တမန်တော်ဝတ္ထု 13:23 - Garrad Bible23 ထို မင်း မျိုး မှ လည်း ဘု ရား သ ခင် သည် က တိ တော် အ တိုင်း ဣ သ ရေ လ လူ မျိုး တို့ ထံ ယေ ရှု တည်း ဟူ သော ကယ် တင် ရှင် ကို ပေါ် ထွန်း စေ တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Common Language Bible23 ဘုရားသခင်သည်မိမိ၏ကတိတော်အတိုင်း ဣသရေလအမျိုးသားတို့အဖို့ကယ်တင်ရှင် ကို ထိုသူ၏သားမြေးများအထဲမှပေါ်ထွန်း စေတော်မူ၏။ ထိုအရှင်ကားသခင်ယေရှုပင် ဖြစ်သတည်း။- အခန်းကိုကြည့်ပါ။Judson Bible23 ထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ကတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်းစေတော်မူပြီ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ဘုရားသခင်သည် ကတိတော်အတိုင်း အစ္စရေးလူမျိုးအတွက် ကယ်တင်ရှင်ယေရှုကို ဤဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းစေတော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း23 ဘုရားသခင်သည် ကတိပြုတော်မူသည့်အတိုင်း ဒါဝိဒ်မင်း၏မျိုးဆက်မှ အစ္စရေးလူမျိုးအတွက် ယေရှုဟူသောကယ်တင်ရှင်တစ်ပါးကို ပို့ဆောင်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
နှီး နှော တိုင် ပင် ပြီး လျှင်၊ ဖော် ပြ လဲ လျှောက် ကြ စေ။ ယ မန် ရှေး ကာ လ က ပင်၊ ဤ အ မှု အ ရာ ကို ဖော် ပြ ကြား ပြော သော အ ရှင် ကား၊ မည် သူ နည်း။ ငါ ထာ ဝ ရ ဘု ရား မ ဟုတ် လော။ ငါ မှ တစ် ပါး၊ အ ခြား ဘု ရား မ ရှိ။ ငါ မှ တစ် ပါး လည်း၊ ဖြောင့် မတ် ခြင်း နှင့် ပြည့် စုံ၍ ကယ် တင် ပိုင် တော် မူ သော ဘု ရား တစ် ဆူ မျှ မ ရှိ ချေ။
ထို ကာ လ၊ ဧ ဒုံ လူ မျိုး အ ကြွင်း အ ကျန် တို့ မှ စ၍၊ နာ မ တော် ဖြင့် သ မုတ် ခံ သော ပြည် တောင် များ ကို အ ပိုင် ပေး အံ့ သော ငှာ၊ ငါ သည် ဒါ ဝိဒ် မင်း၏ ပြို လဲ ခဲ့ သော တဲ ကို ထူ စိုက် လျက်၊ ရှေး ကာ လ ကဲ့ သို့၊ မြို့ ပျက် ကို ပြု စု ပြင် ဆင်၍၊ အ ပေါက် အ ကွဲ များ ကို ထေး ဖာ မည် ဟု၊ ထို သို့ စီ ရင် သော ငါ ထာ ဝ ရ ဘု ရား မိန့် ဆို၏။
ကြောက် မက် ဖွယ် ဘေး နှင့် ရန် သူ တို့ လက် မှ ငါ တို့ လွတ် မြောက်၍ အ သက် ထက် ဆုံး မျက် မှောက် တော် တွင် သန့် ရှင်း ဖြောင့် မတ် စွာ ဝတ် ပြု ခွင့် ရ ရှိ စေ အံ့ သော ငှါ ကိုယ် တော် သည် ရန် သူ တို့ နှင့် မုန်း ထား သူ အ ပေါင်း တို့ လက် မှ ငါ တို့ ကို ကယ် လွှတ် တော် မူ လျက် ဘိုး ဘေး တို့၌ က ရု ဏာ ပြ တော် မူ လျက် အ ဘ အာ ဗြ ဟံ အား သစ္စာ ထား သည့် သန့် ရှင်း သော ပ ဋိ ညာဉ် တော် ကို သ တိ ရ တော် မူ လျက် သန့် ရှင်း သူ ရှေး ပ ရော ဖက် တို့ နှုတ် ဖြင့် က တိ ပေး တော် မူ သည့် အ တိုင်း အ စေ တော် ခံ ဒါ ဝိဒ် မင်း အ နွယ် တွင် ငါ တို့ အ ဖို့ ကယ် တင် ခြင်း ဦး ချို ကို ပေါက် ထွက် စေ တော် မူ ပြီ။
သင် သည် ငါ့ သား ဖြစ်၏။ ယ နေ့ သင့် ကို ငါ ဖြစ် ပွား စေ ပြီ ဟူ၍ ဒု တိ ယ ဆာ လံ လာ ရှိ သည် နှင့် အ ညီ ယေ ရှု ကို ရှင် ပြန် ထ မြောက် စေ ခြင်း အား ဖြင့် ဘိုး ဘေး တို့ အား ထား ခဲ့ သော က တိ တော် ကို သား မြေး ဖြစ် သူ ငါ တို့ လက် ထက် ဘု ရား သ ခင် ပြည့် စုံ စေ တော် မူ ကြောင်း ငါ တို့ လည်း သင် တို့ ထံ ယ ခု ကြား ပြော နေ ကြ၏။
ခ ရစ် တော် ယေ ရှု၏ ကျွန် ပေါ လု က၊ ရုပ် ခ န္ဓာ အ လျောက် ဒါ ဝိဒ် မင်း မျိုး ဖြစ် တော် မူ ထ သော၊ သန့် ရှင်း သော နံ ခန္ဓာ အ လျောက် သေ ခြင်း မှ ရှင် ပြန် ထ မြောက် ခြင်း အား ဖြင့် ဘု ရား သ ခင့် သား တော် အ ဖြစ် တန် ခိုး ကြီး စွာ ထင် ရှား တော် မူ ထ သော၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် တည်း ဟူ သော ထို သား တော့် အ ကြောင်း၊ ရော မ မြို့ တွင် ဘု ရား သ ခင် ချစ် လျက် သီး သန့် ခေါ် ထား တော် မူ သူ သင် တို့ ရှိ သ မျှ ထံ ရေး လိုက် သည် မှာ၊ ယေ ရှု ခ ရစ် ခေါ် ထား တော် မူ ခဲ့ ရာ သင် တို့ ပါ ဝင် သော လူ မျိုး ခြား ခပ် သိမ်း တို့ တွင် နာ မ တော် အ ဖို့ ယုံ ကြည်၍ လိုက် နာ စေ အံ့ သော ငှါ ထို အ ရှင် ကြောင့် တ မန် တော် ရာ ထူး နှင့် ကျေး ဇူး တော် ကို ငါ တို့ ခံ ရ ကြ သည် နှင့် အ ညီ ငါ တို့ အ ဘ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ် အ ထံ တော် မှ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော။
တိုး ဝင် ကြ ပြီး မှ ရွေး နုတ် သော အ ရှင် သည် ဇိ အုန် မြို့ က ပေါ် ထွန်း လျက် မ တ ရား မှု များ ကို ယာ ကုပ် အ မျိုး မှ ပယ် ရှား တော် မူ မည်။ ထို သို့ သူ တို့ အ ပြစ် များ ကို ငါ ဆောင် သွား ရာ၌ ဖွဲ့ ခဲ့ ရင်း ပ ဋိ ညာဉ် ကို ငါ အ တည် ပြု မည် ဟူ သော ကျမ်း ချက် အ ရ၊ ဣ သ ရေ လ တစ် မျိုး လုံး ကယ် တင် ရာ ရောက် ကြ လိမ့် သ တည်း။