တမန်တော်ဝတ္ထု 5:4 - Garrad Bible4 လက် ဝယ် မြေ ရှိ စဉ် ကိုယ် ပိုင် မ ဟုတ် လော၊ ရောင်း ပြီး နောက် ရ ငွေ လည်း ကိုယ့် ပ စ္စည်း မ ဟုတ် လော။ သို့ ဖြစ် လျက် သင့် စိတ် တွင် အ ဘယ့် ကြောင့် ဤ သို့ ကြံ စည် သ နည်း။ သင် သည် လူ ကို သာ မ ဟုတ်၊ ဘု ရား သ ခင် ကို မု သာ ပြော လေ ပြီ ဟု ဆို ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 သင်သည်ထိုလယ်ကိုမရောင်းချမီကပိုင်ဆိုင် သည်မဟုတ်လော။ ရောင်းချပြီးသောအခါ ၌လည်း မြေဖိုးငွေကိုပိုင်သည်မဟုတ်လော။ သို့ ပါလျက်အဘယ်ကြောင့်ဤသို့သောအကြံ အစည်ကိုပြုပါသနည်း။ သင်သည်လူကို လှည့်စားသည်မဟုတ်။ ဘုရားသခင်ကိုလှည့် စားလေပြီ'' ဟုဆို၏။- အခန်းကိုကြည့်ပါ။Judson Bible4 ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဖိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုသာ မုသားပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသားပြောပြီဟု ပေတရုဆို၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထိုမြေသည် သင့်လက်ထဲ၌ရှိစဉ် သင်ပိုင်သည်မဟုတ်လော။ ရောင်းပြီးသောအခါ၌လည်း ရရှိသောငွေကို သင်အလိုရှိသည့်အတိုင်း ပြုနိုင်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင့်စိတ်နှလုံးထဲ၌ ဤအမှုကို အဘယ်ကြောင့်ကြံစည်ရသနည်း။ သင်သည် လူကိုလိမ်ညာသည်မဟုတ်ဘဲ ဘုရားသခင်ကိုလိမ်ညာလေပြီ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ထိုမြေကို မရောင်းဘဲရှိစဉ် သင်ပိုင်သည်မဟုတ်လော။ မရောင်းဘဲထားလျှင်လည်း သင်၏ဥစ္စာပင်ဖြစ်သည် မဟုတ်လော။ ထိုမြေကို ရောင်းချပြီးလျှင်လည်း ရရှိသောငွေကို သင်အလိုရှိသည့်အတိုင်း ပြုနိုင်သည်မဟုတ်လော။ သို့သော်လည်း သင်၏စိတ်နှလုံးထဲ၌ ဤမကောင်းမှုကို အဘယ်ကြောင့် ကြံစည်ရသနည်း။ သင်သည် ငါတို့ကို လှည့်စားသည်မဟုတ်။ ဘုရားသခင်ကို လှည့်စားပြီ” ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထို မှ တစ် ပါး ငါ ဘု ရား သ ခင် ဗိ မာန် တော် ကို မြတ် နိုး သည် ဖြစ်၍ ထို သန့် ရှင်း သော ဗိ မာန် တော် အ ဖို့ ပြင် ဆင် ခဲ့ သော အ ရာ များ ပြင် ကိုယ် ပိုင် ရွှေ ငွေ များ အ နက် ရွှေ ထည် အ ဖို့ ရွှေ၊ ငွေ ထည် အ ဖို့ ငွေ၊ ပန်း ထိမ်၊ ပန်း တဉ်း လက် မှု အ မျိုး မျိုး မှ စ၍ ဗိ မာန် တော် နံ ရံ မွမ်း မံ စေ ရန် သြ ဖိ ရ ရွှေ ချိန် ခွက် ကိုး သောင်း၊ ချွတ် ပြီး ငွေ ချိန် ခွက် နှစ် သိန်း တစ် သောင်း ကို ငါ လှူ ဒါန်း ၏။ သို့ နှင့် အ ညီ စေ တ နာ ထက် သန် စွာ ထာ ဝ ရ ဘု ရား အား ယ နေ့ မည် သူ လှူ ဦး မည် နည်း ဟု မေး မြန်း လျှင်၊
ထို ကာ လ သင် သည်၊ ဥ စ္စာ ဘ ဏ္ဍာ ကို လက် ရ ယူ ငင်၍၊ ဖုန်း ဆိုး ကုန်း ဖြစ် ခဲ့ ရာ စည် ကား သော အ ရပ် ရပ် ကို လည်း ကောင်း၊ လူ အ မျိုး မျိုး မှ စု သိမ်း ခံ ရ၍၊ အ တွင်း အ ပြင် ဥ စ္စာ ကို ဆည်း ပူး လျက်၊ မြေ ဗ ဟို တွင် နေ ထိုင် ရ သော လူ တစ် မျိုး ကို လည်း ကောင်း၊ လက် ဖိ တင် မည် ဟူ သော မ ကောင်း ကို ကြံ စည် ကြံ ရွယ် လျက်၊ ရွာ များ နှင့် ပြည့် သော ပြည်၊ မြို့ ရိုး၊ တံ ခါး၊ မင်း တုပ် မဲ့ လျက်၊ ရန် ငြိမ်း၍ ဘေး မ မြော် မ မြင် ရ သော လူ မျိုး ထံ၊ ငါ ချီ တက် အံ့ ဟု အောက် မေ့ လိမ့် မည်။
အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ကိုယ် တော် သည် စိတ် နှ လုံး ဟူ သ မျှ ကို စီ စစ် လျက် ဖြောင့် မှန် ခြင်း ကို သာ နှစ် သက် တော် မူ ကြောင်း အ ကျွန်ုပ် သိ ပါ ၏။ အ ကျွန်ုပ် မူ ကား၊ ဖြောင့် မှန် သော စိတ် နှ လုံး နှင့် ဤ အ ရာ ခပ် သိမ်း ကို စေ တ နာ ထက် သန် စွာ လှူ ဒါန်း သည့် ပြင်၊ လူ မျိုး တော် ဖြစ် သော ဤ ပ ရိ သတ် လည်း ထက် သန် စွာ လှူ ဒါန်း ကြောင်း ဝမ်း မြောက် ဝမ်း သာ သိ မြင် ရ ပါ ၏။
တစ် ဖန် မော ရှေ က၊ ထာ ဝ ရ ဘု ရား သည် ညဉ့် ဦး၌ သင် တို့ စား ရန် အ သား ကို လည်း ကောင်း၊ နံ နက်၌ ဝ လောက် အောင် မု့န် ကို လည်း ကောင်း၊ ပေး သ နား တော် မူ သော အ ခါ သိ မြင် ကြ လိမ့် သ တည်း။ ထာ ဝ ရ ဘု ရား အား သင် တို့ ညည်း ညူ သော အ သံ ကို ကြား တော် မူ ပြီ။ ငါ တို့ ကား မည် သို့ သော သူ နည်း။ သင် တို့ ညည်း ညူ ခြင်း သည် ငါ တို့ နှင့် မ ဟုတ်၊ ထာ ဝ ရ ဘု ရား နှင့် သာ ဆန့် ကျင် ဘက် ဖြစ် သည် ဟု ဆို ၏။