တမန်တော်ဝတ္ထု 13:40 - Garrad Bible40-41 ပ ရော ဖက် ကျမ်း၌ အ ချင်း မ ထီ မဲ့ မြင် ပြု သူ တို့၊ ရှု ကြည့် အံ့ သြ လျက် ပျက် ယွင်း ကြ လော့။ ကြား၍ မ ယုံ နိုင် သော အ မှု ကို သင် တို့ လက် ထက်၌ ပင် ငါ စီ ရင် မည် ဟု လာ ရှိ သည့် အ တိုင်း ကိုယ့် အ ပေါ် သို့ မ သင့် စေ ရန် သ တိ ပြု ကြ လော့ ဟူ၍ ဟော ပြော လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible40-41 ပရောဖက်ကျမ်းများတွင်၊ `ငါမိန့်တော်မူသည်ကိုမထီမဲ့မြင်ပြုသူတို့၊ နားထောင်ကြ။ အံ့သြလျက်သေကြလော့။ ယနေ့ငါပြုမည့်အမှုကိုသူတစ်ပါးက ရှင်းလင်းဖော်ပြသော်လည်း၊ သင်တို့ယုံကြည်ကြလိမ့်မည်မဟုတ်' ဟုဖော်ပြပါရှိ၏။ ထိုဖော်ပြချက်အတိုင်းမ ဖြစ်စေရန်သတိပြုကြလော့'' ဟုဟောပြော လေ၏။ အခန်းကိုကြည့်ပါ။Judson Bible40 အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း40-41 သို့ဖြစ်၍ ‘မထီမဲ့မြင်ပြုတတ်သောသူတို့၊ ကြည့်ရှုလျက်အံ့ဩကြကာ ပျက်စီးခြင်းသို့ရောက်ကြလော့။ အကြောင်းမူကား ငါသည် သင်တို့လက်ထက်၌ အမှုတစ်ခုကို ပြုလုပ်မည်။ တစ်စုံတစ်ယောက်က ထိုအမှုကို သင်တို့အား အကုန်အစင်ပြောပြသော်လည်း သင်တို့သည် လုံးဝယုံကြည်ကြမည်မဟုတ်’ဟု ပရောဖက်များအားဖြင့် မိန့်တော်မူထားသောအရာသည် သင်တို့အပေါ် မသက်ရောက်မည့်အကြောင်း သတိပြုကြလော့”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း40 ထို့ကြောင့် ပရောဖက်များဟောပြောခဲ့သည့်အရာသည် သင်တို့တွင် မဖြစ်စေရန် သတိပြုကြလော့။ ထိုပရောဖက်များ ဟောပြောသည်မှာ အခန်းကိုကြည့်ပါ။ |
သို့ ဖြစ်၍ အို ဣ သ ရေ လ အ မျိုး သား တို့၊ သဲ က န္တာ ရ၌ နေ သော နှစ် ပေါင်း လေး ဆယ် အ တွင်း ယဇ် နှင့် ပူ ဇော် သ က္ကာ များ ကို ငါ့ အား ဆက် ကပ် ရ ကြ သ လော။ မော လုပ် နတ် စင် နှင့် ရေ ဖန် ဘု ရား၏ ကြယ် တည်း ဟူ သော ရှိ ခိုး ရန် ကိုယ် တိုင် ထု လုပ် ခဲ့ ရာ ရုပ် ထု များ ကို ပင့် ဆောင် သူ သင် တို့ ကို ဗာ ဗု လုန် မြို့ လွန် အောင် ငါ ယူ သွား မည် ဟု ပ ရော ဖက် ကျမ်း တွင် ရေး ထား သည့် အ တိုင်း ဘု ရား သ ခင် မျက် နှာ တော် လွှဲ ပြီး လျှင် က မ္ဘာ့ တန် ဆာ အား ဝတ် ပြု ကြ စေ ရန် အပ် လိုက် တော် မူ ၏။