Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 10:9 - Garrad Bible

9 နောက် နေ့၌ ယု ပ္ပေ မြို့ အ နီး ထို သူ တို့ ခ ရီး သွား ​သေး စဉ် ပေ တ ရု သည် မွန်း တည့် အ ချိန် ခန့် ပ ဌ နာ ပြု ရန် အိမ် မိုး ပေါ် သို့ တက် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ထို​သူ​တို့​သည်​ခ​ရီး​ပြု​ကြ​ရာ​နောက်​တစ်​နေ့ ၌​ယုပ္ပေ​မြို့​အ​နီး​သို့​ရောက်​ကြ​၏။ မွန်း​တည့် ချိန်​ခန့်​တွင်​ပေ​တ​ရု​သည် ဆု​တောင်း​ရန်​အိမ် အ​မိုး​ပေါ်​သို့​တက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 နက်​ဖြန်​နေ့၌ ထို​သူ​တို့​သည် သွား၍ ယု​ပ္ပေ​မြို့​အ​နီး​သို့ ရောက်​ကြ​သော​အ​ခါ၊ နှစ်​ချက်​တီး​အ​ချိန်​တွင် ပေ​တ​ရု​သည် ဆု​တောင်း​ခြင်း​ငှာ အိမ်​မိုး​ပေါ်​သို့ တက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 နောက်တစ်နေ့​တွင် ထို​သူ​တို့​သည် ခရီး​ပြု​လျက် ယုပ္ပေ​မြို့​အနီး​သို့​ရောက်လာ​ကြ​စဉ် မွန်းတည့်​ချိန်​ဝန်းကျင်​၌ ပေတရု​သည် ဆုတောင်း​ရန် လေသာဆောင်​ပေါ်သို့ တက်​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 နောက်​တစ်နေ့​၌ ထို​သူတို့​သည် ခရီးသွား​၍​ယုပ္ပေမြို့​နှင့် နီးလာ​စဉ် မွန်းတည့်ချိန်​ခန့်​တွင် ပေတရု​သည် ဆုတောင်း​ရန် လသာဆောင်​ပေါ်သို့ တက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 10:9
19 ပူးပေါင်းရင်းမြစ်များ  

အ မိုး ပျဉ် တွင်၊ က မ္ဘာ့ တန် ဆာ အား ရှိ ခိုး ကြ သော သူ တို့ ကိုလည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား ထံ သ စ္စာ တော် ခံ လျက် ပင်၊ မိ လ ခုံ အား တိုင် တည်၍ သ စ္စာ ဆို ခြင်း၊ ရှိ ခိုး ခြင်း ပြု ကြ သော သူ တို့ ကို လည်း ကောင်း၊


ညဉ့် ဦး ယံ၊ နံ နက် ယံ၊ မွန်း တည့် ယံ များ၌၊ ငါ ပြု မည့် ညည်း တွား မြည် တမ်း သံ ကို ကြား တော် မူ လိမ့် မည်။


ငါ တို့ မူ ကား ပ ဌ နာ မှု၊ တ ရား တော် ဟော ပြော မှု များ ကို ဆောင် မြဲ ဆောင် လိမ့် မည် ဟု ပြော ဆို သော စ ကား ကို၊


နှုတ် ဆက် လိုက် ပြီး နောက် ပ ဌ နာ ပြု ရန် တောင် ပေါ် သို့ တက် ကြွ သ ဖြင့်


နောက် နေ့ နံ နက် မ တိုင် မီ ကိုယ် တော် သည် နိုး ထ ထွက် သွား ပြီး လျှင် တော အ ရပ် သို့ ကြွ ရောက်၍ ပ ဌ နာ ပြု တော် မူ စဉ်၊


မွန်း တည့် အ ချိန် က စ၍ မွန်း လွဲ သုံး နာ ရီ အ ချိန် တိုင် တစ် ပြည် လုံး မှောင် ကျ လျက် နေ ၏။


အိမ် မိုး ပေါ် တွင် ရှိ နေ သူ သည် အိမ် တွင်း ရှိ ပ စ္စည်း ကို ယူ ရန် ဆင်း သက် ခြင်း၊


မွန်း တည့် နှင့် မွန်း လွဲ သုံး နာ ရီ အ ချိန် များ တွင် လည်း တစ် ဖန် သွား၍ ထို နည်း တူ ပြု၏။


သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။


ထို သို့ လက် မှတ် ရေး ထိုး ကြောင်း ကို ဒံ ယေ လ ကြား သိ သော အ ခါ အိမ် သို့ ပြန် သွား၍ ယေ ရု ရှ လင် မြို့ သို့ မျက် နှာ ပြု ရာ ပြူ တင်း ပေါက် ပွင့် လျက် ရှိ သော အ ထက် ခန်း၌ ပြု လေ့ ရှိ သည့် အ တိုင်း တစ် နေ့ လျှင် သုံး ကြိမ် ဒူး ထောက် လျက် ဘု ရား သ ခင် အား ဆု တောင်း၍ ကျေး ဇူး တော် ကို ချီး မွမ်း လေ၏။


တိုက် လျက် နေ သော ခါ လ ဒဲ တပ် သား တို့ ဝင် ရောက် ပြီး လျှင်၊ ဗာ လ နတ် အား မီး ဖြင့် ပူ ဇော် ခြင်း၊ အ ခြား ဘု ရား များ အား သွန်း လောင်း ရာ သ က္ကာ တင် သ ခြင်း များ ကို၊ အ မျက် တော် တိုက် အောင် အ မိုး ပျဉ် တွင် ပြု ကြ ရာ တိုက် အိမ် များ မှ စ၍ တစ် မြို့ လုံး ကို၊ မီး ရှို့ ကျွမ်း လောင် စေ ကြ မည်။


ထို သူ တို့ သည် မြင့် ရာ ဌာ န မှ မြို့ တွင်း သို့ သက် ဝင် ပြီး လျှင် တိုက် မိုး ရင် ပြင် တွင် ဆွေး နွေး လျက် နေ ကြ လေ၏။


သို့ နှင့် အ ညီ အ ရပ် ရပ် နေ ယောက်ျား တို့ သည် အ မျက် ထွက် ခြင်း၊ ငြင်း ဆန် ခြင်း ကင်း၍ သန့် ရှင်း စွာ လက် အုပ် ချီ လျက် ပ ဌ နာ ပြု ကြ စေ ရန် ငါ အ လို ရှိ၏။


ဝိ ညာဉ် တော် အား ဖြင့် အ ခါ ခပ် သိမ်း တောင်း လျှောက် ပ ဌ နာ ပြု လျက် ရပ် ခံ ကြ လော့။ ငါ အ တည့် အ လင်း ကြား ပြော သင့် သည် နှင့် အ ညီ သ တင်း တော် မြတ် နက် နဲ ရာ ကို အ တည့် အ လင်း ဖော် ပြ ရန် ဟော ပြော ခြင်း နှုတ် သ တ္တိ ကို သ နား တော် မူ စေ ခြင်း ငှါ ထို သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ ရ သော သံ တ မန် ဖြစ် သူ ငါ့ အ ဖို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အ ဖို့လည်း ကောင်း ထို သို့ ပ ဌ နာ ပြု မြဲ ပြု လျက် စောင့် နေ ကြ လော့။


ဒါ ဝိဒ် မင်း သည် ည နေ ချမ်း အ ချိန် သ လွန် မှ ထ ပြီး လျှင် နန်း တော် အ မိုး ပြင် တွင် စ င်္ကြံ လျှောက် ခိုက်၊ ရှု ချင် ဖွယ် အ ဆင်း လှ သော မိန်းမ တစ် ယောက် ရေ ချိုး လျက် နေ သည် ကို မြင်၍


မွန်း လွဲ သုံး နာ ရီ ခန့် အ ချိန် ကော် နေ လိ ဟု ခေါ် လျက် ဝင် လာ သော ဘု ရား သ ခင့် စေ တ မန် တော် တစ် ပါး ကို ရူ ပါ ရုံ တွင် အ ထင် အ ရှား မြင် ရ ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ