Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက် 13:18 - Garrad Bible

18 နီး သော ဖိ လိ တ္တိ လမ်း ဖြင့် မ ဆောင် ဘဲ ပင် လယ် နီ ကမ်း၊ သဲ တော လမ်း ဖြင့် လှည့် ၍ ဆောင် တော် မူ ၏။ ဣ သ ရေ လ အ မျိုး သား တို့ သည် ခင်း ကျင်း သော တပ် စဉ် အ တိုင်း အိ ဂျစ် ပြည် မှ ထွက် သွား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သို့​ဖြစ်​၍​သူ​တို့​အား​တော​ကန္တာ​ရ​ခ​ရီး ဖြင့် ဧ​ဒုံ​ပင်​လယ်​ဘက်​သို့​လှည့်​ပတ်​လျက် သွား​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တွင်​စစ်​ပွဲ​ဝင်​ရန်​လက်​နက်​အ​ပြည့်​အ​စုံ ပါ​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​ကြောင့် ဘု​ရား​သ​ခင်​သည်၊ သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​နား​တော​လမ်း​ဖြင့်​ဝိုင်း၍ ဆောင်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခင်း​ကျင်း​သော​တပ်​အ​စဉ်​အ​တိုင်း အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဘုရားသခင်​သည် ဤ​လူမျိုး​ကို ပင်လယ်နီ​ဘက်​မှ ကွေ့ဝိုက်​သော​တောကန္တာရ​လမ်း​ဖြင့် ပို့ဆောင်​တော်မူ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် စစ်အခင်းအကျင်း​ဖြင့် အီဂျစ်​ပြည်​ထဲမှ​ထွက်သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 13:18
13 ပူးပေါင်းရင်းမြစ်များ  

တစ် ဖန် တုံ ဘု ရား သ ခင် သည် ညီ အစ် ကို တို့ အား အ ကြည့် အ ရှု မု ချ ကြွ ရောက် တော် မူ မည်။ ထို အ ခါ ကျွန်ုပ် အ ရိုး များ ကို ဤ ပြည် မှ ဆောင် ယူ ရ မည် ဟူ၍ ဣ သ ရေ လ အ မျိုး သား တို့ ကို သ စ္စာ ဆို စေ ၏။


နေ ထိုင် ရန် မြို့ သို့ ရောက် စေ ခြင်း ငှာ၊ ဖြောင့် သော လမ်း ဖြင့် ပို့ ဆောင် တော် မူ၏။


က ရု ဏာ တော် သည် ကာ လ အ စဉ် တည်၍၊ လူ မျိုး တော် ကို သဲ က န္တ ရ၌ လမ်း ပြ တော် မူ ထ သော၊


ဘု ရား သ ခင့် ရှေ့ တော် တွင် မြေ ပ ထ ဝီ တုန် လှုပ်၍၊ မိုး လည်း ရွာ ရ ပါ၏။ ဣ သ ရေ လ လူ မျိုး တို့ ဘု ရား သ ခင့် ရှေ့ တော်၌၊ သိ နာ တောင် ပင် တုန် လှုပ် ရ ပါ ၏။


ထို နေ့ ချင်း တွင် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား ဗိုလ် ခြေ တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ၏။


ဣ သ ရေ လ အ မျိုး သား တို့ သည် လှည့် ၍ မိ ဂ ဒေါ လ မြို့ နှင့် ပင် လယ် စပ် ကြား ပိ ဟ ဟိ ရုတ် မြို့၊ ဗာ လ ဇေ ဖုန် မြို့ များ ရှေ့ မှာ စွဲ ရပ် စေ ခြင်း ငှါ မှာ ထား လော့။ ထို မြို့ ရှေ့၊ ပင် လယ် ကမ်း အ နီး စွဲ ရပ် ကြ ရ မည်။


ဖာ ရော မင်း၏ စစ် မြင်း၊ စစ် ရ ထား၊ မြင်း စီး သူ ရဲ စ သော အိ ဂျစ် ဗိုလ် ခြေ တို့ သည် လိုက် လံ၍ ပိ ဟ ဟိ ရုတ် မြို့ အ နီး ဗာ လ ဇေ ဖုန် မြို့ ရှေ့၊ ပင် လယ် ကမ်း ခြေ တွင် စွဲ ရပ် သော တပ် ကို မှီ ကြ ၏။


သို့ ရာ တွင်၊ အိ ဂျစ် ပြည် သို့ မ ပြန် ကြ ရ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြီး ဖြစ်၍ ထို မင်း သည် မြောက် မြား သော မြင်း တပ် ကို ရ ရန် အ ကြံ နှင့် လူ မျိုး တော် ကို အိ ဂျစ် ပြည် သို့ မ ပြန် စေ ရ။ မြောက် မြား သော မြင်း တပ် ကို မ ပိုင် ရ။


ထို လူ မျိုး ကို၊ က န္တာ ရ အ ရပ်၊ သား ရဲ ဟောက် ရာ လ ဟာ ပြင် အ ရပ်၌၊ တွေ့ တော် မူ က တည်း က၊ ဝန်း ရံ ပြု စု လျက်၊ စ က္ခု သူ ငယ် အိမ် သ ဖွယ် စောင့် ထိန်း တော် မူ၏။


မိန်း မ များ၊ သူ ငယ် များ နှင့် တ ကွ တိ ရ စ္ဆာန် ပါ ယော် ဒန် မြစ် ဤ ဘက်၌ မော ရှေ နေ ခဲ့ သော ပြည် နယ် တွင် နေ စေ လျက်၊ သင် တို့ အ နက် စစ် ခေါင်း မာ သူ အ ပေါင်း တို့ မှာ၊ ဆွေ မျိုး သား ချင်း ရှေ့၊ လက် နက် စွဲ ကိုင် ၍ ကူး ချီ စစ် ကူ ကြ စေ။


မော ရှေ မိန့် မှာ ခဲ့ သည့် အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ကူး ချီ ရ သော ရု ဗင့် အ နွယ် သား၊ ဂဒ် အ နွယ် သား၊ မာ န ရှေ့ အ နွယ် တစ် ဝက်၊


လူ ပေါင်း လေး သောင်း ခန့် တို့ သည် လက် နက် စွဲ ကိုင် လျက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် စစ် တိုက် ရန် ယေ ရိ ခေါ လွင် ပြင် သို့ ကူး ချီ ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ