Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 8:7 - Common Language Bible

7-8 ရှော​လ​မုန်​သည်​ခါ​နာန်​ပြည်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​စဉ်​အ​ခါ​က မ​သတ် ဘဲ​ကျန်​ကြွင်း​ခဲ့​သည့်​ခါ​နာန်​ပြည်​သား​များ မှ​ဆင်း​သက်​လာ​သူ​တို့​ကို မိ​မိ​၏​ချွေး​တပ် အ​တွက်​အသုံး​ပြု​တော်​မူ​၏။ ထို​သူ​တို့​အ​ထဲ တွင်​အာ​မော​ရိ​အမျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ပါ​ဝင်​ကြ​၏။ ထို သူ​တို့​၏​သား​မြေး​များ​သည်​ယ​နေ့​တိုင် အောင်​ဆက်​လက်​၍​ကျွန်​ခံ​နေ​ရ​ကြ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7-8 ဣ သ ရေ လ အ မျိုး သား တို့ မ ဖျက် ဆီး ၍ ပြည် တော် အ တွင်း ကြွင်း သေး သော တစ် ပါး အ မျိုး သား၊ ဟိ တ္တိ၊ အာ မော ရိ၊ ဖေ ရ ဇိ၊ ဟိဝိ၊ ယေ ဗု သိ အ နွယ်၊ သား စဉ် မြေး ဆက် တို့ ကို ယ နေ့ တိုင် အောင် လ မိုင်း အ မှု ထမ်း ဖွဲ့ လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ဣ​သ​ရေ​လ​အ​မျိုး​သား မ​ဖျက်​ဆီး​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အစ္စရေး​လူမျိုး​မ​ဟုတ်​သော ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ထဲမှ ကြွင်းကျန်​သော​လူမျိုး​အားလုံး​နှင့်

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 8:7
7 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​အာ​ဗြံ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​များ​နှင့် လော​တ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ကြ​လေ​သည်။ (ထို​အ​ချိန်​၌​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည်​လည်း ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သေး​၏။)


ကျွန်ုပ်​သည်​လေ​ဗ​နုန်​တောင်​ပေါ်​ရှိ​သစ်​က​တိုး ပင်​များ​ကို​အ​ဆွေ​တော်​လို​သ​မျှ​ခုတ်​လှဲ​၍ ဖောင်​ဖွဲ့​ကာ​ပင်​လယ်​လမ်း​ဖြင့်​ယုပ္ပေ​မြို့​အ​ရောက် စုန်​မျော​စေ​ပါ​မည်။ ထို​မြို့​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​အ​ဆွေ​တော်​၏​လူ​တို့​သယ်​ယူ​နိုင်​ကြ ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။


ဗာ​လတ်​မြို့၊ ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​နှင့် စစ်​ရ​ထား​စ​ခန်း​မြို့​များ​ဖြစ်​လေ​သည်။ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်၊ နိုင်​ငံ​တော်​အ​ရပ် ရပ်​တွင် မိ​မိ​တည်​ဆောက်​လို​သ​မျှ​ကို​တည် ဆောက်​၏။-


ဤ​အ​မှု​ကိစ္စ​အ​ပေါင်း​ကို​ဆောင်​ရွက်​၍​ပြီး​သော အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍``ပြည်​သူ​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည် မိ​မိ တို့​ပတ်​ဝန်း​ကျင်​တွင် ရှိ​သည့်​အမ္မုန်​ပြည်၊ မော​ဘ ပြည်၊ အီ​ဂျစ်​ပြည်​တို့​မှ​လူ​များ​နှင့်​လည်း​ကောင်း၊ ခါ​နာ​နိ၊ ဟိတ္တိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​များ၊ အာ​မော​ရိ အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း ကင်း​ရှင်း စွာ​မ​နေ​ကြ။ သူ​တို့​သည်​ထို​သူ​တို့​ပြု​ကျင့် သည့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော​အ​မှု တို့​ကို​ပြု​ကျင့်​ကြ​ပါ​၏။-


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​သိမ်း​ယူ​မည့်​ပြည်​သို့​သင်​တို့​ကို ပို့​ဆောင်​လျက် ထို​ပြည်​တွင်​နေ​ထိုင်​သော​သင်​တို့ ထက်​လူ​ဦး​ရေ​များ​၍​အင်​အား​ကြီး​သော​ဟိတ္တိ လူ​မျိုး၊ ဂိရ​ဂါရှိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ခါ နာ​နိ​လူ​မျိုး၊ ဖေ​ရ​ဇိ​လူ​မျိုး၊ ဟိ​ဝိ​လူ​မျိုး၊ ယေ​ဗု​သိ​လူ​မျိုး​တည်း​ဟူ​သော​လူ​မျိုး​ခု​နစ် မျိုး​တို့​ကို​နှင်​ထုတ်​တော်​မူ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ