Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 6:2 - Garrad Bible

2 တ ပည့် တော် ပ ရိ သတ် ကို ခေါ်၍ တစ် ဆယ့် နှစ် ပါး တို့ က ငါ တို့ သည် ဘု ရား သ ခင့် တ ရား တော် ကို လှပ် ထား ပြီး လျှင် လုပ် ကျွေး မှု ကို မ ဆောင် သင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည် တ​ပည့်​တော်​အ​ပေါင်း​ကို​ခေါ်​ပြီး​လျှင်``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ဟော​ပြော​မှု​ကို​လျစ်​လူ​ပြု​ပြီး​လျှင် ငွေ ရေး​ကြေး​ရေး​ကို​စီ​မံ​ဆောင်​ရွက်​ရန်​မ​သင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ထို​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော တ​မန်​တော်​တို့​သည် တ​ပည့်​တော်​အ​ပေါင်း​တို့​ကို ခေါ်​ပြီး​လျှင်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ် တ​ရား​တော်​ကို​ထား၍ စား​ပွဲ၌​လုပ်​ကျွေး​မှု​ကို မ​ဆောင်​သင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထိုအခါ တမန်တော်​တစ်ဆယ့်နှစ်​ပါး​တို့​သည် တပည့်​တော်​အစုအဝေး​ကို​ခေါ်​ပြီးလျှင် “ငါ​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ပစ်​ထား​၍ ကျွေးမွေး​ခြင်း​အမှု​ကို​မ​ဆောင်ရွက်​သင့်​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ထို့ကြောင့် တမန်တော်​ဆယ့်နှစ်ပါးတို့​သည် တပည့်တော်များ​အားလုံး​ကို ခေါ်ပြီး​လျှင် “ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​သွန်သင်ခြင်းအမှု​ကို လျစ်လျူရှု​၍ ကျွေးမွေးခြင်းအမှု​ကို မဆောင်ရွက်သင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 6:2
10 ပူးပေါင်းရင်းမြစ်များ  

ဗိုလ် ချုပ် စိတ် နှင့် တွေ့ စေ ရန် စစ် သည် တို့ သည် အ သက် မွေး ရန် အ ရေး နှင့် မ ငြိ တွယ် ဘဲ နေ တတ်၏။


ငါ က၊ ကြီး သော အ မှု ကို အ ကျွန်ုပ် ဆောင် ရွက် ရ သည့် အ တွက်၊ မ ဆင်း မ လာ နိုင်။ သင် တို့ ရှိ ရာ သို့ ဆင်း လာ ရန်၊ အ သို့ ကြောင့် ထို အမှု ကို လက် လွှတ်၍ ရပ် ဆိုင်း ရ အံ့ နည်း ဟု ခြေ လျင် စေ လွှတ် ပြန် ကြား လျက်၊


အ ကြောင်း မ ပြ ဘဲ အ ကျဉ်း သား တစ် ယောက် ကို ပို့ လိုက် လျှင် မ သင့် မ လျော် ကြောင်း ကျွန်ုပ် ထင် မှတ် ပါ သည် ဟု ပြော ဆို၏။


ထို ကြောင့် မည် သို့ ပြု ရ အံ့ နည်း။ ညီ မောင် ရောက် လာ ကြောင်း ကို မု ချ ကြား သိ ကြ လိမ့် မည်။


သို့ ရာ တွင် ပေ တ ရု နှင့် ယော ဟန် တို့ က ဘု ရား သ ခင့် ဗျာ ဒိတ် တော် ထက် သင် တို့ စ ကား ကို နာ ယူ သော် ဘု ရား သ ခင့် ရှေ့ သင့် မ သင့် ဆုံး ဖြတ် ကြ လော့။


ထို ကာ လ တ ပည့် တော် များ တိုး ပွား လျက် ရှိ စဉ် ဟေ လ နစ် ယု ဒ လူ မျိုး တို့ သည် နေ့ တိုင်း လုပ် ကျွေး မှု တွင် ဆိုင် ရာ မု ဆိုး မ တို့ လစ် လပ် သည် ဟူ၍ ဟေ ဗြဲ လူ မျိုး ရင်း တို့ အ ပေါ် တွင် ညည်း ညူ ကြ သော်၊


ထို့ ကြောင့် ညီ အစ် ကို တို့၊ သင် တို့ အ နက် ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ ဉာဏ် နှင့် လည်း ကောင်း ပြည့် စုံ လျက်၊ အ သ ရေ ကောင်း သူ ခု နစ် ယောက် ကို ရှာ ကြ လော့။ ထို အ မှု ဆောင် ရန် ခန့် ထား မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ