တမန်တော်ဝတ္ထု 13:17 - Garrad Bible17 ဤ လူ မျိုး တော်၏ ဘု ရား သ ခင် သည် ငါ တို့ ဘိုး ဘေး များ ကို ရွေး ကောက် တော် မူ၍ အိ ဂျစ် ပြည် တွင် နေ ထိုင် ကြ စဉ် လူ မျိုး တော် ကို ချီး မြှောက် လျက် ဆန့် တန်း သော လက် ရုံး တော် ဖြင့် ထုတ် ဆောင် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Common Language Bible17 ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ငါတို့ဘိုးဘေးများအီဂျစ်ပြည်တွင် သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင်ကြစဉ်၊ သူတို့အားရွေးကောက်၍ လူမျိုးကြီးဖြစ်စေ တော်မူ၏။ မဟာတန်ခိုးတော်ဖြင့်ထိုပြည် မှထုတ်ဆောင်သွားတော်မူကာ၊- အခန်းကိုကြည့်ပါ။Judson Bible17 ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့် ထိုပြည်မှ နုတ်ဆောင်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 အစ္စရေးလူမျိုး၏ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍ အီဂျစ်ပြည်၌ ဧည့်သည်အဖြစ်နေထိုင်စဉ် ဤလူမျိုးတော်ကို ချီးမြှောက်တော်မူ၏။ ထို့နောက် အားကြီးသောလက်ရုံးတော်အားဖြင့် သူတို့ကို ထိုတိုင်းပြည်မှ ထုတ်ဆောင်တော်မူပြီး အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ဤအစ္စရေးလူမျိုး၏ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘိုးဘေးများကို ရွေးချယ်၍ အီဂျစ်ပြည်၌ ဧည့်သည်အဖြစ် ရှိနေစဉ်အတွင်း ချီးမြှောက်ကာ လူဦးရေတိုးပွားစေတော်မူ၏။ အားကြီးသောလက်တော်ဖြင့်လည်း ထိုတိုင်းပြည်မှ ခေါ်ထုတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
၎င်း ပြင်၊ သင် တို့ အ တွက် မျက် မှောက် ထင် ထင်၊ အိ ဂျစ် ပြည်၌ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သ မျှ အ လျောက်၊ စုံ စမ်း ခြင်း၊ သက် သေ နိ မိတ် လ က္ခ ဏာ ပြ ခြင်း၊ စစ် တိုက် ခြင်း၊ အား ကြီး သော လက် ရုံး တော် ဆန့် တန်း ခြင်း၊ ကြောက် မက် ဖွယ် တန် ခိုး ပြ ခြင်း များ ဖြင့် လူ တစ် မျိုး ကို တစ် မျိုး အ တွင်း မှ ထုတ် ဆောင် ရန် သွား ဝံ့ ဖူး သော ဘု ရား ရှိ သေး ၏ လော။
သင် တို့ ဘိုး ဘေး များ ကို မြတ် နိုး တော် မူ သည် နှင့် အ ညီ၊ သင် တို့ ထက် ခွန် အား တန် ခိုး ကြီး သော လူ မျိုး ခြား တို့ ကို၊ သင် တို့ ရှေ့ နှင် ထုတ် တော် မူ အံ့ သော ငှါ လည်း ကောင်း၊ ယ ခု ဖြစ် သည့် အ တိုင်း ဆောင် သွင်း ၍၊ နေ ပြည် ကို အ ပိုင် ပေး တော် မူ အံ့ သော ငှါ လည်း ကောင်း၊ ကိုယ် တော် တိုင်၊ မ ဟာ တန် ခိုး ဖြင့်၊ အ နွယ် ဖြစ် သော သင် တို့ ကို ရွေး ချယ် လျက် အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ သည် ကို ထောက် ၍၊
ဒိ ဋ္ဌ မြင် ရ ကြ သော မ ဟာ စုံ စမ်း ခြင်း များ ကို လည်း ကောင်း၊ သင် တို့ ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထုတ် ဆောင် တော် မူ ရာ သက် သေ နိ မိတ် လ က္ခ ဏာ များ နှင့် အား ကြီး သော လက် ရုံး တော် ဆန့် တန်း ခြင်း များ ကို လည်း ကောင်း၊ သ တိ ရ ကြ လော့။ ထို နည်း တူ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သင် တို့ ကြောက် ရွံ သော လူ မျိုး ရှိ သ မျှ ၌ စီ ရင် တော် မူ မည့် ပြင်၊
သင် တို့ ဖြောင့် မတ် ခြင်း၊ စိတ် သ ဘော ရိုး သား ခြင်း များ ကြောင့်၊ ချင်း တို့ ပြည် ကို အ ပိုင် ရ ခြင်း ငှါ၊ ဝင် ရောက် ခွင့် ရ ကြ သည် မ ဟုတ်။ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ထို လူ မျိုး တို့ ဆိုး သွမ်း ခြင်း ကို ထောက်၍၊ ဘိုး ဘေး များ ဖြစ် သူ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ အား သ စ္စာ ဆို တော် မူ ချက် ကို အ တည် ပြု အံ့ သော ငှါ၊ သင် တို့ ရှေ့ နှင် ထုတ် တော် မူ ၏။