ထွက်မြောက် 16:9 - Garrad Bible9 အာ ရုန် အား လည်း မော ရှေ က၊ ညည်း ညူ သံ ကို ထာ ဝ ရ ဘု ရား ကြား တော် မူ သ ဖြင့် အ ထံ တော် သို့ ချဉ်း ကပ် ကြ ရ မည် ဟူ ၍ ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် အား ကြား ပြော လော့ ဟု မှာ ထား သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Common Language Bible9 မောရှေကအာရုန်အား``ဣသရေလအမျိုး သားတို့ကို ထာဝရဘုရား၏ရှေ့တော်သို့ လာရောက်ကြရန်ဆင့်ဆိုလော့။ ကိုယ်တော် သည်သူတို့၏အပြစ်တင်ညည်းညူသံ ကိုကြားရပြီ'' ဟုဆိုလေ၏။- အခန်းကိုကြည့်ပါ။Judson Bible9 တစ်ဖန်သင်တို့သည်အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည်ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ထို့နောက် မောရှေက အာရုန်အား “အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ‘သင်တို့မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရားကြားတော်မူပြီဖြစ်၍ ရှေ့တော်သို့ ချဉ်းကပ်ကြလော့’ဟူ၍ ဆင့်ဆိုလော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
တစ် ဖန် မော ရှေ က၊ ထာ ဝ ရ ဘု ရား သည် ညဉ့် ဦး၌ သင် တို့ စား ရန် အ သား ကို လည်း ကောင်း၊ နံ နက်၌ ဝ လောက် အောင် မု့န် ကို လည်း ကောင်း၊ ပေး သ နား တော် မူ သော အ ခါ သိ မြင် ကြ လိမ့် သ တည်း။ ထာ ဝ ရ ဘု ရား အား သင် တို့ ညည်း ညူ သော အ သံ ကို ကြား တော် မူ ပြီ။ ငါ တို့ ကား မည် သို့ သော သူ နည်း။ သင် တို့ ညည်း ညူ ခြင်း သည် ငါ တို့ နှင့် မ ဟုတ်၊ ထာ ဝ ရ ဘု ရား နှင့် သာ ဆန့် ကျင် ဘက် ဖြစ် သည် ဟု ဆို ၏။