Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 9:31 - Garrad Bible

31 ထို ကာ လ အ သင်း တော် သည် ယု ဒ၊ ဂါ လိ လဲ၊ ရှ မာ ရိ နယ် များ တ လျှောက် တွင် ငြိမ်း ချမ်း သာ ယာ လျက်၊ ထာ ဝ ရ ဘု ရား အား ခန့် ညား ခြင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် ထံ အ သ နား ခံ ခြင်း များ၌ ကျင် လည်၍ တည် ဆောက် တိုး ပွား ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ထို့​ကြောင့်​ထို​ကာ​လ​၌​ယု​ဒ​ပြည်၊ ဂါ​လိ​လဲ ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့​တွင်​အ​သင်း တော်​သည်​အေး​ချမ်း​စွာ​နေ​ရ​လေ​သည်။ အ​သင်း တော်​သည်​သ​ခင်​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သော​စိတ်​ဖြင့် သက်​ရှင်​လှုပ်​ရှား​လျက်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ကူ​ညီ​အား​ပေး​မှု​ဖြင့် တည်​တံ့​ခိုင်​မြဲ​ကာ​အ​သင်း​သား​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ဤသို့ဖြင့် ယုဒ​နယ်၊ ဂါလိလဲ​နယ်​နှင့် ရှမာရိ​နယ်​တစ်လျှောက်လုံး​၌ အသင်းတော်​သည် ငြိမ်းချမ်း​မှု​ကို​ရရှိ​၍ တည်ဆောက်​မြှင့်တင်​ခြင်း​ခံရ​ကာ သခင်​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​၌​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တိုက်တွန်း​အားပေး​ခြင်း​၌​လည်းကောင်း လျှောက်လှမ်း​လျက် တိုးပွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်​နှင့် ရှမာရိပြည်​တစ်လျှောက်​၌ အသင်းတော်​သည် ငြိမ်းချမ်း​၍ တည်တံ့ခိုင်မြဲ​လာ၏။ သခင်ဘုရား​ကို ကြောက်ရွံ့ခြင်း​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏​နှစ်သိမ့်အားပေးခြင်း​တို့​ဖြင့် ရှင်သန်​၍ အသင်းသား​အရေအတွက်​သည်လည်း တိုးပွားလာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 9:31
56 ပူးပေါင်းရင်းမြစ်များ  

သင် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ နှင့် အ တူ ရှိ၍ ပတ် ဝန်း ကျင် အ ရပ် ရပ် ၌ သာ ယာ ခွင့် ကို ပေး တော် မူ သည် မ ဟုတ် တုံ လော။ တိုင်း ရင်း သား တို့ ကို ငါ့ လက် တွင်း သို့ အပ် နှင်း တော် မူ သ ဖြင့် လူ မျိုး တော် နှင့် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် တစ် ပြည် လုံး ကျွန် တော် မျိုး ခံ ရ ကြ ပြီ။


ရန် ကင်း ငြိမ်း သော သား တစ် ယောက် ကို သင် ရ လိမ့် မည်။ ရှော လ မုန် ဟူ သော အ မည် နှင့် အ ညီ ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ရန် ကင်း စေ လျက် သူ့ လက် ထက် ကာ လ ပတ် လုံး ဣ သ ရေ လ လူ မျိုး အား ငြိမ်း ချမ်း သာ ယာ ခွင့် ကို ငါ ပေး မည်။


လွန် ခဲ့ သော ဘု ရင် ခံ တို့ ကို ကား၊ ပြည် က ကျွေး ရ ကြ သည် မှာ၊ တစ် နေ့ လျှင် မုန့်၊ စ ပျစ် ရည် ပြင်၊ ငွေ လေး ဆယ် ကျ ပေး ရ ကြ၏။ ငယ် သား တို့ လည်း၊ ပြည် သူ ပြည် သား တို့ အ ပေါ် တွင် အ နိုင့် အ ထက် မင်း မူ ကြ၏။ ငါ မူ ကား၊ ဘု ရား သ ခင် ကို ခန့် ညား သော ကြောင့်၊ ထို သို့ မ ပြု။


ငါ က လည်း၊ သင် တို့ ပြု သော အ မှု မ ကောင်း လေ စွ။ ရန် သူ လူ မျိုး ခြား တို့ ကဲ့ ရဲ့ မည် ဟု စိုး ရိမ် လျက်၊ ငါ တို့ ဘု ရား သ ခင် ကို ခန့် ညား သော စိတ် နှင့် ကျင့် ကြံ သင့် သည် မ ဟုတ် လော။


ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည်၊ ဉာဏ် ပ ညာ ဖြစ်၏။ ဒု စ ရိုက် ကို ကြဉ် ရှောင် သော သ ဘော လည်း၊ ဉာဏ် ပ ဋိ ဘာန် တည်း ဟု၊ လူ တို့ အား မိန့် တော် မူ သည် ဟူ၍ မြွက် ဆို လေ၏။


ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း သည်၊ ဉာဏ် ပ ညာ၏ စ တည် ရာ ဖြစ်၏။ လိုက် နာ သ မျှ သော သူ တို့ သည်၊ ဉာဏ် ကောင်း သူ တို့ တည်း။ ဂုဏ် တော် ကို ချီး မွမ်း ခြင်း လည်း၊ ကာ လ အ စဉ် တည် ၏။


အို ထာ ဝ ရ ဘု ရား၊ နည်း လမ်း တော် ကို သွန် သင် တော် မူ ပါ။ သ စ္စာ တော် အ တိုင်း၊ လျှောက် လိုက် ပါ မည်။ နာ မ တော် ကို ရို သေ မည့် အ ကြောင်း၊ အ ကျွန်ုပ် စိတ် နှ လုံး ကို စေ့ စပ် စေ တော် မူ ပါ။


ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည်၊ အ သိ ပ ညာ၏ စ တည် ရာ ဖြစ်၏။ သူ မိုက် တို့ မူ ကား၊ ဉာဏ် ပ ညာ နှင့် ဆုံး မ သွန် သင် ခြင်း ကို မ ထီ လေး စား ပြု တတ် ကြ၏။


အ ပြစ် သား တို့ ကို ငြူ စူ သော စိတ် မ ရှိ ဘဲ၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း ၌ နေ့ ရှိ သ မျှ တည် နေ လော့။


ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော ကား။ ဒု စ ရိုက် ကို မုန်း ထား ခြင်း တည်း။ မာ န ကြီး ခြင်း နှင့် မောက် မာ ခြင်း ကို လည်း‌ ကောင်း၊ မ ကောင်း သော အ လေ့ အ လာ နှင့် ကောက် ကျစ် သော နှုတ် ကိုလည်း‌ ကောင်း၊ ငါ မုန်း ထား ၏။


ထို ကာ လ၊ လူ မျိုး တို့၏ အ လံ သ ဖွယ် တည် သော၊ ယေ ရှဲ၏ အ မြစ် အ ညွန့် ကို လူ မျိုး ခြား တို့ လိုက် ရှာ မေး မြန်း လျက်၊ ကိန်း ဝပ် တော် မူ ရာ အ ရပ် သည် ဘုန်း ကြီး လိမ့် မည်။


သင့် လက် ထက် တည် မြဲ တည်၍၊ ကယ် တင် ခြင်း၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ ကြွယ် ဝ လိမ့် မည်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည် လူ မျိုး တော်၏ ဘ ဏ္ဍာ ဖြစ် လိမ့် မည်။


နောင် ကာ လ၊ အ ခြား သော လူ မျိုး လူ စု တို့ သည်၊ မြို့ အ မြောက် အ မြား က အ ဖူး လာ ကြ သည့် အ လျောက်၊


ဘု ရား သ ခင်၏ တ ရား တော် မူ ကား တိုး တက် ထွန်း ကား လေ သ တည်း။


အ သင်း တော် တို့ သည် ယုံ ကြည် ခြင်း တ ရား တော်၌ အား ပြည့်၍ နေ့ စဉ် လူ ဦး ရေ တိုး တက် ၏။


ဘု ရား သ ခင် ၏ ဂုဏ် တော် ကို ချီး မွမ်း ၍ ပြည် သူ ပြည် သား အ ပေါင်း တို့ ရှေ့ မျက် နှာ သာ ရ ကြ၏။ အ ရှင် ဘု ရား လည်း ကယ် တင် တော် မူ ရာ ရောက် လျက် နေ သူ တို့ ကို တစ် နေ့ နောက် တစ် နေ့ ထပ် သွင်း တော် မူ ၏။


ယ ခု မှာ ငါ သည် သင် တို့ ကို ဘု ရား သ ခင် သို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သ မျှ သော သူ တို့ ဘောင် တွင် အ ပိုင် ပေး ခွင့် နှင့် ဆောက် တည် ခွင့် တန် ခိုး ရှိ သော ကျေး ဇူး တော် ဆိုင် ရာ တ ရား တော် သို့လည်း ကောင်း အပ် လိုက် ၏။


အ သင်း တော် တစ် သင်း လုံး မှ စ၍ ကြား သိ သူ ခပ် သိမ်း တို့ လည်း ကြီး စွာ သော ကြောက် ရွံ့ ခြင်း ဖြစ် ကြ သ တည်း။


ဘု ရား သ ခင့် တ ရား တော် ထွန်း ကား လျက် ယေ ရု ရှ လင် မြို့ တွင် တ ပည့် တော် အ ရေ အ တွက် အ လွန် တိုး တက် လျက် များ စွာ သော ပ ရော ဟိတ် တို့ ပင် ယုံ ကြည် ခြင်း တ ရား တော် ကို လိုက် နာ ကြ ၏။


ထို သတ် မှု၌ ရှော လု သ ဘော တူ သ တည်း။ ထို နေ့ ချင်း တွင် ယေ ရု ရှ လင် မြို့ ရှိ အ သင်း တော် ကို ပြင်း စွာ ညှဉ်း ပန်း ခြင်း ဖြစ် ပွား၍ တ မန် တော် တို့ မှ တစ် ပါး သင်း ဝင် သူ ရှိ သ မျှ သည် ယု ဒ နယ်၊ ရှ မာ ရိ နယ် တ လျှောက် ကွဲ လွင့် ရ ကြ၏။


ဘု ရား သ ခင်၏ နိုင် ငံ တော် သည် စား ခြင်း၊ သောက် ခြင်း၌ မ တည်။ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ရ သော ဖြောင့် မတ် ခြင်း၊ ငြိမ် သက် ခြင်း၊ ရွှင် လန်း ခြင်း များ၌ တည်၏။


ထို ကြောင့် ငါ တို့ သည် ငြိမ် သက် ခြင်း၊ အ ချင်း ချင်း တည် ဆောက် ခြင်း အ မှု များ ကို ကြံ စည် ကြ၏။


မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။


ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။


ထို နည်း တူ သင် တို့ လည်း စိတ် မ နော ဆု ကျေး ဇူး များ ကို စွဲ လမ်း ကြ သည့် အ လျောက် အ သင်း တော် ကို ဆောက် တည် လို သ မျှ အ ပြည့် အ စုံ ရ ခြင်း ငှာ လိုက် ရှာ ကြ လော့။


သို့ ဖြစ် လျှင် ညီ အစ် ကို တို့၊ မည် သို့ နည်း။ သင် တို့ စည်း ဝေး ကြ သော အ ခါ အ သီး အ သီး တို့ သည် ကျူး ဧ ချက်၊ သင် ကြား ချက်၊ ဗျာ ဒိတ် ချက်၊ ဘာ သာ စ ကား ထူး ပြော ဆို ချက်၊ အ ဓိ ပ္ပာယ် ဖော် ပြ ချက် ကို ခံ ရ သည့် အ လျောက် အ ရာ ရာ ကို ဆောက် တည် ခြင်း အ လို့ ငှာ ပြု ကြ လော့။


သင် တို့ ကို ဖြို လှဲ ရန် မ ဟုတ်။ တည် ဆောက် ရန် အ ရှင် ဘု ရား သ နား တော် မူ သည့် အ ခွင့် အာ ဏာ နှင့် စပ်၍ ငါ သည် တော် လွန် စွာ ဂုဏ် တင် မိ လျှင် အ ရှက် ရ မည် မ ဟုတ်။


သင် တို့ ရှေ့ ငါ တို့ ထု ချေ သည် ဟု ထင် လျက် နေ ကြ သ လော။ အို ချစ် သူ တို့၊ ခ ရစ် တော် အား ဖြင့် ဘု ရား သခင့် မျက် မှောက် တော်၌ ငါ တို့ သည် သင် တို့ ကို ဆောက် တည် ခြင်း အ လို့ ငှာ အ ရာ ရာ ပြော ဆို၏။


ထို အ ကြောင်း ကြောင့် ဖြို လဲ ရန် မ ဟုတ်။ တည် ဆောက် ရန် အ ရှင် ဘု ရား သ နား တော် မူ သော အ ခွင့် အာ ဏာ အ လျောက် ငါ ရောက် လာ သော် ကြပ် တည်း စွာ မ ပြု ရ စေ ခြင်း ငှာ ယ ခု ကွဲ ကွာ လျက် ရှိ စဉ် ဤ သို့ ရေး လိုက်၏။


အို ချစ် သူ တို့၊ ထို ဂ တိ တော် များ ကို ငါ တို့ ခံ ရ ကြ သည့် အ လျောက် ရုပ် ခ န္ဓာ နှင့် နာမ် ခ န္ဓာ အ ညစ် အ ကြေး အ မျိုး မျိုး မှ စင် ကြယ် စေ သ ဖြင့် ဘု ရား သ ခင့် အား ခန့် ညား လျက် စုံ လင် သော သန့် ရှင်း ခြင်း သို့ ရောက် ကြ ကုန် အံ့။


တစ် ခ န္ဓာ လုံး သည် အင်္ဂါ အ သီး အ သီး ပြု ပြင် သည် နှင့် အ မျှ အင် အား အ ရင်း နှင့် ဆက် သွယ် ခြင်း အ မျိုး မျိုး ဖြင့် စေ့ စပ် ဖွဲ့ စည်း လျက် မေ တ္တာ၌ ကိုယ် ကို ဆောက် တည် ရ ခြင်း အ လို့ ငှါ ဦး ထိပ် တော် မှ ကြီး ပွား မှု ပြု ရ ၏။


သင် တို့ နှုတ် မှ အ လ ဇ္ဇီ စ ကား မ ထွက် စေ ဘဲ၊ ကြား နာ သူ တို့၌ အ ကျိုး ကျေး ဇူး ဖြစ် စေ ရန်၊ ဆောက် တည် ဖွယ် ကောင်း သော စ ကား ကို သာ ထွက် စေ ကြ လော့။


ခ ရစ် တော် ကို ခန့် ညား လျက် တစ် ဦး အောက် တစ် ဦး အ နော် အ တာ ခံ ကြ လော့။


ယော် ဒန် မြစ် ကို ကူး ချီ ပြီး လျှင်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ရ စေ တော် မူ သော ပြည် တွင် ပတ် ဝန်း ကျင် အ ရပ် ရပ် မှ ရန် ငြိမ်း ခွင့် ပေး တော် မူ သည့် အ လျောက်၊ လုံ ခြုံ စွာ နေ ထိုင် ကြ သည့် ကာ လ၊


သို့ ဖြစ်၍ ခ ရစ် တော် ကြောင့် နှိုး ဆော် ခြင်း၊ မေ တ္တာ တ ရား ကြောင့် တိုက် တွန်း ခြင်း၊ ဝိ ညာဉ် တော် နှင့် ပေါင်း သင်း ဆက် ဆံ ခြင်း၊ အ သည်း စွဲ သ နား ခြင်း အ ရာ ရာ ကို ရ ရှိ လျင်၊


ဘု ရား သ ခင် နှင့် ကျွမ်း ဝင် ခွင့် ကြောင့် တိုး ပွား လျက် ကောင်း မှု အ သီး အ မျိုး မျိုး ကို သိ သည့် အ လျောက် အ ရှင် ဘု ရား နှင့် ထိုက် လျော် စွာ ကျင့် ကြံ သ ဖြင့်၊


သို့ ဖြစ်၍ အ ချင်း ချင်း နှစ် သိမ့် စေ လျက် တစ် ဦး ကို တစ် ဦး ဆောက် တည် ရင်း အ တိုင်း ဆောက် တည် ကြ ဦး လော့။


ထို့ ကြောင့် ဘု ရား သ ခင့် လူ မျိုး တော့် အ ဖို့ ငြိမ် ဝပ် ရာ ချမ်း သာ ရှိ သေး၏။


ဘိုး ဘေး တို့ အား သ စ္စာ ဆို တော် မူ သ မျှ အ လျောက် ထာ ဝ ရ ဘု ရား သည် ရန် သူ တစ် စုံ တစ် ယောက် မျှ သူ တို့ ရှေ့ မ ခံ ရပ် နိုင် စေ ရန် လက် တွင်း သို့ အ လုံး စုံ အပ် နှင်း တော် မူ၍ ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ရန် ငြိမ်း ခွင့် ပေး တော် မူ ၏။


ချစ် သား ဖြစ် သော သင် တို့ မူ ကား သင် တို့ အ ထူး သန့် ရှင်း သော ယုံ ကြည် ခြင်း တ ရား တော့် အ ပေါ်၌ ကိုယ် ကို တည် ဆောက် လျက် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ပ ဌ နာ ပြု လျက်၊


မော ဘ လူ မျိုး သည် ဣ သ ရေ လ လူ မျိုး၏ လက် ရုံး အောက် နိမ့် ကျ၍ အ နှစ် ရှစ် ဆယ် တိုင် တိုင် တစ် ပြည် လုံး ငြိမ်း ချမ်း လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ