ဒေသနာကျမ်း။ 1:16 - Garrad Bible16 ကိုယ့် စိတ် နှ လုံး နှင့် ဆွေး နွေး ရာ၊ ငါ က၊ ယေ ရု ရှ လင် မြို့ ပေါ် တွင် အုပ် စိုး သ မျှ သော အ တိတ် မင်း တို့ ထက်၊ ပ ညာ ကို လေ့ လာ တိုး ပွား၍၊ ဉာဏ် ပ ညာ နှင့် အ သိ ပ ညာ ကို ကျွမ်း ကျင် သိ မြင် ခဲ့ ပြီ ဟု မြွက် ဆို သည့် ပြင်၊ အခန်းကိုကြည့်ပါ။Common Language Bible16 ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည်ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့်၍ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။ အခန်းကိုကြည့်ပါ။Judson Bible16 ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည် ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဖူးသောသူအပေါင်းတို့ထက် ကြီးမြင့်၍ ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 “ကြည့်ရှုလော့။ ငါသည် ငါ့ထက်အလျင် ဂျေရုဆလင်မြို့၌ရှိခဲ့သောသူအားလုံးတို့ထက်ကြီးမြတ်၍ ဉာဏ်ပညာအရာ၌လည်းတိုးပွား၏။ ငါ၏စိတ်နှလုံးသည်လည်း များစွာသောဉာဏ်ပညာနှင့် အသိပညာတို့ကိုမြင်တွေ့ပြီ”ဟု ငါ့စိတ်နှလုံးထဲ၌ ငါမြွက်ဆို၏။ အခန်းကိုကြည့်ပါ။ |
လေ ဗ မုန် တော မှ ပင် လယ် သို့၊ ကျွန်ုပ် အ မှု ထမ်း တို့ ထုတ် စေ ပြီး လျှင် အ ကြည် တော် စီ မံ သော ဆိပ် ကမ်း ရောက် ပင် လယ် လမ်း ဖြင့် ဖောင် ဖွဲ့ မျှော ၍ လုံး ကောက် အပ် နှင်း ပါ စေ မည်။ အ ကြည် တော် လည်း နန်း တော် သား တို့ အ ဖို့ စား နပ် ရိ က္ခာ ထောက် ရန် ကျွန်ုပ် အ လို ရှိ ပါ သည် ဟု ရာ ဇ သံ ပြန် လွှတ် သည့် အ တိုင်း