Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက် 16:8 - Garrad Bible

8 တစ် ဖန် မော ရှေ က၊ ထာ ဝ ရ ဘု ရား သည် ညဉ့် ဦး၌ သင် တို့ စား ရန် အ သား ကို လည်း ကောင်း၊ နံ နက်၌ ဝ လောက် အောင် မု့န် ကို လည်း ကောင်း၊ ပေး သ နား တော် မူ သော အ ခါ သိ မြင် ကြ လိမ့် သ တည်း။ ထာ ဝ ရ ဘု ရား အား သင် တို့ ညည်း ညူ သော အ သံ ကို ကြား တော် မူ ပြီ။ ငါ တို့ ကား မည် သို့ သော သူ နည်း။ သင် တို့ ညည်း ညူ ခြင်း သည် ငါ တို့ နှင့် မ ဟုတ်၊ ထာ ဝ ရ ဘု ရား နှင့် သာ ဆန့် ကျင် ဘက် ဖြစ် သည် ဟု ဆို ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 တစ်​ဖန်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကြား​တော် မူ​သ​ဖြင့် သင်​တို့​စား​ရန်​ည​နေ​တွင်​အ​သား ကို​လည်း​ကောင်း၊ နံ​နက်​တွင်​လို​သ​မျှ​မုန့်​ကို လည်း​ကောင်း​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငါ​တို့​အား​အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း သည်​စင်​စစ်​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း​ပင်​ဖြစ်​၏'' ဟု​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 တစ်​ဖန်​လည်း​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ညဉ့်​ဦး​ယံ၌ သင်​တို့​စား​စ​ရာ​အ​မဲ​သား​ကို​လည်း​ကောင်း၊ နံ​နက်​ယံ၌​ဝ​လောက်​အောင် မုန့်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော​အ​ခါ၊ ဤ​စ​ကား​ပြည့်​စုံ​လိမ့်​မည်။ သင်​တို့​သည် အ​ပြစ်​တင်​လျက်​မြည်​တမ်း​ကြ​သော​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ငါ​တို့​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း။ သင်​တို့​သည်​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော စ​ကား​သည်၊ ငါ​တို့​ကို​မ​ထိ​မ​ခိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ထိ​ခိုက်​သည်​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 တစ်ဖန် မောရှေ​က “​ထာဝရဘုရား​သည် နေဝင်ချိန်​၌ သင်​တို့​စားစရာ​အသား​ကို​လည်းကောင်း​၊ နံနက်အချိန်​၌ လုံလောက်​သော​မုန့်​ကို​လည်းကောင်း ပေး​တော်မူ​မည်​။ အကြောင်းမူကား ထာဝရဘုရား​ထံ သင်​တို့​ညည်းညူ​၍ မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား ကြား​တော်မူ​ပြီ​။ ငါ​တို့​သည် မည်သူ​ဖြစ်၍​နည်း​။ သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​သည် ငါ​တို့​ကို​ဆန့်ကျင်​သည်​မ​ဟုတ်​၊ ထာဝရဘုရား​ကို​ဆန့်ကျင်​နေ​ခြင်း​ပင်​ဖြစ်​၏​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 16:8
17 ပူးပေါင်းရင်းမြစ်များ  

အာ ရုန် အား လည်း မော ရှေ က၊ ညည်း ညူ သံ ကို ထာ ဝ ရ ဘု ရား ကြား တော် မူ သ ဖြင့် အ ထံ တော် သို့ ချဉ်း ကပ် ကြ ရ မည် ဟူ ၍ ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် အား ကြား ပြော လော့ ဟု မှာ ထား သည့် အ တိုင်း၊


ထို လူ မျိုး က၊ သောက် ရန် ရေ ပေး ပါ ဟု ဆို ၍ မော ရှေ ကို ရန် ပြု ကြ လျှင် ငါ့ ကို အ ဘယ် ကြောင့် ရန် ပြု ကြ သ နည်း။ ထာ၀ ရ ဘု ရား ကို လည်း အ ဘယ် ကြောင့် စုံ စမ်း ကြ သ နည်း ဟု မော ရှေ ပြန် ဆို ၏။


အ သို့ ဆို သော်၊ သူ ယုတ် သည် စ ကား ယုတ် ဆို လျက်၊ စိတ် နှ လုံး ဖြင့် ဒု စ ရိုက် ကို ကြံ စည်၍ လှောင် ပြောင် ခြင်း၊ ထာ ဝ ရ ဘု ရား အား မှောက် မှား ပြော ဆို ခြင်း၊ မွတ် သိပ် သူ့ ကို ဆာ လောင် စေ ခြင်း၊ ရေ ငတ် သူ့ ကို ခေါင်း ပါး စေ ခြင်း များ ကို ပြု လေ့ ရှိ ၏။


ထို သို့ ထ ကြွ ခြင်း နှင့် ငါ ကြား ရ သော စော် ကား ခြင်း များ ကြောင့် သင့် ကို နှာ ကွင်း တပ်၍၊ ဇက် ခွံ့ လျက် လာ လမ်း ဖြင့် ပြန် စေ မည် ဟူ၍ တည်း။


လူ ပ ရိ သတ် အား လည်း ဆင့် ဆို ရ မည် မှာ နက် ဖြန် အ သား စား ခွင့် ပေး တော် မူ မည် ဖြစ်၍ ကိုယ် ကို သန့် ရှင်း စေ ကြ လော့။ သင် တို့ က၊ စား ရန် အ သား ကို မည် သို့ ရ ပါ အံ့ နည်း။ အိ ဂျစ် ပြည်၌ သု ခ ခံ စား ခဲ့ ကြ ပြီ ဟု ထာ ဝ ရ ဘု ရား နား တော် ရောက် ငို ကြွေး ကြ သည် ဖြစ်၍ ထာ ဝ ရ ဘု ရား သည် စား ရန် အ သား ကို ပေး တော် မူ လိမ့် မည်။


ဆိုး သွမ်း သော ဤ ပ ရိ သတ် ကို မည် မျှ ကြာ သည်း ခံ ရ အံ့ နည်း။ ဣ သ ရေ လ အ မျိုး သား တို့ ညည်း ညူ သံ ကို ငါ ကြား ခဲ့ ပြီ။


ထို ကြောင့် လူ ပ ရိ သတ် သည် မော ရှေ့ ထံ လာ ပြီး လျှင် ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ကိုယ် တော် ကို လည်း ကောင်း ဆန့် ကျင် ဘက် ပြော ဆို၍ ပြစ် မှား မိ ကြ ပါ ပြီ။ ထို မြွေ များ ကို ကျွန် တော် တို့ မှ ပယ် ရှား ရန် ထာ ဝ ရ ဘု ရား အား တောင်း ပန် ပါ ဟု လျှောက် ကြ သည့် အ တိုင်း၊


သင် တို့ ကို လက် ခံ သော သူ သည် ငါ့ ကို လက် ခံ၏။ ငါ့ ကို လက် ခံ သော သူ လည်း ငါ့ ကို စေ လွှတ် တော် မူ သော အ ရှင် ကို လက် ခံ၏။


ထို သူ တို့၏ စိတ် ထင် များ ကို သိ မြင် တော် မူ သော် ယေ ရှု က စိတ်၌ အ ဘယ့် ကြောင့် မ ကောင်း ထင် မှတ် ကြ သ နည်း။


သင် တို့ စ ကား ကို နာ ယူ သူ သည် ငါ့ စ ကား ကို နာ ယူ၏။ သင် တို့ ကို ငြင်း ပယ် သူ သည် ငါ့ ကို ငြင်း ပယ်၏။ ငါ့ ကို ငြင်း ပယ် သူ လည်း ငါ့ ကို စေ လွှတ် တော် မူ သော အ ရှင် ကို ငြင်း ပယ် သည် ဟု မိန့် တော် မူ ၏။


ငါဧကန်အမှန်ဆိုသည်ကား၊ ငါစေလွှတ်လိုက်သူ့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူလည်း ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်ကိုလက်ခံသည်ဟု မိန့်တော်မူ၏။


သို့ ဖြစ်၍ အ စိုး ရ ကို ခု ခံ သူ သည် ဘု ရား သ ခင် ထုတ် ဆင့် တော် မူ ချက် ကို ခု ခံ ရာ ရောက်၏။ ထို သို့ ခု ခံ သူ တို့ သည် အ ပြစ် စီ ရင် ခံ ရ ကြ လ တ္တံ့။


လုပ် ကြံ သော စေ တ မန် တော့် လက် ဖြင့် ပျက် စီး ရ သည့် တိုင် အောင် အ ချို့ တို့ သည် ညည်း ညူ သ ကဲ့ သို့ မ ညည်း ညူ ကြ နှင့်။


ထို့ ကြောင့် ငြင်း ပယ် သူ သည် လူ ကို မ ဟုတ်။ သန့် ရှင်း သော ဝိ ညာဉ် တော် ကို သင် တို့ အား သ နား တော် မူ သော ဘု ရား သ ခင် ကို ငြင်း ပယ် ရာ ရောက် ၏။


ထာ ဝ ရ ဘု ရား က ထို သူ တို့ တောင်း လျှောက် သ မျှ သော အ ချက် ကို နား ထောင် ဦး။ သင့် ကို သာ စွန့် ပယ် သည် မ ဟုတ်။ ငါ့ ကို လည်း နန်း ချ၍ စွန့် ပယ် ကြ ကုန် ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ