ဒေသနာကျမ်း။ 2:18 - Garrad Bible18 ၎င်း ပြင်၊ နေ အောက် တွင် ကြိုး ပန်း စွာ လုပ် ကိုင် သ မျှ ကို၊ နောက် ဖြစ် လာ သူ့ အ ဖို့ ငါ ထား ခဲ့ ရ မည် ဖြစ် သော ကြောင့်၊ ထို အ မှု အ ရာ ကိုစက် ဆုပ် လေ ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ထိုမှတပါး၊ ငါသည်နေအောက်မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည်။ အခန်းကိုကြည့်ပါ။Judson Bible18 ထိုမှတစ်ပါး၊ ငါသည် နေအောက်မှာ ကြိုးစားအားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသောအကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှ ဖြစ်လတ္တံ့သောသူအဖို့ ငါချန်ထားရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 နေအောက်တွင် ငါကြိုးပမ်းအားထုတ်သော ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးကိုလည်း ငါမုန်း၏။ အကြောင်းမူကား ငါ့နောက်လာမည့်သူအား ၎င်းတို့ကိုချန်ထားခဲ့ရမည်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
စိတ် တော် နှင့် တွေ့ သော သူ အား၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ မှ စ၍ ရွှင် လန်း ခွင့် ကို၊ ဘု ရား သ ခင် ပေး သ နား တော် မူ၍၊ မှား ယွင်း တတ် သူ့ အား မူ ကား၊ စိတ် တော် နှင့် တွေ့ သူ ၏ လက် သို့ လွှဲ အပ် စေ ရန် သာ၊ ဆည်း ပူး ခြင်း စု ဆောင်း ခြင်း တာ ဝန် ကို တင် တော် မူ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။