Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 17:32 - Garrad Bible

32 သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း ကြား သော် အ ချို့ သ ရော် လျက်၊ အ ချို့ က ဤ အ ကြောင်း နှင့် စပ်၍ သင် ဟော ရာ ကို နောက် တစ် ဖန် နား ထောင် ဦး မည် ဟု ဆို ကြ သည့် အ လျောက် သူ တို့ အ လယ် မှ ပေါ လု ထွက် သွား ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 သူ​သေ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း ကို​ကြား​သော​အ​ခါ လူ​အ​ချို့​တို့​သည်​ပြောင် လှောင်​ကြ​၏။ သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​က မူ ``သင်​ပြော​ဆို​နေ​သည့်​အ​ကြောင်း​အ​ရာ​ကို ငါ​တို့​တစ်​ဖန်​ကြား​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြား​ရ​လျှင်၊ အ​ချို့​တို့​သည် ကဲ့​ရဲ့​ကြ၏။ အ​ချို့​တို့​က၊ ဤ​အ​မှု​မှာ သင်၏​စ​ကား​ကို ငါ​တို့​သည် နောက်​တစ်​ဖန် နား​ထောင်​ဦး​မည်​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြား​ကြ​သောအခါ အချို့​သော​သူ​တို့​သည် ကဲ့ရဲ့​ကြ​၏။ အချို့​သော​သူ​တို့​က​မူ “ဤ​အကြောင်း​နှင့်​ပတ်သက်၍ သင့်​ထံမှ နောက်တစ်ဖန် နားထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 သေလွန်သော​သူတို့​ထမြောက်ခြင်း​အကြောင်း​ကို ကြားရ​သောအခါ တချို့​က လှောင်ပြောင်​ကဲ့ရဲ့ကြ၏။ သို့သော် တချို့​မှာ “ဤ​အကြောင်း​ကို နောက်​တစ်ကြိမ် ထပ်​၍ ကြားနာလိုပါသည်” ဟု ပြောကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 17:32
23 ပူးပေါင်းရင်းမြစ်များ  

လော တ ထွက်၍ သ မီး နှင့် စုံ ဖက် သူ သ မက် တို့ အား၊ ထ ကြ။ ဤ မြို့ မှ ထွက် သွား ကြ။ ဤ မြို့ ကို ထာ၀ ရ ဘုရား ဖျက် ဆီး တော် မူ မည် ဟု ဆို သော် လည်း ကျီ စယ် သည် ဟု သ မက် တို့ ထင် ကြ ၏။


လူ မျိုး တော် အ ပေါ် တွင် တင် ထား သော အ မျက် တော် မ ငြိမ်း နိုင် အောင်၊ ဘု ရား သ ခင် တ မန် တော် တို့ အား ကဲ့ ရဲ့ ခြင်း၊ ဗျာ ဒိတ် တော် ကို မ ထီ လေး စား ခြင်း၊ ပ ရော ဖက် တို့ အား ပြောင် လှောင် ခြင်း များ ကို ပြု ကြ သည် နှင့်၊


ရှိ သ မျှ တို့ အ ညီ အ ညွတ် ခွင့် ပန် ကြ ရာ တစ် ယောက် က ကျွန် တော် သည် ဝယ် ပြီး လယ် ကို အ ကြည့် သွား ရ မည် ဖြစ် သော ကြောင့် ခွင့် လွှတ် ရန် တောင်း ပန် ပါ သည် ဟူ၍ လည်း ကောင်း၊


ကိုယ် တော် ကို ကိုင် ထား သူ တို့ သည် ရိုက် နှက် ခြင်း၊ မျက် နှာ တော် ကို ဖုံး ခြင်း ကို ပြု လျက် မည် သို့ ရိုက် ကြောင်း ဟော လော့ ဟု သ ရော် ၍ ဆို ပြီး လျှင်၊


အ ပြင်း အ ထန် စွဲ ဆို ကြ ရာ ဟေ ရုဒ် မင်း နှင့် ကိုယ် ရံ တော် တို့ သည် ကိုယ် တော် ကို မ ထီ လေး စား ပြု၍ သ ရော် လျက် အ ထူး အ ဆန်း ဆင် ယင် ပြီး လျှင် ပိ လတ် မင်း ထံ ပြန် ပို့ လိုက်၏။


ဦး ခေါင်း တော် အ ထက်၌ ဤ သူ ကား ယု ဒ လူ မျိုး တို့ ဘု ရင် တည်း ဟူ၍ က မ္ပည်း ဆွဲ ထား ပြီး ဖြစ် သည့် အ လျောက် စစ် သည် တို့ ချဉ်း ကပ်၍ ပုန်း ရည် ကို ကမ်း ပေး လျက် သင် သည် ယု ဒ လူ မျိုး တို့ ဘု ရင် မှန် လျှင် ကိုယ် ကို ကယ် လော့ ဟု သ ရော် ကြ၏။


ဧ ပိ ကု ရန် နှင့် သ တော အိတ် ခေါ် သင်္ဂြိုဟ် တတ် တို့ သည် သူ နှင့် ဆိုင် ပြိုင်၍ အ ချို့ က ဤ စ ကား အိုး ကား မည် သို့ ပြော ဆို လို သ နည်း ဟူ၍ လည်း ကောင်း၊ ယေ ရှု အ ကြောင်း နှင့် ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း ပေါ လု ဟော ပြော သော ကြောင့်၊ အ ချို့ က ထူး ခြား သော နတ် များ ကို ရည် လျက် ဖော် ပြ ဟန် ရှိ သည် ဟူ၍ လည်း ကောင်း ပြော ဆို ပြီး လျှင်၊


သို့ ရာ တွင် လူ အ ချို့ သည် သူ့ ထံ ဆည်း ကပ်၍ ယုံ ကြည် ရာ လွှတ် တော် အ ရာ ရှိ ဒိ သြ နု သိ နှင့် ဒ မာ ရိ ခေါ် မိန်း မ မှ စ၍ အ ခြား သူ တို့ ပါ ဝင် ကြ၏။


အ ချို့ က မူ စ ပျစ် ရည် ကြူး သူ များ ဖြစ် သည် ဟု ပြောင် လှောင် ပြော ဆို ကြ ၏။


ဖြောင့် မတ် ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း၊ သင့် ရောက် လ တ္တံ့ သော တ ရား စီ ရင် တော် မူ ခြင်း များ အ ကြောင်း ပေါ လု ဆွေး နွေး ဟော ပြော သော် ဖေ လဇ် မင်း ထိတ် လန့်၍ ယ ခု သွား ပါ တော့၊ အ ခါ အ ခွင့် ရ လျှင် ခေါ် ဦး မည် ဟု ပြန် ဆို ပြီး နောက်၊


သူ တို့ အ ယူ ဘာ သာ မှ စ၍ သေ လွန် ပြီး ဖြစ် သော ယေ ရှု ဆို သူ့ ဆိုင် ရာ ဆွေး နွေး ချက် များ အ ကြောင်း စွဲ ဆို ကြ၏။ ပေါ လု မူ ကား ထို သူ အ သက် ရှင် သည် ဟူ၍ ကြား ပြော လေ၏။


သူ သေ တို့ ကို ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ကြောင်း ယုံ နိုင် ဖွယ် မ ဟုတ် ဟု အ ဘယ့် ကြောင့် ထင် မှတ် ကြ သ နည်း။


ယု ဒ လူ မျိုး တို့၌ ခ လုတ်၊ လူ မျိုး ခြား တို့၌ အ မိုက် သ ဖွယ် ဖြစ် သော် လည်း ယု ဒ လူ မျိုး ဖြစ် စေ၊ ဂ ရိတ် လူ မျိုး ဖြစ် စေ၊ ခေါ် ထား တော် မူ သူ တို့၌ ဘု ရား သ ခင့် တန် ခိုး တော်၊ ဘု ရား သ ခင့် ပ ညာ တော် ဖြစ် သော ကား တင် ခံ တော် မူ ခဲ့ သည့် ခ ရစ် တော် အ ကြောင်း ကို ငါ တို့ ဟော ပြော ကြ ၏။


ခ ရစ် တော် သည် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ ပြီး ဖြစ် ကြောင်း ဟော ပြော သည် မှန် လျှင် သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ ဟု သင် တို့ အ နက် အ ချို့ တို့ အ သို့ ဆို ကြ သ နည်း။


ငါ တို့ သည် ခ ရစ် တော့် အ တွက် လူ မိုက်၊ သင် တို့ သည် ခ ရစ် တော် အား ဖြင့် ပ ညာ ရှိ၊ ငါ တို့ သည် အား နည်း သူ၊ သင် တို့ သည် အား ကြီး သူ၊ ငါ တို့ သည် အ သ ရေ မဲ့ သူ၊ သင် တို့ သည် အ သ ရေ ရှိ သူ များ ဖြစ် ကြ ပြီ တ ကား။


ဤ လော က ထက် မြတ် သူ အ ချို့ တို့ သည် သ ရော် ခြင်း၊ ရိုက် နှက် ခြင်း သာ မ က ချည် နှောင် ခြင်း၊ ထောင် ချ ခြင်း များ ဖြင့် စုံ စမ်း ခံ လျက် ခဲ ပစ် ခြင်း၊ သွေး ဆောင် ခြင်း၊ လွှ ဖြတ် ခြင်း၊ ဓား ခုတ် ခြင်း များ ကို ခံ ကြ သည့် ပြင် သိုး ရေ၊ ဆိတ် ရေ ဝတ် လျက်၊ ခို ရာ မဲ့ လျက်၊ ညှဉ်း ပန်း ခြင်း နှိပ် စက် ခြင်း ခံ လျက်၊ တော တောင် ဥ မင် လှိုင် များ တွင် လှည့် ပြောင်း၍ နေ ကြ၏။


သို့ ဖြစ်၍ ငါ တို့ သည် ကိုယ် တော် အ တွက် ကဲ့ ရဲ့ ခံ လျက် တပ် စား ခန်း ပြင် ကိုယ် တော် ရှိ ရာ သို့ ထွက် သွား ကြ ကုန် အံ့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ