Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 27:44 - Garrad Bible

44 ကြွင်း သော သူ တို့ တွင် အ ချို့ ပျဉ် ပြား၊ အ ချို့ သင်္ဘော စ များ ကို စီး၍ ကူး ကြ စေ ရန် လည်း ကောင်း၊ အ မိန့် အ တိုင်း ရှိ သ မျှ တို့ ဘေး လွတ် လျက် ကမ်း သို့ ရောက် ကြ ကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

44 ထို့​နောက်​ကျန်​သော​သူ​တို့​အား​ပျဉ်​ပြား​များ ကို​သော်​လည်း​ကောင်း၊ သင်္ဘော​ပျက်​မှ​သင်္ဘော​အ​ပိုင်း အ​စ​များ​ကို​သော်​လည်း​ကောင်း​စီး​၍​ကူး​ကြ ရန်​အ​မိန့်​ပေး​၏။ ဤ​နည်း​အား​ဖြင့်​ကျွန်ုပ်​တို့ အား​လုံး​ပင်​ဘေး​လွတ်​၍​ကုန်း​ပေါ်​သို့​ရောက် ကြ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

44 ကြွင်း​သော​သူ​တို့​သည် ပျဉ်​ပြား​မှ​စ၍ သင်္ဘော​တန်​ဆာ​များ​ကို စီး​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​လေ၏။ ထို​သို့ လူ​အ​ပေါင်း​တို့​သည် ဘေး​နှင့် လွတ်၍ ကုန်း​ပေါ်​သို့ ရောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

44 ကျန်​သော​သူ​တို့​သည် ပျဉ်ပြား​ကို​ဖြစ်စေ၊ သင်္ဘော​ထဲမှ​အရာ​တစ်စုံတစ်ခု​ကို​ဖြစ်စေ တွယ်စီး​၍ ကူး​သွား​ကြ​ရန် အမိန့်​ပေး​လေ​၏။ ဤသို့ဖြင့် အားလုံး​သည် ဘေးကင်း​စွာ​ဖြင့် ကုန်း​ပေါ်သို့​ရောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

44 ကျန်​လူများ​ကိုမူ ပျဉ်ချပ်များ​နှင့် သင်္ဘော​ပျက်​၏​အပိုင်းအစများ​ဖြင့် ကူးသွား​ရန် ညွှန်ကြားလေ၏။ ဤသို့ဖြင့် ကျွန်ုပ်တို့​အားလုံး​သည် ကုန်း​ပေါ်သို့ ဘေးကင်း​စွာ​ရောက်ရှိကြလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 27:44
8 ပူးပေါင်းရင်းမြစ်များ  

အ မိန့် ထုတ် လျက်၊ စ ပါး ကို ဆန် ကော ဖြင့် ဝိုင်း သ ကဲ့ သို့၊ ဣ သ ရေ လ အ မျိုး သား တို့ ကို၊ လူ မျိုး ခြား တို့ တွင် တစ် စေ့ မျှ မ ကျ စေ ဘဲ ဝိုင်း လိမ့် မည်။


ယ ခု မှာ မူ အား ယူ ကြ စေ ရန် ငါ နှိုး ဆော်၏။ သင် တို့ အ သက် ဆုံး ပါး မည် မ ဟုတ်။ သင်္ဘော သာ ဆုံး လိမ့် မည်။


အို ပေါ လု၊ မ ကြောက် နှင့်။ သင် သည် ကဲ သာ မင်း ရှေ့ ရပ် တန့် ရ မည့် ပြင် သင်္ဘော စီး ဖော် ရှိ သ မျှ ကို လည်း သင့် အား ဘု ရား သ ခင် သ နား တော် မူ ပြီ ဟု မြွက် ဆို၏။


တပ် မှူး နှင့် စစ် သည် တို့ အား ပေါ လု က သင်္ဘော တွင် ထို သူ တို့ မ နေ လျှင် သင် တို့ ဘေး လွတ် နိုင် ကြ မည် မ ဟုတ် ဟု ဆို သည့် အ တိုင်း၊


ဖြောင့် မတ် သူ တို့ သည် ကယ် တင် ရာ သို့ ခဲ ယဉ်း စွာ ရောက် ရ ကြ လျှင် ဘု ရား တ ရား မဲ့ သူ တို့ နှင့် အ ပြစ် သား တို့၌ မည် သို့ ဖြစ် ပျက် အံ့ နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ