Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 7:16 - Garrad Bible

16 အ လောင်း များ ကို ရှေ ခင် မြို့ တွင် ဟာ မော်၏ အ မျိုး သား တို့ ထံ တန် ဖိုး နှင့် အာ ဗြ ဟံ ဝယ် ခဲ့ သော သင်္ချိုင်း ဂူ သို့ ပို့ သွင်း ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သူ​တို့​၏​အ​လောင်း​များ​ကို​ရှေ​ခင်​မြို့​သို့​ပို့ ဆောင်​ပြီး​လျှင် အာ​ဗြ​ဟံ​ဝယ်​ယူ​ထား​ခဲ့​သည့် သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​သင်္ချိုင်း​ကား​ဟာ မော်​၏​သား​များ​ထံ​မှ​အာ​ဗြ​ဟံ​အ​ဖိုး​ငွေ ပေး​၍​ဝယ်​ယူ​ထား​သော​သင်္ချိုင်း​ဖြစ်​သ​တည်း။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​သူ​တို့​ကို​လည်း ရှေ​ခင်​မြို့​သို့ ပို့​ဆောင်​သ​ဖြင့်၊ ရှေ​ခင်၏​အ​ဘ​ဖြစ်​သော ဟာ​မော်၏​သား​တို့​အား အ​ဖိုး​ငွေ​ကို​ပေး၍​ဝယ်​ပြီ​ဖြစ်​သော သင်္ချိုင်း​တွင်း၌ ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သူ​တို့​၏​အလောင်း​ကို​မူ ရှေခင်​မြို့​သို့ ပြန်လည်​သယ်ဆောင်​လာ​ပြီး ထို​မြို့​နေ ဟာမော်​၏​သား​များ​ထံမှ တန်ဖိုး​ငွေ​ပေး​၍ အာဗြဟံ​ဝယ်ယူ​ထား​သော​သင်္ချိုင်း​ဂူ​၌ သင်္ဂြိုဟ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သူတို့​၏​အလောင်းများ​ကို ရှေခင်မြို့​သို့ သယ်ယူပြီး​လျှင် ဟာမော်​၏​သားများ​ထံမှ တန်ကြေးငွေ​ပေး​၍ အာဗြဟံ​ဝယ်ယူခဲ့သော​သင်္ချိုင်းဂူ​တွင် သင်္ဂြိုဟ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 7:16
11 ပူးပေါင်းရင်းမြစ်များ  

အိ ဂျစ် ပြည် မှ ဣ သ ရေ လ အ မျိုး သား တို့ ဆောင် ခဲ့ သော ယော သပ် အ ရိုး များ ကို ကား ရှေ ခင့် အ ဘ ဟာ မော်၏ အ မျိုး သား တို့ ထံ အ ဖိုး ငွေ တစ် ပိဿာ ပေး၍ ယာ ကုပ် ဝယ် ထား သ ဖြင့် ယော သပ် သား တို့ အ ပိုင် ဖြစ် သော မြေ ကွက်၌ စျာ ပ န ပြု ကြ ကုန်၏။


အာ ဗြ ဟံ သည် ဧ ဖ ရုန် စ ကား ကို ကြား နာ သ ဖြင့် ဟေ သ အ မျိုး သား တို့ ရှေ့ ဧ ဖ ရုန့် စ ကား အ တိုင်း ကုန် သည် သုံး ငွေ လေး ပိဿာ ကို ချိန်၍ သူ့ အား ပေး လေ ၏။


ယ မန် ယော သပ် က၊ ဘု ရား သ ခင် သည် သင် တို့ အား အ ကြည့် အ ရှု မု ချ ကြွ ရောက် တော် မူ မည်။ ထို အ ခါ ကျွန်ုပ် အ ရိုး များ ကို ဤ ပြည် မှ ဆောင် ယူ ရ မည် ဟူ၍ ဣ သ ရေ လ အ မျိုး သား တို့ ကို ခိုင် ခံ့ စွာ သ စ္စာ ဆို စေ သည့် အ တိုင်း သူ့ အ ရိုး များ ကို မော ရှေ ဆောင် ခဲ့ လေ ၏။


မံ ရေ မြို့ ရှေ့၊ ဟိ တ္တိ လူ ဧ ဖ ရုန့် ထံ သင်္ချိုင်း ပိုင် ဖြစ် စေ ရန် မြေ ကွက် နှင့် တ ကွ အာ ဗြ ဟံ ဝယ် ခဲ့ သည့် မ ပ္ပေ လ ခေါ် မြေ ကွက် ရှိ ဂူ တွင် သင်္ဂြိုဟ် သ ဖြင့် အ ဘ မှာ ထား သည့် အ တိုင်း ပြု ကြ ၏။


ရာ ခေ လ သေ လွန်၍ ဗက် လင်၊ တစ် နည်း ဧ ဖ ရတ် မြို့ လမ်း တွင် သင်္ဂြိုဟ် ရ လေ ၏။


ကျွန်ုပ် သည် သင် တို့ တွင် ဧည့် သည် အာ ဂ န္တု မျှ သာ ဖြစ် ပါ၏။ မ ယား အ လောင်း ကို မျက် ကွယ် အောင် သင်္ဂြိုဟ် ရန် သင် တို့ ပြည် တွင် သင်္ချိုင်း မြေ ကို အ ပိုင် ပေး ကြ ပါ လော့ ဟု တောင်း ဆို လျှင်၊


ဘိုး ဘ တို့ နှင့် အ တူ အိပ် ပျော် ရ သော အ ခါ အိ ဂျစ် ပြည် မှ ငါ့ အ လောင်း ကို ဆောင် သွား၍ သူ တို့ သင်္ချိုင်း တွင် သင်္ဂြိုဟ် လော့ ဟု ဣ သ ရေ လ မှာ ဆို လျှင် ယော သပ် က၊ အ ဘ မှာ ထား သည့် အ တိုင်း ကျွန် တော် ပြု ပါ မည် ဟု ဝန် ခံ လေ ၏။


ဤ သို့ လျှင် အ ဘ အ လောင်း ကို သား တို့ သည် ခါ နာန် ပြည် သို့ ဆောင် သွား ၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ