Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 7:8 - Garrad Bible

8 လှီး ဖြတ် ခြင်း ဆိုင် ရာ ပ ဋိ ညာဉ် ကို ပေး တော် မူ၏။ သို့ နှင့် အ ညီ အာ ဗြ ဟံ သည် ဣ ဇက် ကို ရ၍ ရှစ် ရက် လည် သော နေ့ တွင် လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး လေ၏။ ဣ ဇက် သည် ယာ ကုပ် ကို လည်း ကောင်း၊ ယာ ကုပ် သည် အ မျိုး အ ဘ တစ် ဆယ့် နှစ် ပါး ကိုလည်း ကောင်း ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ထို့​အ​ပြင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​ပြု​တော် မူ​ခဲ့​သော​ပ​ဋိ​ညာဉ်​တော်​၏​အ​မှတ်​လက္ခ​ဏာ တစ်​ရပ်​အ​နေ​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​အာ​ဗြ​ဟံ​အား​အပ်​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​သား​ဣ​ဇာက်​ကို​ရ​ပြီး​နောက် ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ကို​ပေး​လေ​၏။ ထို​နည်း​တူ​ဣ​ဇာက် သည်​သား​ယာ​ကုပ်​ကို​လည်း​ကောင်း၊ ယာ​ကုပ် သည်​သား​တစ်​ဆယ့်​နှစ်​ယောက်​ကို​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ပေး​၏။ ယာ​ကုပ် ၏​သား​များ​ကား​လူ​မျိုး​၏​အ​ဖ​တစ်​ဆယ့် နှစ်​ပါး​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ဘု​ရား​သ​ခင်​သည်​လည်း အ​ရေ​ဖျား​လှီး​ခြင်း​နှင့် ဆိုင်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အာ​ဗြ​ဟံ​အား ပေး​တော်​မူ၏။ ထို​သို့ ဣ​ဇာက်​ကို ဖွား​မြင်၍ ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပေး​လေ၏။ ဣ​ဇာက်​သား ယာ​ကုပ်၊ ယာ​ကုပ်​သား​များ​ကား၊ အ​မျိုး၏ အ​ဘ တစ်​ကျိပ်​နှစ်​ပါး​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဘုရားသခင်​သည် အရေဖျား​လှီး​ခြင်း​နှင့်ဆိုင်သော​ပဋိညာဉ်​ကို​လည်း အာဗြဟံ​အား​ပေး​တော်မူ​သဖြင့် သူ​သည် သား​ဣဇက်​ကို​ရ​သောအခါ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား အရေဖျား​လှီး​ခြင်း​ပေး​ခဲ့​၏။ ဣဇက်​သည် သား​ယာကုပ်​ကို​လည်းကောင်း​၊ ယာကုပ်​သည် တစ်ဆယ့်နှစ်​ပါး​သော​မျိုးနွယ်စု​ဖခင်​တို့​ကို​လည်းကောင်း ရ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထို့နောက် ဘုရားသခင်​သည် အာဗြဟံ​အား အရေပြားလှီးခြင်း​မင်္ဂလာ​နှင့်ဆိုင်သော ပဋိညာဉ်​ကို ပေးတော်မူ၏။ ထို့ကြောင့် အာဗြဟံ​သည် သား​ဣဇာက်​ကို ရ​၍ သူ့​အား ရှစ်ရက်မြောက်သော​နေ့​တွင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ပြုပေးလေ၏။ ဣဇာက်​သည် သား​ယာကုပ်​ကို ရ​ပြီး ယာကုပ်​သည်လည်း သား​ဆယ့်နှစ်ယောက်​ကို ရ၏။ ထို​သားများ​မှာ မျိုးနွယ်စု​ဆယ့်နှစ်စု​၏​ဖခင်များ​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 7:8
20 ပူးပေါင်းရင်းမြစ်များ  

ညီ အစ် ကို တို့၊ အ ဘ ဒါ ဝိဒ် မင်း အ ကြောင်း ကို လွတ် လွတ် ပြော ဆို ရ မည် ဖြစ် လျှင် ထို မင်း ကွယ် လွန်၍ စျာ ပ န ခံ ရ သ ဖြင့် သင်္ချိုင်း ဂူ တော် သည် ယ ခု တိုင် ငါ တို့၌ ရှိ၏။


ဗေ သ လ အ ရပ် မှ ခ ရီး သွား ပြန်၍ ဧ ဖ ရတ် မြို့ နှင့် အ တန် ကွာ တွင် ရာ ခေ လ သည် သား ဖွား အံ့ သော ဝေ ဒ နာ ကို ပြင်း ပြ စွာ ခံ နေ ရ စဉ်၊


လက် ရ ဥ စ္စာ အ နက် ဆယ် ဖို့ တစ် ဖို့ အ လှူ ကို အ မျိုး အ ဘ အာ ဗြ ဟံ့ ထံ ခံ ယူ သော ထို ပု ဂ္ဂိုလ် သည် မည် မျှ ကြီး မြတ် ကြောင်း ဆင် ခြင် ကြ လော့။


ငါ ဆို သည် ကား ဘု ရား သ ခင် တင် ရင် ချုပ် တော် မူ ပြီး သော ပ ဋိ ညာဉ် တော် ကို နောက် နှစ် ပေါင်း လေး ရာ သုံး ဆယ် ကြာ မှ ရောက် လာ သော ပ ညတ် တ ရား သည် မ ပယ် မ ဖျက်။ ထို က တိ တော် ကို အ ချည်း အ နှီး မ ဖြစ် စေ နိုင်။


ညီ အစ် ကို တို့၊ လူ့ အ လိုက် ငါ ဆို လျင် လူ ချင်း ချုပ် ပြီး သော ပ ဋိ ညာဉ် ကို ပင် မည် သူ မျှ မ ပယ် ဖျက်၊ မ ထည့် သွင်း နိုင်။


မည် သို့ မှတ် တော် မူ သ နည်း။ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ပြီး မှ လော။ မ ခံ မီ လော။ ခံ ပြီး မှ မ ဟုတ်။ မ ခံ မီ ပင် တည်း။


မောရှေသည်ကိုယ်တိုင်ဦးစွာမဟုတ်၊ ဘိုးဘေးတို့ထံမှဆက်ခံ၍ သင်တို့အားလှီးဖြတ်ခြင်းမင်္ဂလာကိုပေးသဖြင့် ဥပုသ်နေ့တွင်လှီးဖြတ်ခြင်းမင်္ဂလာတရားကို သင်တို့ပေးတတ်ကြ၏။


ဣ ဇာက် သား ယာ ကုပ်၊ ယာ ကုပ် သား ယု ဒ နှင့် ညီ အစ် ကို များ၊


အာ ဗြ ဟံ့ သား ကား၊ ဣ ဇာက်၊ ဣ ဇက် သား များ ကား ဧ သော နှင့် ဣ သ ရေ လ တို့ တည်း။


သေ လ တ္တံ့ သော ရာ ခေ လ သည် အ သက် ထွက် လု ဆဲ ဆဲ တွင် ထို သား ကိုဗေ နော နိ ဟု အ မည် မှည့် လေ ၏။ အ ဘ မူ ကား ဗင်္ယာ မိန် ဟု မှည့် သ တည်း။


လေ အာ့ အ ပေါ် တွင် မေ တ္တာ မဲ့ သည် ကို ထာ၀ ရ ဘု ရား သိ မြင်၍ သား ဆု ကို ပေး သ နား တော် မူ ၏။


ယာ ကုပ် ထွက် ၀င် သ ဖြင့် ဗိ လ ဟာ သ န္ဓေ ရ၍ သား ယောက်ျား ကို ဖွား မြင် သော် ရာ ခေ လ က၊ ဘု ရား သ ခင် သည် ငါ့ ဘက်၌  စီ ရင် တော် မူ ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ