Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 4:8 - Garrad Bible

8 အ ပေါင်း အ ဖော်၊ သား သ မီး၊ ညီ အစ် ကို မဲ့ တစ် ယောက် တည်း ဖြစ် လျက်၊ လုပ် ကိုင် မှု ရှိ သ မျှ၌ မ ရပ် မ နား၊ ကိုယ့် စည်း စိမ် ကို မြင်၍ လည်း တင်း မ တိမ် သ ဖြင့်၊ ချမ်း သာ မ ခံ စား ဘဲ၊ မည် သူ့ အ ဖို့ ငါ လုပ် ကိုင် ရ သ နည်း ဟု၊ အောက် မေ့ သင့် ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ ခဲ ယဉ်း သော တာ ဝန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကို မရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ် ၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 လူ​သည် အ​ဖော်​အ​ဖက်၊ သား​သ​မီး၊ ညီ​အစ်​ကို​မ​ရှိ၊ တစ်​ယောက်​တည်း​ဖြစ်​သော်​လည်း၊ ကြိုး​စား​အား​ထုတ်၍ မ​ကုန်​နိုင်။ မိ​မိ​စည်း​စိမ်​ကို​မြင်၍ မ​ရောင့်​ရဲ​နိုင်။ ငါ​သည်​ကိုယ်​ကို​ညှဉ်း​ဆဲ၍၊ အ​ဘယ်​သူ​အ​ဖို့ ကြိုး​စား​အား​ထုတ်​သ​နည်း​ဟု မ​မေး​တတ်။ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ပင်​ပန်း​စေ​သော​အ​မှု​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 တစ်ကိုယ်တည်း​ဖြစ်​လျက် အပေါင်းအဖော်​မ​ရှိ​၊ သား​လည်း​မ​ရှိ​၊ ညီအစ်ကို​လည်း​မ​ရှိ​သော​သူ​တစ်ဦး​ရှိ​၏​။ သို့သော် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​၌ အဆုံး​မ​ရှိ​။ သူ​၏​မျက်စိ​သည်​လည်း ဓနဥစ္စာ​၌​ကျေနပ်တင်းတိမ်​သည်​ဟူ၍​မ​ရှိ​။ “​ငါ​သည် မည်သူ့​အတွက် ကြိုးပမ်းအားထုတ်​လျက် ငါ​၌​ကောင်းကျိုးချမ်းသာ​ချို့တဲ့​စေ​ရ​သနည်း​”​ဟူ၍​လည်း​မ​မေး​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 4:8
21 ပူးပေါင်းရင်းမြစ်များ  

ထာ ဝ ရ ဘု ရား သ ခင် က လည်း လူ သည် တစ်​ယောက် တည်း မ နေ စ ကောင်း။ သူ့ အ ဖို့ တော် သော အ ထောက် အ မ ကို ငါ ဖန် ဆင်း ဦး မည် ဟု မိန့် တော် မူ ၏။


အ သွင် ဆောင်၍ သာ သွား လာ လျက်၊ အ ခိုး အ ငွေ့ ကို သာ ကြံ ဖန် လျက်၊ ထိန်း သိမ်း မည့် သူ့ ကို မ သိ ဘဲ၊ ဥစ္စာ ကို ဆည်း ပူး တတ် ၏။


သို့ ဖြစ်၍ အို အ ရှင် ဘု ရား၊ အ ကျွန်ုပ် သည် မည် သည့် အ ရာ ကို စောင့် စား နေ ရ ပါ သ နည်း။ ကိုယ် တော်၌ သာ လျှင် မျှော် လင့် ခြင်း ရှိ ပါ၏။


မ ရ ဏာ့ နိုင် ငံ နှင့် င ရဲ သည် မ ရောင့် ရဲ နိုင် သ ကဲ့ သို့၊ လူ့ မျက် စိ လည်း မ ရောင့် ရဲ နိုင်။


မိုး ကောင်း ကင့် အောက် တွင် ပြု ကြ သ မျှ ကို၊ ဉာဏ် ပ ညာ အား ဖြင့် စိ စစ် ရှာ ဖွေ၍ နှ လုံး သွင်း ရာ၊ လူ့ သား တို့ ပြု ကျင့် ရန်၊ ဘု ရား သ ခင် ထား တော် မူ သော အ မှု သည်၊ ခဲ ယဉ်း သော တာ ဝန် ဖြစ် ကြောင်း ကို သိ ရ၏။


အ ခြင်း အ ရာ ခပ် သိမ်း သည် ပင် ပန်း လှ၍၊ လူ မ မြွက် မ ဆို နိုင်။ မျက် စိ သည် ကြည့်၍ မ ရောင့် ရဲ၊ နား လည်း ကြား၍ မညီး ချေ။


မု ချ ဆို သော်၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ နှင့် လိ မ္မာ စွာ လုပ် ကိုင် သူ ရှိ သော် လည်း၊ မ လုပ် မ ကိုင် သူ တို့ အ မွေ ဆက် ခံ ရန် ထား ခဲ့ ရ မည်။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ ဆိုး ယုတ် သော အ မှု ဖြစ် ၏။


သူ့ နေ့ ရက် တာ အ တွင်း၊ အ မှု အ ရေး သည် နစ် နာ ခြင်း၊ ပူ ဆွေး ခြင်း နှင့် ပြည့် စုံ သည့် ပြင်၊ ညဉ့် အ ခါ လည်း၊ စိတ် သက် သာ ခွင့် မ ရှိ။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ် ၏။


တစ် ဖန် တုံ၊ နေ အောက် တွင် အ န တ္တ ကို ငါ မြင် ရ သည် မှာ၊


ငွေ ကို ခုံ မင် သော သူ သည်၊ ငွေ နှင့် လည်း ကောင်း၊ ကြွယ် ဝ ခြင်း ကို ခုံ မင် သော သူ လည်း၊ စည်း စိမ် ဥ စ္စာ နှင့် လည်း‌ ကောင်း၊ တင်း မ တိမ်၊ ဤ အ ချင်း အ ရာ ကား၊ အ န တ္တ ဖြစ်၏။


လယ် မြေ ကို ပြု စု သော ဘု ရင် မင်း သည်၊ တိုင်း ကျိုး ပြည် ကျိုး ကို အ ရာ ရာ၌ ဖြစ် ထွန်း စေ တတ် ၏။


နေ ပြည် တွင် တစ် ဦး တည်း နေ လို၍ နေ ရာ လပ် မ ရှိ သည့် တိုင် အောင်၊ တစ် အိမ် နောက် တစ် အိမ်၊ လယ် တစ် ကွက် နောက် တစ် ကွက်၊ ချဲ့ ယူ သော သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။


အ စာ မ ဟုတ် သော အ ရာ အ ဖို့ ငွေ ကိုလည်း‌ ကောင်း၊ အ ဆာ မ ပြေ သော အ ရာ အ ဖို့ သင် တို့ ချွေး နဲ စာ ကိုလည်း‌ ကောင်း၊ အ ဘယ့် ကြောင့် ချိန် စက် ကြ သ နည်း။ ငါ စ ကား ကို နာ ခံ နား ထောင် လျက် အ ကောင်း ကို စား ရ သ ဖြင့်၊ မြိန် ရှက် ဖွယ် ရာ နှင့် အာ ရုံ ပြေ ကြ လော့။


ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။


ဘု ရား သ ခင် က အ ချင်း လူ မိုက်၊ ယ ခု ညဉ့် ပင် သင့် ဝိ ညာဉ် ကို သင့် မှ နုတ် ယူ ကြ မည် ဖြစ်၍ သင် ပြင် ဆင် ခဲ့ ရာ ရာ သည် မည် သူ ပိုင် ဖြစ် မည် နည်း ဟု မေး တော် မူ၏။


အ သို့ ဆို သော် ဤ လော က၌ ဖြစ် တတ် သ မျှ တည်း ဟူ သော ရုပ် ခ န္ဓာ့တပ် မက် ခြင်း၊ မျက် စိ တပ် မက် ခြင်း၊ စည်း စိမ် ဝင့် ဝါ ခြင်း များ သည် အ ဘ ခ မည်း တော် နှင့် မ စပ် ဆိုင်။ လော က နှင့် သာ စပ် ဆိုင်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ