တမန်တော်ဝတ္ထု 19:8 - Garrad Bible8 ထို နောက် ပေါ လု သည် ဓ မ္မာ ရုံ သို့ ဝင်၍ သုံး လ တိုင် တိုင် ဘု ရား သ ခင့် နိုင် ငံ တော် အ ကြောင်း သ ဘော ကျ ကြ စေ ရန် ရဲ ရင့် စွာ ဆွေး နွေး ဟော ပြော လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ပေါလုသည်သုံးလတိုင်တိုင်တရားဇရပ်တွင် အချေအတင်ဆွေးနွေးကာဘုရားသခင်၏ နိုင်ငံတော်အကြောင်း လူတို့နားလည်သဘော ပေါက်လာစေရန်မကြောက်မရွံ့ဘဲဟော ပြော၏။- အခန်းကိုကြည့်ပါ။Judson Bible8 ထိုနောက်မှ ပေါလုသည် တရားဇရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်းများကို ဆွေးနွေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထို့နောက် ပေါလုသည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သုံးလပတ်လုံး ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးပြောဆိုကာ လူတို့ကိုစည်းရုံးလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ပေါလုသည် သုံးလတိုင်တိုင် ဂျူးဝတ်ပြုဆောင်တွင် ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးဖလှယ်ကာ ယုံကြည်လာစေရန် ကြိုးစားအားထုတ်လျက်နေ၏။ အခန်းကိုကြည့်ပါ။ |
ပေါ လု နှင့် ဗာ န ဗ တို့ က ဘု ရား သ ခင်၏ တ ရား တော် ကို သင် တို့ အား ဦး စွာ ဟော ပြော ရ၏။ သို့ ရာ တွင် သင် တို့ ပစ် ပယ် လျက် ထာ ဝ ရ အ သက် နှင့် မ ထိုက် တန် ကြောင်း ကိုယ် တိုင် ဆုံး ဖြတ် ကြ သော ကြောင့် မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် ကယ် တင် ရာ ကယ် တင် ကြောင်း အ လို့ ငှါ၊ လူ မျိုး ခြား တို့ ရှေ့ အ လင်း သ ဖွယ် သင့် ကို ငါ ခန့် ထား သည် ဟူ သော ထာ ဝ ရ ဘု ရား အ မိန့် တော် ကို ရ သည့် အ တိုင်း၊ ငါ တို့ သည် လူ မျိုး ခြား တို့ ထံ လှည့် တော့ မည် ဟု ရဲ ရင့် စွာ ပြန် ဆို ကြ၏။
သို့ ရာ တွင် အ ချို့ ခဲ ယဉ်း လျက် မ နာ မ ယူ ဘဲ ပ ရိ သတ် ရှေ့ မဂ် လမ်း တော် ကို မ ကောင်း ပြော ဆို ကြ သည့် ကာ လ ကိုယ် တိုင် ထွက် ခွာ၍ တ ပည့် တော် တို့ ကို လည်း ခွဲ ထား ပြီး လျှင်၊ တု ရ န္နု၏ သိ ပ္ပံ ကျောင်း တွင် နှစ် နှစ် ပတ် လုံး နေ့ စဉ် ဆွေး နွေး ဟော ပြော လျက် နေ သ ဖြင့် အာ ရှိ ပြည် တွင် ယု ဒ လူ မျိုး၊ ဂ ရိတ် လူ မျိုး ရှိ သ မျှ တို့ သည် အ ရှင် ဘု ရား၏ တ ရား တော် ကို ကြား နာ ရ ကြ၏။
သို့ နှင့် အ ညီ၊ နေ့ ချိန်း ချက် ပြီး သော်၊ ပေါ လု တည်း ခို ရာ အိမ် သို့ အ များ တို့ လာ ရောက် ကြ ရာ၊ ပေါ လု သည် နံ နက် အ ချိန် မှ ည နေ အ ချိန် တိုင် မော ရှေ၏ ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ ကို ကိုး၍ ဘု ရား သ ခင့် နိုင် ငံ တော့် အ ကြောင်း သက် သေ ခံ လျက်၊ ယေ ရှု အ ကြောင်း သ ဘော ကျ စေ ရန် ဘော် ပြ ရာ၊