၃ ရာ 7:8 - Common Language Bible8 တရားစီရင်ရာခန်းမဆောင်၏နောက်၌ တံ တိုင်းတစ်ခုအတွင်းတွင်ရှောလမုန်၏စံနန်း ဆောင်ကို အခြားအဆောက်အအုံများနည်း တူဆောက်လုပ်ထား၏။ မင်းကြီးသည်မိမိ၏ မိဖုရားဖြစ်သူအီဂျစ်ဘုရင်၏သမီး တော်အတွက် စံအိမ်တော်ကိုလည်းမိမိ၏ စံနန်းကဲ့သို့ပင်ဆောက်လုပ်တော်မူလေ သည်။ အခန်းကိုကြည့်ပါ။Garrad Bible8 ထို စ မုတ် ဆောင် အ တွင်း ရှိ တံ တိုင်း ၌ ကိုယ့် စံ နန်း တော် ကို လည်း ကောင်း၊ ဖာ ရော မင်း သ မီး တော် မိ ဖု ရား ခေါင့် စံ နန်း တော် ကို လည်း ကောင်း၊ စ မုတ် ဆောင် နည်း တူ လုပ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 နန်းတော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင်စပ်ကြားမှာ တံတိုင်းလည်းရှိ၏။ ရှောလမုန်စုံဖက်သော ဖာရောဘုရင်၏သမီးစံနန်းကိုလည်း တရားစီရင်ရာ ကနားပြင်နှင့်တူအောင် ဆောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 မိမိစံမြန်းရာနန်းဆောင်ကို ထိုခန်းမဆောင်၏အနောက်ဘက်ဝင်းတွင် ထိုပုံစံအတိုင်း ဆောက်လုပ်၏။ မိမိစုံဖက်ထားသော ဖာရောမင်းကြီး၏သမီးတော်စံမြန်းရာနန်းဆောင်ကိုလည်း ထိုခန်းမဆောင်ပုံစံအတိုင်း ဆောက်လုပ်ပေး၏။ အခန်းကိုကြည့်ပါ။ |
ရှောလမုန်သည်မိမိ၏မိဖုရားဖြစ်သူအီဂျစ် ဘုရင်၏သမီးတော်ကိုဒါဝိဒ်မြို့တော်မှသူ ၏အတွက်ဆောက်လုပ်ထားသောစံနန်းသို့ခေါ် ဆောင်လာတော်မူ၏။ မင်းကြီးက``ပဋိညာဉ်သေတ္တာ တော်ကိန်းဝပ်ဖူးရာအရပ်သည်သန့်ရှင်းမြင့် မြတ်သည်ဖြစ်၍ ထိုအမျိုးသမီးသည်ဣသ ရေလဘုရင်ဒါဝိဒ်၏နန်းတော်တွင်နေထိုင် ရန်မသင့်'' ဟုမိန့်တော်မူ၏။