ထွက်မြောက် 7:16 - Garrad Bible16 ဟေ ဗြဲ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ငါ့ လူ မျိုး ကို တော၌ ငါ့ အား ဝတ် ပြု ရန် လွှတ် လော့ ဟူ သော အ မိန့် တော် နှင့် ကျွန် တော် ကို ကိုယ် တော့် ထံ စေ လွှတ် တော် မူ သော် လည်း ယ ခု တိုင် ကိုယ် တော် နား မ ထောင် ဘဲ နေ ပါ သည် တ ကား။ အခန်းကိုကြည့်ပါ။Common Language Bible16 ဘုရင်အား`ဟေဗြဲအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက မိမိ၏လူမျိုးတော် သည်တောကန္တာရတွင်မိမိအားဝတ်ပြုနိုင်ရန် သွားခွင့်ပေးရန် ကျွန်ုပ်ကိုပြောခိုင်းသည်။ သို့ရာ တွင်ကိုယ်တော်သည်ယခုတိုင်အောင်အမိန့် တော်ကိုမလိုက်နာပါ။- အခန်းကိုကြည့်ပါ။Judson Bible16 ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည်တကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သင်သည် ဖာရောမင်းကြီးအား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ငါ၏လူမျိုးတော်သည် တောကန္တာရ၌ ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့’ဟု ဆင့်ဆိုရန် အကျွန်ုပ်ကို အရှင့်ထံသို့စေလွှတ်တော်မူ၏။ သို့သော် အရှင်မင်းကြီးသည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည်တကား။ အခန်းကိုကြည့်ပါ။ |
ခွင့် လွှတ် ခြင်း အ မှု၌ ဖာ ရော မင်း ခဲ ယဉ်း သည် နှင့် အိ ဂျစ် ပြည် တွင် လူ နှင့် တိ ရ စ္ဆာန် တို့ သား ဦး အ ပေါင်း ကို ကွပ် မျက် တော် မူ သော ကြောင့် အ ဦး ဖွား သော အ ထီး ဟူ သ မျှ ကို ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရ မည်။ အ ဦး ဖွား သော သား အ ပေါင်း ကို ကား ရွေး နုတ် လေ့ ရှိ သည် ဟု သင် တို့ ပြန် ဆို ကြ ရ မည်။
သင့် စ ကား ကို ထို သူ တို့ နား ထောင် ကြ သည် နှင့် အ ညီ သင် သည် ဣ သ ရေ လ လူ ကြီး တို့ နှင့် တ ကွ အိ ဂျစ် ဘု ရင့် ထံ ဝင် ပြီး လျှင် ဟေ ဗြဲ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကျွန် တော် တို့ နှင့် တွေ့ ကြုံ တော် မူ ပြီ ဖြစ် ၍၊ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရန် တော သို့ သုံး ရက် ခ ရီး သွား ခွင့် ပြု တော် မူ ပါ ဟု လျှောက် တောင်း ရ မည်။