Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက် 5:3 - Garrad Bible

3 ဟေ ဗြဲ လူ မျိုး၏ ဘု ရား သ ခင် သည် ကျွန် တော် တို့ နှင့် တွေ့ ကြုံ တော် မူ ပြီ။ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန် တော သို့ သုံး ရက် ခ ရီး သွား ခွင့် ပြု တော် မူ ပါ။ မ ပြု က၊ ကပ် ရော ဂါ ဘေး သော် လည်း ကောင်း၊ ဓား ဘေး သော် လည်း ကောင်း၊ ကျွန် တော် တို့ အား သင့် စေ တော် မူ ပါ လိမ့် မည် ဟု လျှောက် ကြ ပြန် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သူ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား ကို အ​ကျွန်ုပ်​တို့​ဖူး​တွေ့​ခဲ့​ရ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​နိုင်​ရန် တော​ကန္တာ​ရ​သို့​သုံး​ရက်​ခ​ရီး သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ထို​ဝတ်​ကို​မ​ပြု​ရ​လျှင်​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​အား​ရော​ဂါ​ဘေး​သို့​မ​ဟုတ် ဋ္ဌား​ဘေး​သင့်​စေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သူ​တို့​က​လည်း၊ ဟေ​ဗြဲ​လူ​တို့၏​ဘု​ရား​သ​ခင်​သည် ကျွန်​တော်​တို့​နှင့် တွေ့​တော်​မူ​ပြီ။ တော​သို့​သုံး​ရက်​ခ​ရီး​သွား၍၊ ကျွန်​တော်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သို့​မ​ဟုတ် ကာ​လ​နာ​ဘေး၊ ဓား​ဘေး​တစ်​စုံ​တစ်​ခု​ဖြင့် ကျွန်​တော်​တို့​ကို ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထိုအခါ သူ​တို့​က “​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​သည် အကျွန်ုပ်​တို့​နှင့်​တွေ့​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​ရန် အကျွန်ုပ်​တို့​ကို သုံး​ရက်​ခရီး​အကွာအဝေး​ရှိ​သော​တောကန္တာရ​သို့ သွား​ခွင့်​ပြု​ပါ​။ သို့မဟုတ်လျှင် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ကပ်ရောဂါ​ဘေး​၊ သို့မဟုတ် ဓားဘေး​ဖြင့် ဒဏ်ခတ်​တော်မူ​လိမ့်မည်​”​ဟု ပြန်လျှောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 5:3
12 ပူးပေါင်းရင်းမြစ်များ  

သင့် စ ကား ကို ထို သူ တို့ နား ထောင် ကြ သည် နှင့် အ ညီ သင် သည် ဣ သ ရေ လ လူ ကြီး တို့ နှင့် တ ကွ အိ ဂျစ် ဘု ရင့် ထံ ဝင် ပြီး လျှင် ဟေ ဗြဲ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကျွန် တော် တို့ နှင့် တွေ့ ကြုံ တော် မူ ပြီ ဖြစ် ၍၊ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရန် တော သို့ သုံး ရက် ခ ရီး သွား ခွင့် ပြု တော် မူ ပါ ဟု လျှောက် တောင်း ရ မည်။


အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ဣ သ ရေ လ အ မျိုး သား တို့ သည် သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ဖြင့် ကျ ဆုံး မည် ဖြစ် သော ကြောင့်၊ လက် ပမ်း ပေါက် ခတ် ခြင်း၊ ခြေ ဆောင့် ခြင်း ပြု လျက်၊ ချင်း တို့ ဆိုး သွမ်း ရွံ့ ရှာ ဖွယ် ရုပ် ပွား များ ကို ထောက်၍၊ ဟာ ဟာ ဟု ရယ် လော့။


မိုး ကောင်း ကင့် ရှင် ဘု ရား သ ခင် မိန့် မှာ တော် မူ သည့် အ ရ၊ ထို ဘု ရား သ ခင့် ဗိ မာန် တော် အ ဖို့၊ တ သ ဝေ မ တိမ်း လိုက် နာ ကြ လော့။ ငါ ဘု ရင် မင်း နှင့် တ ကွ၊ သား တော် အ စဉ် မြေး တော် အ ဆက်၊ နိုင် ငံ ပေါ် တွင် အ ဘယ့် ကြောင့် အ မျက် တော် ရောက် အံ့ နည်း။


စိတ် မ ခဲ ယဉ်း ကြ ဘဲ၊ သင် တို့ မှ အ မျက် တော် ဒဏ် လွှဲ စိမ့် သော ငှာ၊ သင် တို့ ဘုရား သ ခင် ထာ ဝ ရ ဘု ရား ထံ ကိုယ် ကို အပ် နှံ လျက်၊ ကာ လ အ စဉ် သီး သန့် ထား တော် မူ သော ဗိ မာန် တော် သို့ ဝင်၍ ဝတ် ပြု ကြ လော့။


အ တည် ကျ စ က ပင် ထာ ဝ ရ ဘု ရား အား မ ခန့် ညား သော ကြောင့် လူ အ ချို့ ကို ကိုက် သတ် စေ ရန်၊ ခြင်္သေ့ များ ကို လွှတ် တော် မူ သည့် အ တွက်


ဝင် ရောက် ပိုင် ယူ သော ပြည် နယ် မှ ကုန် ခန်း သည့် တိုင် အောင်၊ ရော ဂ န္တ ရ ကပ် စွဲ မြဲ စေ တော် မူ လ တ္တံ့။


ဟေ ဗြဲ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ငါ့ လူ မျိုး ကို တော၌ ငါ့ အား ဝတ် ပြု ရန် လွှတ် လော့ ဟူ သော အ မိန့် တော် နှင့် ကျွန် တော် ကို ကိုယ် တော့် ထံ စေ လွှတ် တော် မူ သော် လည်း ယ ခု တိုင် ကိုယ် တော် နား မ ထောင် ဘဲ နေ ပါ သည် တ ကား။


ထို နောက် မော ရှေ အား ထာ ဝ ရ ဘု ရား က ဖာ ရော မင်း ထံ ဝင်၍ ငါ့ လူ မျိုး ကို ငါ့ အား ဝတ် ပြု ရန် လွှတ် စေ။


တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ သင် သည် နံ နက် အ ချိန် ထ၍ ရေ ဆိပ် သို့ ထွက် သွား သော ဖာ ရော မင်း ရှေ့ တွင် ရပ် တန့် လျက် ထာ ဝ ရ ဘု ရား က၊ ငါ့ လူ မျိုး ကို ငါ့ အား ဝတ် ပြု ရန် လွှတ် စေ။


သို့ ဖြစ်၍ တော ထဲ သို့ သုံး ရက် ခ ရီး သွား ပြီး မှ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ အံ့ သည့် အ တိုင်း ပူ ဇော် ကြ ပါ မည် ဟု လျှောက် ဆို ရာ၊


ပ ဋိ ညာဉ် တော် ဆိုင် ရာ လက် စား ချေ သော ထား ဘေး ကို သင့် စေ သည့် အ လျောက် မြို့ များ အ တွင်း တွင် ခို ဝင် စု ရုံး ကြ သော် ရော ဂ န္တ ရ ကပ် ငါ သင့် စေ သ ဖြင့် ရန် သူ တို့ လက် တွင်း သို့ သင် တို့ ရောက် ကြ လိမ့် မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ