Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 10:17 - Garrad Bible

17 မြင် ရ သော ရူ ပါ ရုံ အ ဓိ ပ္ပါယ် အ ကြောင်း ပေ တ ရု တွေး တော လျက် နေ စဉ်၊ ကော် နေ လိ စေ လွှတ် လိုက် သူ တို့ သည် ရှိ မုန် အိမ် ကို တွေ့ သ ဖြင့် တံ ခါး အ နီး ရပ် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ပေ​တ​ရု​သည်​ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဆင်​ခြင်​စဉ်း​စား​လျက်​နေ​၏။ ထို အ​ချိန်​၌​ကော်​နေ​လိ​စေ​လွှတ်​လိုက်​သော​လူ တို့​သည် ရှိ​မုန်​၏​အိမ်​ကို​မေး​မြန်း​ရှာ​ဖွေ​၍ ယ​ခု​အိမ်​ရှေ့​သို့​ရောက်​ရှိ​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ပေ​တ​ရု​သည် မိ​မိ​မြင်​ရ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကား၊ အ​ဘယ်​သို့ ဆို​လို​သ​နည်း​ဟု တွေး​တော​ဆင်​ခြင်၍ နေ​စဉ်​တွင်၊ ကော်​နေ​လိ​စေ​လွှတ်​သော​သူ​တို့​သည် ရှိ​မုန်​အိမ်​ကို မေး​မြန်း​ရှာ​ဖွေ၍ တံ​ခါး​ရှေ့​မှာ​ရပ်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 မိမိ​မြင်​ရ​သော​ရူပါရုံ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း ပေတရု​သည် စိတ်​ထဲ၌ ဝေခွဲမရ​ဖြစ်​နေ​စဉ် ကော်နေလိ​စေလွှတ်​လိုက်​သော​လူ​တို့​သည် ရှိမုန်​၏​အိမ်​ကို​မေးမြန်း​ရှာဖွေ​ပြီး အိမ်​တံခါး​ရှေ့သို့ ရောက်လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ပေတရု​သည် မြင်ခဲ့ရသော​ရူပါရုံ​၏​အဓိပ္ပာယ်​မှာ မည်သို့နည်း​ဟု တွေးတော​လျက် စိတ်ရှုပ်ထွေး​နေစဉ် ကော်နေလိ​စေလွှတ်သော​လူများ​သည် ရှိမုန်​အိမ်​ကို စုံစမ်း​၍ တံခါးဝ​တွင်​ရောက်ရှိလာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 10:17
9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်သည် တပည့်တော်တို့၏ခြေများကိုဆေး၍ ဝတ်လုံတော်ကိုဝတ်ဆင်ပြီးလျှင် ထိုင်ပြန်တော်မူသည့်ကာလ၊ သင်တို့၌ငါပြုခဲ့သောအမှုကို နားလည်ကြသလော။


မွန်း လွဲ သုံး နာ ရီ ခန့် အ ချိန် ကော် နေ လိ ဟု ခေါ် လျက် ဝင် လာ သော ဘု ရား သ ခင့် စေ တ မန် တော် တစ် ပါး ကို ရူ ပါ ရုံ တွင် အ ထင် အ ရှား မြင် ရ ၏။


ရှိ သ မျှ တို့ ပင် မိန်း မော တွေး တော လျက် ဤ အ မှု ကား မည် သို့ နည်း ဟု အ ချင်း ချင်း မေး မြန်း ကြ ၏။


ကျွန်ုပ် သည် ထို အ ကြောင်း များ နှင့် စပ်၍ စီ ရင် ထုံး မ တွေ့ သော ကြောင့် ယေ ရု ရှ လင် မြို့ သို့ သွား ပြီး လျှင် စီ ရင် ခံ လို သည်၊ မ လို သည် ကို မေး မြန်း ရာ၊


ထို စ ကား ကို ဗိ မာန် တော် မ ဟာ ဒါန် ဝန် နှင့် ပ ရော ဟိတ် ကြီး တို့ ကြား သော်၊ အ ဖြစ် အ ပျက် အ ကြောင်း တွေး တော လျက် နေ ကြ စဉ်၊


ထို အ ခါ ဒ မာ သက် မြို့ တွင် အာ န နိ ဆို သူ တ ပည့် တော် တစ် ပါး ရှိ သ ဖြင့် အ ရှင် ဘု ရား သည် အာ န နိ ဟု မ နော အာ ရုံ ဖြင့် ခေါ် တော် မူ သော် အ ကျွန်ုပ် ရှိ ပါ သည် အ ရှင် ဘု ရား ဟု ထူး သည့် ကာ လ၊


ပေ တ ရု သည် ယု ပ္ပေ မြို့ တွင် သား ရေ နယ် ဆ ရာ ရှိ မုန် ဆို သူ နှင့် နေ့ ရက် များ စွာ နေ ထိုင် လေ၏။


အ ဇ္စျ တ္တ၌ တည် နေ သော ခ ရစ် တော်၏ ဝိ ညာဉ် တော် ညွှန် ပြ သည့် အ တိုင်း မည် သည့် အ ဖြစ် အ ပျက် အ ချိန် ကာ လ တွင် ခ ရစ် တော် အ ​သေ ခံ ပြီး နောက် ဘုန်း ပွင့် တော် မူ မည် ကို ရှာ ဖွေ ကြ ပြီး လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ