၄ ရာ 7:9 - Common Language Bible9 သို့ရာတွင်သူတို့က``ငါတို့ဤသို့ပြုနေကြ ရန်မသင့်။ ငါတို့မှာသတင်းကောင်းရှိသည် ဖြစ်၍ ထိုသတင်းကိုမျိုသိပ်မထားသင့်ကြ။ အကယ်၍ငါတို့သည်ထိုသတင်းကိုမိုး လင်းချိန်တိုင်အောင်မပြောဘဲနေလျှင် ဧကန် မုချအပြစ်ဒဏ်သင့်ရကြပေမည်။ သို့ဖြစ် ၍ယခုပင်မင်းကြီး၏မှူးမတ်တို့ထံသွား ရောက်ပြောကြားကုန်အံ့'' ဟုအချင်းချင်း ပြောဆိုကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 ငါ တို့ ပြု သော အ မှု ကား၊ မ ကောင်း လေ စွ။ ယ နေ့ သည် မင်္ဂ လာ နေ့ ဖြစ် လျက်၊ ဆိတ် ဆိတ် နေ ကြ ပြီ တ ကား။ မိုး သောက် တိုင် အောင် ဖင့် နွှဲ လျှင် ငါ တို့ အ ပေါ်၌ ပြစ် ဒဏ် သင့် မည်။ နန်း တော် သား တို့ အား ကြား ပြော ရန် အ သော့ သွား ကြ ကုန် အံ့ ဟု အ ချင်း ချင်း တိုင် ပင် လျက် အခန်းကိုကြည့်ပါ။Judson Bible9 သို့ရာတွင်၊ ငါတို့သည် ကောင်းမွန်စွာမပြုပါတကား။ ယခုနေ့သည် ကောင်းသောသတင်းကို ကြားပြောရသောနေ့ဖြစ်လျက်၊ ငါတို့သည် မကြားမပြောဘဲ နေပါပြီတကား။ မိုးလင်းသည်တိုင်အောင် မပြောဘဲနေလျှင် အမှုတစ်စုံတစ်ခု ရောက်လိမ့်မည်။ သို့ဖြစ်၍ နန်းတော်၌ သတင်းကြားပြောအံ့သောငှာ ငါတို့သည်သွားကြကုန်အံ့ဟု တိုင်ပင်ပြီးမှ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 သို့သော် သူတို့က “ငါတို့ ဤသို့ မပြုသင့်။ ဤနေ့၌ သတင်းကောင်းရှိနေလျက်ပင် ငါတို့မပြောဘဲ နံနက်မိုးလင်းချိန်အထိစောင့်၍ တိတ်ဆိတ်နေမည်ဆိုလျှင် ငါတို့အပြစ် ဖြစ်တော့မည်။ ထို့ကြောင့် ယခု ငါတို့ ဘုရင့်နန်းတော်သို့သွား၍ ဤအကြောင်းကို သွားပြောကြစို့”ဟု အချင်းချင်းပြောဆိုကြပြီးလျှင် အခန်းကိုကြည့်ပါ။ |
ထိုနောက်သူတို့သည်ရှုရိတပ်စခန်းမှထွက် ခွာ၍မြို့သို့သွားပြီးလျှင် မြို့တံခါးရှိအစောင့် တပ်သားတို့အား``ငါတို့သည်ရှုရိတပ်စခန်း သို့သွားရောက်ရာလူတစ်စုံတစ်ယောက်ကိုမျှ မမြင်ခဲ့ပါ။ လူသံကိုလည်းမကြားခဲ့ပါ။ မြင်းများနှင့်မြည်းများသည်ချည်လျက်ပင် ရှိပါသည်။ တဲများမှာလည်းရှုရိအမျိုးသား တို့ထားခဲ့သည့်အတိုင်းပင်ရှိနေပါသည်'' ဟု အော်ဟစ်၍ပြောကြားကြ၏။
ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။-
ထိုသူလေးယောက်တို့သည်တပ်စခန်းအစပ် သို့ရောက်သောအခါ တဲတစ်ခုကိုဝင်၍ထို တဲတွင်ရှိသောအစားအစာများကိုစား သောက်ကြ၏။ ထိုနောက်မိမိတို့တွေ့ရှိသည့် ရွှေ၊ ငွေ၊ အဝတ်အစားများကိုယူ၍ထွက်သွား ပြီးလျှင် ထိုပစ္စည်းများကိုဝှက်ထားကြ၏။ သူ တို့သည်နောက်တစ်ဖန်ပြန်လာ၍ အခြားတဲ တစ်ခုသို့ဝင်ကာရှေးနည်းတူပြုကြပြန်၏။-
ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။