တမန်တော်ဝတ္ထု 12:23 - Garrad Bible23 ဟေ ရုဒ် မင်း သည် ဘု ရား သ ခင့် ဘုန်း တော် ကို မ ထောက် သော ကြောင့် ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် တစ် ပါး ချက် ခြင်း ဒဏ် ခတ် သ ဖြင့် ပိုး စား၍ ကွယ် လွန် လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible23 ထိုအခါမင်းကြီးသည်ဘုရားသခင်၏ ဂုဏ်တော်ကိုမထောက်သည့်အတွက် ချက်ချင်း ပင်ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်သဖြင့် သန်ထိုး၍ကွယ်လွန် တော်မူလေသည်။ အခန်းကိုကြည့်ပါ။Judson Bible23 ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏချင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 မင်းကြီးသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမွမ်းသောကြောင့် ထိုခဏချင်းတွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်သဖြင့် သူသည် ပိုးစားခံရ၍ အနိစ္စရောက်လေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း23 ထိုအခါ သူသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမြှောက်သောကြောင့် ထာဝရဘုရား၏ကောင်းကင်တမန်သည် ချက်ချင်းပင် ဒဏ်ခတ်သဖြင့် ပိုးများကိုက်စားခြင်းခံရ၍ သေဆုံးလေ၏။ အခန်းကိုကြည့်ပါ။ |
အာ ရှု ရိ ဘု ရင့် တပ် တော်၌၊ မှူး တော် မတ် တော်၊ ဗိုလ် မှူး မှ စ၍၊ စစ် ခေါင်း မာ သူ ဟူ သ မျှ တို့ ကို၊ လွှတ် သော စေ တ မန် တော့် လက် ဖြင့်၊ ထာ ဝ ရ ဘု ရား ဖျက် ဆီး တော် မူ သည် နှင့်၊ အာ ရှု ရိ ဘု ရင် သည် မျက် နှာ ပျက် လျက်၊ ကိုယ့် ပြည် သို့ ဆုတ် ပြန်၍၊ ကိုယ့် ဘု ရား ကျောင်း သို့ ဝင် ရောက် ရာ၊ သား တော် ရင်း တို့ သည် ဓား ဖြင့် လုပ် ကြံ ကြ လေ ၏။
အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည် အိ ဂျစ် လူ တို့ ကို ဒဏ် ခတ် ခြင်း ငှါ ဖြတ် သန်း တော် မူ မည်။ တံ ခါး ထုပ် နှင့် တံ ခါး တိုင် နှစ် ဘက် တွင် အ သွေး ကို မြင် သော အ ခါ ထာ ဝ ရ ဘု ရား သည် ထို တံ ခါး ကို ရှောင် သွား တော် မူ ၍ လုပ် ကြံ သော စေ တ မန် တော် သည် သင် တို့ ကို ဒဏ် ခတ် ရန် အိမ် သို့ ဝင် ခွင့် ပြု တော် မ မူ။
အ ချင်း လူ့ သား၊ တု ရု မြို့ စံ မင်း အား သင် ဆင့် ဆို ရ မည့် ငါ အ ရှင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် ချက် ကား၊ ဘု ရား သ ခင် သ ဘော တော် နှင့် အ မျှ၊ သ ဘော ကို ချီး မြှင့် လျက် ပင်၊ ဘု ရား မ ဟုတ် လူ မျှ သာ ဖြစ် သော သင် က၊ ငါ သည် ဘု ရား ဖြစ် ၏။ ဘု ရား သ ခင့် စံ နေ တော် မူ ရာ သ မု ဒ္ဒ ရာ ဗ ဟို တွင်၊ ငါ စံ နေ သည် ဟု စိတ် နေ မြင့်၍ အောက် မေ့ သော ကြောင့်လည်း ကောင်း၊