Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 1:24 - Garrad Bible

24-25 လူ ခပ် သိမ်း တို့ ၏ စိတ် နှ လုံး ကို သိ တော် မူ သော အို အ ရှင် ဘု ရား၊ ယု ဒ သည် ဆိုင် ရာ နေ ရာ သို့ သွား ရ စေ ရန် အ မှု တော် ဆောင် ရာ ထူး၊ တ မန် တော် ရာ ထူး မှ ရွေ့ လျော့ ဖောက် ပြန် သော ကြောင့် ထို ရာ ထူး ကို ဆက် ခံ စေ ခြင်း ငှါ၊ ဤ သူ နှစ် ယောက် တွင် မည် သူ့ ကို ရွေး ကောက် တော် မူ ကြောင်း ပြ တော် မူ ပါ ဟု တောင်း လျှောက် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24-25 ထို​နောက်​တ​ပည့်​တော်​တို့​သည်``အို သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​၏​စိတ်​နှ​လုံး ကို​သိ​တော်​မူ​ပါ​၏။ ယု​ဒ​သည်​မိ​မိ​နှင့်​ထိုက်​ရာ အ​ရပ်​သို့​လား​ရ​အံ့​သော​ငှာ တ​မန်​တော်​ရာ​ထူး ကို​စွန့်​လွှတ်​၍​သွား​ပါ​ပြီ။ ထို​ရာ​ထူး​တွင်​ဤ​သူ နှစ်​ယောက်​အ​နက် အ​ဘယ်​သူ​ကို​ကိုယ်​တော်​ရှင် ရွေး​ကောက်​ခန့်​ထား​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ အား​ဖော်​ပြ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ဤ​သို့​ဆု​တောင်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 “လူ​အပေါင်း​တို့​၏​စိတ်နှလုံး​ကို သိ​တော်မူ​သော​သခင်​ဘုရား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24-25 ထိုမှ​တစ်ဖန် သူတို့​က “အို သခင်ဘုရား… သခင်​သည် လူအပေါင်းတို့​၏​စိတ်နှလုံး​ကို သိမြင်တော်မူ၏။ ယုဒ​သည် မိမိ​နှင့်​ထိုက်သော​နေရာ​သို့ သွား​ရန် တမန်တော်​ရာထူး​ကို စွန့်လွှတ်သွားလေပြီ။ ထို့ကြောင့် ဤ​အမှုတော်​လုပ်ငန်း​နှင့် သူ​၏​တာဝန်​ကို ဆက်ခံ​ရန် သခင်ဘုရား​သည် ဤ​သူ​နှစ်ဦး​ထဲမှ မည်သူ့​ကို ရွေးချယ်တော်မူကြောင်း ဖော်ပြတော်မူပါ” ဟု ဆုတောင်းကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 1:24
24 ပူးပေါင်းရင်းမြစ်များ  

စံ တော် မူ ရာ ကောင်း ကင် ဘုံ မှ နား ညောင်း တော် မူ လျက် ဘိုး ဘေး တို့ အား ပေး တော် မူ ခဲ့ သော ပြည် တွင် အ သက် တည် သ မျှ ကာ လ ပတ် လုံး ကိုယ် တော် ကို ခန့် ညား ကြ စေ ရန် လူ့ သား အ ပေါင်း တို့ စိတ် သ ဘော ကို ကိုယ် တော် သာ လျှင် သိ သည် နှင့် အ ညီ အ သီး အ သီး ၌ သိ တော် မူ တိုင်း၊ အ ကျိုး အ ပြစ် အ လျောက် စီ ရင် ဆုံး ဖြတ် ၍ ချမ်း သာ ပေး တော် မူ ပါ။


သား တော် ရှော လ မုန်၊ ခ မည်း တော်၏ ဘု ရား သ ခင် ကို သိ ကျွမ်း၍ ကြည် ညို သော စိတ် နှ လုံး နှင့် စုံ လင် စွာ ဝတ် ပြု လော့။ ထာ ဝ ရ ဘုရား သည် ခပ် သိမ်း သော စိတ် နှ လုံး စီ စစ် လျက် အ ကြံ အ စည် ဟူ သ မျှ ကို သိ မြင် တော် မူ၏။ ကိုယ် တော် ကို ရှာ ဖွေ လျှင် အ တွေ့ ခံ တော် မူ လိမ့် မည်။ ခွာ လျှင် မူ ကား အ စဉ် စွန့် ပစ် တော် မူ လိမ့် မည်။


အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ကိုယ် တော် သည် စိတ် နှ လုံး ဟူ သ မျှ ကို စီ စစ် လျက် ဖြောင့် မှန် ခြင်း ကို သာ နှစ် သက် တော် မူ ကြောင်း အ ကျွန်ုပ် သိ ပါ ၏။ အ ကျွန်ုပ် မူ ကား၊ ဖြောင့် မှန် သော စိတ် နှ လုံး နှင့် ဤ အ ရာ ခပ် သိမ်း ကို စေ တ နာ ထက် သန် စွာ လှူ ဒါန်း သည့် ပြင်၊ လူ မျိုး တော် ဖြစ် သော ဤ ပ ရိ သတ် လည်း ထက် သန် စွာ လှူ ဒါန်း ကြောင်း ဝမ်း မြောက် ဝမ်း သာ သိ မြင် ရ ပါ ၏။


စိတ်၌ ဝှက် ထား ရာ များ ကို သိ မြင် သော ဘု ရား သ ခင် သည်၊ စီ စစ်၍ မ ထုတ် ဘဲ နေ တော် မူ မည် လော။


လူ ဆိုး တို့ ၏ ဆိုး သွမ်း ခြင်း ကို အ ဆုံး သတ်၍၊ ဖြောင့် မတ် သူ့ ကို တည် ကြည် စေ တော် မူ ပါ။ ဖြောင့် မတ် တော် မူ သော ဘု ရား သ ခင် သည်၊ နှ လုံး ကျောက် ကပ် ကို ပင် စစ် ဆေး တော် မူ ၏။


မ ရ ဏာ့ နိုင် ငံ နှင့် င ရဲ ကို၊ ထာ ဝ ရ ဘု ရား မျက် မှောက် ပြု သည် မှန် လျှင်၊ လူ့ သား တို့၏ စိတ် နှ လုံး ကို လည်း၊ မျက် မှောက် ပြု တော် မူ လေ ပြီ။


နှ လုံး ကျောက် ကပ် များ ကို စစ် ဆေး လျက်၊ တ ရား သ ဖြင့် စီ ရင် တော် မူ သော၊ ဗိုလ် ခြေ တို့ အ ရှင်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ မှု ကို ရှေ့ တော် တွင် တင် ပြ ပြီး ဖြစ် သည့် အ လျောက်၊ ထို သူ တို့ အ ပေါ်၌ လက် စား ချေ တော် မူ ခြင်း ကို သိ မြင် ပါ ရ စေ ဟု လျှောက် သည် နှင့် အ ညီ၊


ငါ ထာ ဝ ရ ဘု ရား သည် နှ လုံး ကျောက် ကပ် ကို စစ် ဆေး စီ စစ် ၍၊ လူ အ သီး သီး တို့ အား၊ ကိုယ့် အ လေ့ အ လာ အ ပြု အ မူ အ လျောက်၊ အ ကျိုး ဆက် ကို ပေး တတ် ၏။


နှ လုံး ကျောက် ကပ် ကို မျက် မှောက် ပြု ၍၊ ဖြောင့် မတ် သူ့ ကို စစ် ဆေး တော် မူ သော၊ ဗိုလ် ခြေ တို့ အ ရှင် အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ မှု ကို ရှေ့ တော် တွင် တင် ပြ ပြီး ဖြစ် သည့် အ လျောက်၊ ထို သူ တို့ အ ပေါ် ၌ လက် စား ချေ တော် မူ ခြင်း ကို သိ မြင် ပါ ရ စေ။


ကိုယ် တော် က သင် တို့ သည် လူ တို့ ရှေ့ ဖြောင့် မတ် ဟန် ဆောင် ကြ သော် လည်း စိတ် နှ လုံး ကို ဘု ရား သ ခင် သိ တော် မူ၏။ လူ တို့ တွင် မြင့် မြတ် သော အ ရာ သည် ဘု ရား သ ခင့် ရှေ့ တော်၌ စက် ဆုပ် ဖွယ် ဖြစ်၏။


တစ်ဖန်တတိယအကြိမ် ယောဟန်၏သားရှိမုန်၊ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသော် တတိယအကြိမ်၌ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသောကြောင့် ပေတရုသည်ဝမ်းနည်းလျက် အရှင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းကိုသိတော်မူသည်နှင့်အညီ ကိုယ်တော်ကိုတပည့်တော်ချစ်ခင်ကြောင်း သိမြင်တော်မူပါသည် ဟုလျှောက်ရာ ယေရှုက ငါ့သိုးတို့ကိုကျွေးမွေးလော့။


အ သင်း တော် တိုင်း တွင် ဥ က္က ဋ္ဌ များ ကို ခန့် ထား၍ အ စာ ရှောင် ခြင်း၊ တောင်း လျှောက် ခြင်း ပြု လျက် ယုံ ကြည် ရင်း အ ရှင် ဘု ရား ထံ အပ် ကြ၏။


စိတ် နှ လုံး ကို သိ မြင် တော် မူ သော ဘု ရား သ ခင် သည် ငါ တို့ နည်း တူ သူ တို့ အား လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ကို ပေး သ နား တော် မူ လျက် သူ တို့ ဘက်၌ သက် သေ ခံ တော် မူ သည့် ပြင်၊


တ မန် တော် တို့ ရှေ့ သွင်း ထား ကြ သည့် အ တိုင်း ပ ဌ နာ ပြု ပြီး လျှင် ထို သူ တို့ အ ပေါ် တွင် လက် တင် ကြ၏။


ဘု ရား သ ခင့် သ ဘော တော် အ တိုင်း သီး သန့် ထား တော် မူ သူ တို့ အ ဖို့ ဝိ ညာဉ် တော် အ သ နား ခံ လျက် စွဲ လမ်း ကြောင်း စိတ် နှ လုံး များ ကို စီ စစ် သော အ ရှင် သိ မှတ် တော် မူ ၏။


မျက် မှောက် တော်၌ လည်း မ ထင် ရှား သော သ တ္တ ဝါ မည် သည် မျှ မ ရှိ။ ငါ တို့ ကို စီ စစ် မည့် အ ရှင့် ရှေ့ အ ရာ ခပ် သိမ်း ဟာ လာ ဟင်း လင်း နေ၏။


ငါ ပြစ် ချ သည့် ပြင် သား သ မီး တို့ ကို လည်း သေ ဘေး ဒဏ် ခတ် မည်။ ထို သို့ သော အား ဖြင့် ငါ သည် နှ လုံး ကျောက် ကပ် ကို စီ စစ် သော အ ရှင် ဖြစ် ကြောင်း အ သင်း တော် ရှိ သ မျှ သိ ရ ကြ လ တ္တံ့။ သင် တို့ အ သီး အ သီး အား လည်း အ ကျင့် အ လျောက် ငါ ဆပ် ပေး မည်။


ထို နောက် ရှော လု မင်း က ဟုတ် မှန် ရာ မဲ ကျ စေ တော် မူ ပါ ဟု ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား တောင်း လျှောက် ပြီး လျှင် မဲ ချ ရာ ဗိုလ် ထု လွတ်၍ ရှော လု မင်း နှင့် ယော န သန် အ ပေါ် သို့ ကျ သော်၊


ထာ ဝ ရ ဘု ရား က သူ့ မျက် နှာ ရည် နှင့် အ ရပ် အ မောင်း ကို မ ထောက် ရှု နှင့်။ သူ့ ကို ငါ ပယ် ပြီ။ လူ တို့ ကဲ့ သို့ ငါ ရှု မြင် သည် မ ဟုတ်။ လူ တို့ သည် ဗ ဟို ဒ္ဒ သ ဏ္ဌာန် ကို ရှု မြင် တတ်၏။ ငါ ဘု ရား မူ ကား အ ဇ္စျ တ္တ သ ဏ္ဌာန် ကို ရှု မြင် သည် ဟု ရှ မွေ လ အား မိန့် တော် မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ