တမန်တော်ဝတ္ထု 17:23 - Garrad Bible23 ငါ သည် ရှောက် သွား၍ သင် တို့ ကြည် ညို ရာ များ ကို ရှု ကြည့် စဉ် ငါ တို့ မ သိ သော ဘု ရား အ ဖို့ ဟူ၍ က မ္ပည်း ထိုး ထား သော ပူ ဇော် ရာ ပ လ္လင် တစ် ခု ကို လည်း တွေ့ မြင်၏။ သို့ ဖြစ်၍ သင် တို့ မ သိ ဘဲ ကြည် ညို သော ဘု ရား အ ကြောင်း ငါ ဖော် ပြ၏။ အခန်းကိုကြည့်ပါ။Common Language Bible23 ငါသည်သင်တို့မြို့ကိုလှည့်လည်၍ ဘုရား ဝတ်ပြုရာဌာနများကိုကြည့်ရှုခဲ့စဉ် `ငါ တို့မသိသောဘုရားအတွက်' ဟူ၍ကမ္ပည်း လိပ်စာရေးထိုးထားသည့်ယဇ်ပလ္လင်တစ်ခု ကိုတွေ့ရှိခဲ့ပါ၏။ ဤသို့သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသောဘုရား၏အကြောင်း ကိုသင်တို့အားယခုငါဟောပြောပါ၏။- အခန်းကိုကြည့်ပါ။Judson Bible23 လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှုသည်တွင်၊ ငါတို့မသိသော ဘုရားသခင်အဖို့ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင်တစ်ခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏အကြောင်းကို ငါဟောပြော၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 သင်တို့ကိုးကွယ်သောအရာများကို လှည့်လည်၍ကြည့်ရှုစဉ် ‘မသိသောဘုရားအတွက်’ဟု ကမ္ပည်းထိုးထားသည့် ယဇ်ပလ္လင်တစ်ခုကို ငါတွေ့ရ၏။ ထို့ကြောင့် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောပါမည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း23 အကြောင်းမှာ ငါသည် မြို့ထဲသို့သွား၍ သင်တို့တည်ထားကိုးကွယ်သောဘုရားများကို ဂရုတစိုက်လှည့်ပတ်ကြည့်ရှုစဉ် ‘အမည်မသိသောဘုရားအတွက်’ ဟူ၍ ရေးထိုးထားသော ဘုရားစင်တစ်ခုကို မြင်ပါ၏။ ဤသို့ သင်တို့မသိမမြင်ဘဲ ကိုးကွယ်နေသော ထိုဘုရားအကြောင်းကို ယခု ကျွန်ုပ်ဟောပြောနေခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အ ဝိ ဇ္ဇာ ခေတ် ကာ လ များ ကို ဘု ရား သ ခင် ရှု မှတ် တော် မ မူ သော် လည်း ယ ခု ခေတ် မှာ ခန့် ထား တော် မူ သော ပု ဂ္ဂိုလ် အား ဖြင့် တစ် လော က လုံး တ ရား အ တိုင်း စီ ရင် ဆုံး ဖြတ် မည့် နေ့ ကို ချိန်း ချက် တော် မူ ပြီး သည့် အ လျောက် အ ပြည် ပြည် ရှိ လူ ဟူ သ မျှ တို့ အား နောင် တ ရ စေ ခြင်း ငှါ အ မိန့် ပ ညတ် ပေး တော် မူ၏။ ထို ပု ဂ္ဂိုလ် ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ သော အား ဖြင့် ထို သို့ ဖြစ် မည့် အ ကြောင်း၊ လူ ခပ် သိမ်း တို့ အား ထင် ရှား သိ သာ စေ တော် မူ ပြီ ဟု ပြော ဆို၏။
ဘု ရား သ ခင့် သား တော် သည် ကြွ လာ တော် မူ၍ ဟုတ် မှန် တော် မူ သော အ ရှင် နှင့် ကျွမ်း ဝင် ရ သော ဉာဏ် ကို ငါ တို့ အား သ နား တော် မူ ကြောင်း ငါ တို့ သိ ကြ၏။ ငါ တို့ သည် သား တော် ယေ ရှု ခ ရစ်၌ တည် ရာ ဟုတ် မှန် တော် မူ သော အ ရှင်၌ တည် ကြ၏။ ကိုယ် တော် ကား ဟုတ် မှန် သော ဘု ရား သ ခင် ထာ ဝ ရ အ သက် တော် တည်း။