Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက် 4:18 - Garrad Bible

18 ထို အ ခါ မော ရှေ သည် ယော က္ခ မ ယေ သ ရော့ ထံ ပြန် သွား ၍ အိ ဂျစ် ပြည် ရှိ ကျွန် တော့် အ မျိုး သား ချင်း တို့ အ သက် ရှင် သည် မ ရှင် သည် ကို သိ မြင် ခြင်း ငှါ ၎င်း တို့ ရှိ ရာ သို့ ပြန် သွား ခွင့် ပေး ပါ ဟု ဆို သော် ယေ သ ရော က၊ အ ကြည် အ သာ သွား တော့ ဟု ပြန် ဆို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 မော​ရှေ​သည်​သူ​၏​ယောက္ခ​မ​ယေ​သ​ရော​ထံ​သို့ ပြန်​လာ​၍``အီ​ဂျစ်​ပြည်​၌​ရှိ​သော​ကျွန်​တော် ၏​ဆွေ​မျိုး​များ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော​ဟု​စုံ​စမ်း​ရန် ထို​ပြည်​သို့​ပြန်​ခွင့်​ပေး ပါ'' ဟု​အ​ခွင့်​တောင်း​လေ​၏။ ယေ​သ​ရော​က မော​ရှေ​အား​ကြည်​ဖြူ​စွာ​သွား​ခွင့်​ပြု​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 မော​ရှေ​သည်​လည်း ယော​က္ခ​မ​ယေ​သ​ရော​ထံ​သို့​ပြန်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ကျွန်ုပ်​အ​မျိုး​သား​ချင်း​တို့​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ကြည့်​ရှု​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​သို့ ကျွန်ုပ်​သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​သော်၊ ယေ​သ​ရော​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ပြန်​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထို့နောက် မောရှေ​သည် မိမိ​ယောက္ခမ​ယေသရော​ထံသို့​ပြန်လာ​ပြီး “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​၌​ရှိ​သော အကျွန်ုပ်​၏​အမျိုးသားချင်း​တို့ အသက်ရှင်​သေး​သလော​ဟု ကြည့်ရှု​ရန် သူ​တို့​ထံ ပြန်​သွား​ခွင့်​ပြု​ပါ​”​ဟု ဆို​၏​။ ယေသရော​က​လည်း မောရှေ​အား “​ငြိမ်းချမ်း​စွာ​သွား​လော့​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 4:18
11 ပူးပေါင်းရင်းမြစ်များ  

ညီ အစ် ကို တို့ အား ကျွန်ုပ် သည် ယော သပ် ဖြစ်၏။ ကျွန်ုပ် အ ဘ ရှိ သေး သ လော ဟု မေး လျှင် အစ် ကို တို့ သည် သူ့ ရှေ့ မှာ စိုး ရိမ် တုန် လှုပ် လျက် စ ကား တုံ့ ပြန်၍ မ ပြော နိုင် ကြ။


ယော် ဒန် မြစ် သို့ သွား လျက် ခု နစ် ကြိမ် မြောက် ရေ ချိုး လော့။ အ သား ပြောင်း၍ စင် ကြယ် လိမ့် မည် ဟု လူ လွှတ် သ ဖြင့် ဧ လိ ရှဲ ဆင့် ဆို သည့် အ တွက်


ဧ လိ ရှဲ က၊ အ ကြည် အ သာ သွား လေ လော့ ဟု ဆို သည် နှင့် အ တန် ကွာ သွား ရောက် လေ ၏။


မော ရှေ လည်း ထို သူ့ ထံ နေ လို သည် နှင့် အ ညီ မော ရှေ ကို သ မီး ဇိ ပေါ ရ နှင့် ထိမ်း မြား ၍၊


မော ရှေ သည်၊ ယော က္ခ မ ဖြစ် သူ မိ ဒျန် ပ ရော ဟိတ် ယေ သ ရော၏ သိုး ဆိတ် များ ကို ထိန်း ကျောင်း ရာ တွင် သဲ တော အ နောက် ဘက် သို့ ဆောင် သွား ၍ ဟော ရပ် ခေါ် ဘု ရား သ ခင် တောင် တော် သို့ ရောက် သော်၊


စိတ် ဧ လျက် သွား တော့၊ သင့် ယုံ ကြည် ခြင်း သည် သင့် ကို ကယ် ပြီ ဟု မိန်း မ အား မိန့် ပြန် တော် မူ၏။


နေ့ ရက် အ တန် ကြာ ပြီး နောက် ဗာ န ဗ အား ပေါ လု က အ ရှင် ဘု ရား၏ တ ရား တော် ကို ငါ တို့ ကြော် ငြာ ခဲ့ သော မြို့ ရွာ တိုင်း ရှိ ညီ အစ် ကို တို့ အ ဖြစ် အ နေ ကို အ ကြည့် အ ရှု ပြန် သွား ကြ ကုန် အံ့ ဟု ဆို သော်၊


ထောင်း မှူး က ဆ ရာ တို့ ကို လွှတ် ရန် မြို့ ဝန် တို့ ဆင့် ဆို စေ ပြီ။ စိတ် ဧ စွာ ထွက် ကြွ ကြ ပါ ဟု ဆို လျက် သူ တို့ စ ကား ကို ပြန် ကြား ရာ၊


ထမ်း ပိုး အောက် တွင် ရှိ နေ သ မျှ သော ကျွန် တို့ သည် ဘု ရား သ ခင့် နာ မ တော် နှင့် ဒေ သ နာ တော် အား ပုတ် ခတ် ခွင့် မ ရ စေ ခြင်း ငှါ ကိုယ့် သ ခင် များ ကို စုံ လင် စွာ ရို သေ သ မှု ပြု ထိုက် သည် ဟု မှတ် ယူ ကြ စေ။


ပ ရော ဟိတ် က၊ အ ကြည် အ သာ သွား ကြ လော့။ သင် တို့ ခ ရီး မှု သည် ထာ ဝ ရ ဘု ရား မျက် မှောက် တွင် တည် သည် ဟု ပြန် ဆို လေ ၏။


ဧ လိ က၊ အ ကြည် အ သာ သွား လေ လော့။ ယ ခု ဆု တောင်း သည့် အ တိုင်း ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် သည် သ နား တော် မူ ပါ စေ သော ဟု ဆို ရာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ