၄ ရာ 5:3 - Common Language Bible3 တစ်နေ့သောအခါသူသည်မိမိ၏သခင်မ အား``ကျွန်မတို့သခင်သည်ရှမာရိမြို့တွင်နေ ထိုင်သူပရောဖက်ထံသို့သွားနိုင်ပါက အဘယ် မျှကောင်းပါမည်နည်း။ ထိုပရောဖက်သည်သခင် ၏ရောဂါကိုပျောက်ကင်းအောင်ကုသပေးပါ လိမ့်မည်'' ဟုပြော၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ကျွန် မ သ ခင် သည် ရှ မာ ရိ မြို့ ရှိ ပ ရော ဖက် နှင့် တွေ့ ပါ စေ သော။ တွေ့ လျှင် နူ နာ ကို ပျောက် ကင်း စေ လိမ့် မည် ဟု သ ခင် မ အား လျှောက် ဆို သော စ ကား ကို အခန်းကိုကြည့်ပါ။Judson Bible3 ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသောနူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သူက မိမိသခင်မအား “အကျွန်ုပ်၏သခင်သည် ရှမာရိမြို့ရှိပရောဖက်ထံသို့သွားလျှင် မည်မျှလောက်ကောင်းလိမ့်မည်နည်း။ သူသည် သခင်၌စွဲသောအနာကြီးရောဂါကို ပျောက်ကင်းစေလိမ့်မည်”ဟု လျှောက်ဆို၏။ အခန်းကိုကြည့်ပါ။ |
ပေါလုက ``အချိန်တိုသည်ကြာသည်မှာ ပဋ္ဌာနမဟုတ်ပါ။ အရှင်မင်းကြီးနှင့်တကွ ယနေ့အကျွန်ုပ်ပြောဆိုသည်ကို နားထောင် လျက်ရှိကြသောလူအပေါင်းတို့သည် ဤ အနှောင်အဖွဲ့ခံရမှုမှလွဲ၍အကျွန်ုပ်ကဲ့ သို့ပင်ဖြစ်လာကြစေရန် ဘုရားသခင် ထံတော်သို့အကျွန်ုပ်ဆုတောင်းပါ၏'' ဟု လျှောက်လေသည်။
သင်တို့သည်လိုလေသေးမရှိအောင်ပြည့်စုံ ကြပြီလော။ ချမ်းသာကြွယ်ဝကြလေပြီ လော။ ငါတို့ပင်ဘုရင်မဖြစ်ဘဲသင်တို့သည် ဘုရင်ဖြစ်ကြလေပြီလော။ သင်တို့ဘုရင် ဖြစ်မှသာလျှင်ငါတို့လည်းသင်တို့နှင့် အတူနန်းစံနိုင်ကြမည်ဖြစ်၍ အကယ်ပင် သင်တို့ဘုရင်ဖြစ်ကြပါစေဟုငါသည် ဆန္ဒပြု၏။-