တမန်တော်ဝတ္ထု 8:27 - Garrad Bible27 ထို အ ခါ အဲ သ ယော ပိ ဘု ရင် မ က န္ဒ ကေ့ ထံ ဘ ဏ္ဍာ တော် ဝန် ကြီး ဖြစ် သူ အဲ သ ယော ပိ လူ မျိုး မိန်း မ စိုး သည် ယေ ရု ရှ လင် မြို့ ရောက်၍ ဘု ရား ဖူး ပြီး မှ ပြန် လာ စဉ်၊ အခန်းကိုကြည့်ပါ။Common Language Bible27-28 သို့ဖြစ်၍ဖိလိပ္ပုသည်ထ၍သွားလေသည်။ ထိုစဉ်အခါ၌အဲသယောပိပြည်မှမိန်းမ စိုးအရာရှိတစ်ယောက်သည် ယေရုရှလင်မြို့ သို့သွားရောက်၍ဘုရားသခင်အားကိုးကွယ် ဝတ်ပြုပြီးနောက် မိမိအိမ်သို့ပြန်လည်ထွက်ခွာ လာ၏။ သူသည်အဲသယောပိဘုရင်မကန္ဒက် ၏ဘဏ္ဍာရေးမှူးချုပ်ဖြစ်၏။ သူသည်ရထားစီး လျက်ပရောဖက်ဟေရှာယကျမ်းကိုဖတ်နေ ၏။- အခန်းကိုကြည့်ပါ။Judson Bible27 ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သားတစ်ယောက်သည် ကိုးကွယ်ခြင်းငှာ ယေရုရှလင်မြို့သို့သွား၍၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ထို့ကြောင့် ဖိလိပ္ပုသည်ထ၍ သွားလေ၏။ ထိုစဉ် အီသီယိုးပီးယားဘုရင်မကန္ဒက်၏မှူးမတ်ကြီးဖြစ်ပြီး ဘုရင်မ၏ဘဏ္ဍာအားလုံးကို စီမံအုပ်ချုပ်ရသော အီသီယိုးပီးယားပြည်သားတစ်ဦးသည် ဂျေရုဆလင်မြို့သို့ လာရောက်ဝတ်ပြုကိုးကွယ်ပြီး အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း27 ကောင်းကင်တမန်ဆိုသည့်အတိုင်း ဖိလိပ္ပုသည် သွား၏။ ထိုလမ်းတွင် အီသီယိုးပီးယားပြည်သားတစ်ဦးနှင့် တွေ့ဆုံ၏။ ထိုသူသည် အီသီယိုးပီးယားဘုရင်မ ကန္ဒက်၏ဘဏ္ဍာများအားလုံးကို စီမံရသော အမတ်ဖြစ်၏။ သူသည် ဂျေရုဆလင်မြို့သို့ သွားရောက်ဝတ်ပြုပြီး အခန်းကိုကြည့်ပါ။ |
ထို ကာ လ၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ နာ မ တော် တည် ရာ ဇိ အုန် တောင် တော် သို့၊ အ ရပ် အ မောင်း မြင့် ခြင်း၊ ကိုယ် ရေ ကိုယ် သား ပြောင် ခြင်း ရှိ သော လူ မျိုး၊ ယ မန် က စ၍ ကြောက် မက် ဖွယ် ကောင်း သော လူ မျိုး၊ တန် ခိုး ကြီး လျက် နှိမ် နှင်း တတ် သော လူ မျိုး၊ မြစ် အ မြွာ မြွာ ဖြတ် သော ပြည် တွင် နေ ထိုင် သော လူ မျိုး သည်၊ ဗိုလ် ခြေ တို့ အရှင် ထာ ဝ ရ ဘု ရား ထံ ကိုယ် ကို ဆက် သွင်း ကြ လိမ့် သ တည်း။
မြောက် မျက် နှာ အား အပ် လော့ ဟူ၍လည်း ကောင်း၊ တောင် မျက် နှာ အား၊ မ ထိမ် မ ချန် နှင့် ဟူ၍လည်း ကောင်း၊ ဘုန်း တော် ကို ထင် ရှား စေ ရန် ငါ စီ မံ ပြု ပြင် ဖန် ဆင်း ပြီး သူ၊ ငါ့ နာ မ ဖြင့် သ မုတ် သော သား သ မီး ဟူ သ မျှ တို့ ကို၊ ဝေး ကွာ ရာ မြေ ကြီး အ စွန်း မှ ပင် ခေါ် ဆောင် ခဲ့ လော့ ဟူ၍လည်း ကောင်း မိန့် ဆို ဦး မည်။
ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ အိ ဂျစ် ပြည်၏ ချွေး နဲ စာ၊ ကု ရှ ပြည်၏ အ မြတ် ငွေ နှင့် တ ကွ၊ အ ရပ် အ မောင်း မြင့် သော သေ ဘ အ မျိုး သား တို့ သည် ပိုင် ဆိုင် ရာ အ ဖြစ်၊ သင့် ထံ သို့ ရောက် ကြ လိမ့် မည်။ ထို သူ တို့ သည် ခြေ ချင်း စွဲ လျက် သင့် ကို လိုက် ရှာ ရာ အ ရှင် တို့ တွင် ဘု ရား သ ခင် မု ချ ရှိ တော် မူ၏။ ထို ဘု ရား မှ တစ် ပါး၊ အ ခြား ဘု ရား တစ် ဆူ မျှ မ ရှိ။ အို ကယ် တင် ပိုင် ရှင် ဖြစ် သော ဣ သ ရေ လ လူ မျိုး၏ ဘု ရား၊ ကိုယ် တော် သည် ပုန်း ကွယ် တော် မူ သော ဘု ရား မု ချ ဖြစ် ကြောင်း၊ သင့် ထံ ဦး ညွှတ် တောင်း ပန် ကြ လိမ့် မည် ဟု မိန့် တော် မူ၏။
ထို သူ တို့ ရှေ့ နိ မိတ် တန် ခိုး ပြ ပြီး နောက်၊ ငါ့ သ တင်း ကို မ ကြား၊ ဘုန်း တော် ကို လည်း မ ဖူး ဘူး သော အ ဝေး ရှိ ကျွန်း ကြီး ကျွန်း ငယ် နှင့် တ ကွ၊ တာ ရှု အ မျိုး၊ တု ဗ လ အ မျိုး၊ ဂ ရိတ် အ မျိုး၊ လေး တတ် သော ပု လ နှင့် လု ဒ အ မျိုး တည်း ဟူ သော လူ မျိုး ခြား တို့ ထံ၊ ဘေး ဒဏ် လွတ် သူ တို့ ကို ငါ စေ လွှတ် သည် နှင့်၊ လူ အ မျိုး မျိုး တို့ အား ဘုန်း တော် ကို ကြေ ငြာ ကြ ပြီး လျှင်၊