှ တွင် ဖြောင့် မတ်၍၊ အ မှု တော် များ တွင် သန့် ရှင်း တော် မူ ပါ၏။


သို့ ရာ တွင် ကိုယ် တော် ကို ပုန် ကန် ခြင်း၊ တ ရား တော် ကို ဖီ ဆန် ကျော ခိုင်း ခြင်း၊ အ ထံ တော် သို့ ပြန် လှည့် ရန် နှိုး ဆော် သော ပ ရော ဖက် တော် တို့ ကို ကွပ် မျက် ခြင်း များ နှင့် ပြစ် မှား တော် လှန် ကြ သည့် အ တွက်၊


အ ကျွန်ုပ် တို့ ဆိုး သွမ်း မှု များ နှင့် ကြီး လေး သော အ ပြစ် များ ကြောင့်၊ ခံ ရ သော ဒု က္ခ ကို လည်း ကောင်း၊ ခံ ထိုက် သ မျှ သော အ ပြစ် ဒဏ် ကို အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ဆပ် ပေး တော် မ မူ ဘဲ၊ ဤ မျှ လောက် ကြွင်း ကျန် စေ သော ကျေး ဇူး တော် ကို လည်း ကောင်း၊ မ ထောက် မျှော် သော အ ကျွန်ုပ် တို့ သည်၊


သင် သည် အာ ဟာ ရ နှင့် ရေ ကို မ စား မ သောက် ရ ဟူ သော သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် အ တိုင်း မ စောင့် ရှောက် ဘဲ ကန့် ကွက် တော် မူ ရာ အ ရပ်၌ အာ ဟာ ရ နှင့် ရေ ကို ပြန် လာ စား သောက် လျက် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို ဖီ ဆန် သည့် အ တွက် သင့် အ လောင်း သည် ဘိုး ဘေး တို့ သင်္ချိုင်း သို့ မ ရောက် ရ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ယု ဒ ပြည် မှ လာ သူ ဘု ရား သ ခင့် လူ ယုံ တော် အား ကြွေး ကြော် လေ ၏။


လွန် ဆန် မှု သည် နတ် ဟော ခြင်း ပြစ် မှု နှင့် လည်း ကောင်း၊ မ ခန့် ညား မှု သည် ရုပ် တု ကိုး ကွယ် ခြင်း ပြစ် မှု နှင့် လည်း ကောင်း၊ တူ မျှ ၏။ ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို သင် ပယ် သော ကြောင့် ထာ ဝ ရ ဘု ရား လည်း သင့် ကို ဘု ရင့် အ ဖြစ် မှ ပယ် တော် မူ ပြီ ဟု ဆို ရာ အ ကျွန်ုပ် ပြစ် မှား မိ ပါ ပြီ။


အ ဒေါ နိ ဗေ ဇက် မင်း က၊ ဘု ရင် မင်း ခု နစ် ကျိပ် တို့ သည် လက် မ၊ ခြေ မ ပြတ် သည် နှင့် အ ထက် က ငါ့ စား ပွဲ အောက် တွင် ကောက် စား ကြ ဖူး ပြီ။ ငါ စီ ရင် ခဲ့ သည့် အ လျောက် ငါ ၌ လည်း ဘု ရား သ ခင် စီ ရင် တော် မူ ပြီ ဟု ဝန် ခံ ပြီး နောက်၊ ယေ ရု ရှ လင် မြို့ သို့ ပို့ ထား ကြ ရာ ကွယ် လွန် လေ ၏။


အ ပြု အ မူ တော် စုံ လင် လျက်၊ နည်း လမ်း တော် များ တ ရား ယှဉ် လျက်၊ ထို ကျောက် တောင် သည် တ သ မတ် တည်း သ စ္စာ စောင့် ၍ ဖြောင့် မတ် မှန် ကန် သော ဘု ရား ဖြစ် တော် မူ ၏။


ထို အ ခါ ဖာ ရော မင်း သည် မော ရှေ နှင့် အာ ရုန် တို့ ကို ခေါ် စေ ပြီး လျှင်၊ ယ ခု တစ် ကြိမ် ငါ ပြစ် မှား ပြီ။ ထာ ရ ဘု ရား ဖြောင့် ၍ ငါ နှင့် ငါ့ လူ တို့ ကောက် ကြ ၏။


အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ဖြောင့် မတ် တော် မူ၍၊ ဆုံး ဖြတ် တော် မူ ချက် များ လည်း၊ ဖြောင့် မှန် ပါ၏။


ထို သူ တို့ သည်၊ လင့် စောင့် များ သ ဖွယ်၊ ငါ့ အား ပုန် ကန် သော ယေ ရု ရှ လင် မြို့ ကို ဝိုင်း ဝန်း သည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။


ဝင် ရောက် ပိုင် ယူ သော် လည်း၊ ဗျာ ဒိတ် တော် သံ ကို မ နာ မ ခံ၊ ပ ညတ် တ ရား တော် အ တိုင်း မ လိုက် မ လျှောက်၊ မိန့် မှာ တော် မူ ရာ မည် သည် ကို မျှ မ ပြု မ ကျင့် ကြ သော ကြောင့်၊ ထို သူ တို့ အ ပေါ် သို့ ဤ ဘေး အ လုံး စုံ ကို သင့် စေ တော် မူ သည့် အ တိုင်း၊


အ ကျွန်ုပ် တို့ သည် ပြစ် မှား၍ ဒု စ ရိုက် ကို ပြု မိ ကြ ပါ ပြီ။ ဆိုး သွမ်း မှု ကို ပြု လျက် ပုန် ကန် မိ ကြ ပါ ပြီ။


အို ဒန် မြို့၊ သင်၌ ရှိ သော ဘု ရား အ သက် ရှင် သည် ဟူ ၍ လည်း ကောင်း၊ ဗေ ရ ရှေ ဘ မြို့ လမ်း တည် ရှိ သည် ဟူ၍ လည်း ကောင်း၊ ဆို လျက်၊ ရှ မာ ရိ နိုင် ငံ ပြစ် မှား ရာ ပြစ် မှား ကြောင်း ကို တိုင် တည်၍၊ သ စ္စာ ဆို သူ အ ဆင်း လှ သော အ ပျို က ညာ နှင့် လူ ပျို တို့ သည်၊ ထို ကာ လ အ မြိုက် ရေ ငတ်၍ မူး မော် လျက်၊ နောင် မ ထ ရ ဘဲ လဲ ကျ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။


ကျွန် တော် ရင်း ဖြစ် သော ထို ပ ရော ဖက် တို့ အား ငါ မိန့် မှာ ခဲ့ သော ဗျာ ဒိတ် ချက်၊ ထုံး ဖွဲ့ ချက် များ မှာ မူ၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ တို့ အ လေ့ အ လာ အ ပြု အ မူ အ လိုက် စီ ရင် ရန် ပြ ဋ္ဌာန်း ချက် အ ရ၊ စီ ရင် တော် မူ ခဲ့ ပြီ တ ကား ဟု ဝန် ခံ၍ ပြောင်း လဲ ရ သည့် တိုင် အောင်၊ ထို ဘိုး ဘေး တို့ ကို ထက် ကြပ် လိုက် ခဲ့ သည် မ ဟုတ် လော ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ၍ တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ