Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 7:7 - Common Language Bible

7 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ရှေ့​၌​ရှိ​သော​အလယ် တံ​တိုင်း​ကို​ဆက်​ကပ်​ပြီး​နောက် ထို​နေ​ရာ​၌​တစ် ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​မှ​ဆီ​ဥ​တို့​ကို​ပူ​ဇော်​တော် မူ​၏။ ဤ​သို့​ပြု​တော်​မူ​ရ​ခြင်း​မှာ​မင်း​ကြီး တည်​ဆောက်​ထား​သည့်​ကြေး​ဝါ​ယဇ်​ပလ္လင်​သည် ထို​ပူဇော်​သ​ကာ​အား​လုံး​တို့​အ​တွက်​အ​လွန် သေး​ငယ်​သော​ကြောင့်​ဖြစ်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ရှော လ မုန် မင်း တည် လုပ် သော ပူ ဇော် ရာ ကား ပ လ္လင် တော် သည် မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ နှင့် ဆီ ဥ ကို မ ဆံ့ သော ကြောင့်၊ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ရှေ့၊ တံ တိုင်း ဗ ဟို ချက် ကို သီး သန့် ထား၍ ထို ဌာ န တွင် မီး ရှို့ ရာ သ က္ကာ နှင့် မိတ် သ ဟာ ယ သက္ကာ ဆီ ဥ ကို ပူ ဇော် ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ရှော​လ​မုန်​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ရှေ့​မှာ​ရှိ​သော တံ​တိုင်း​အ​တွင်း​အ​ရပ်​ကို သန့်​ရှင်း​စေ၍၊ ထို​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ပူ​ဇော်၏။ အ​ကြောင်း​မူ​ကား၊ အ​ရင်​လုပ်​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ယဇ်​ကောင်​ဆီ​ဥ​ကို မ​ခံ​လောက်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ရှောလမုန်​မင်းကြီး​တည်​ထား​သော​ကြေးနီ​ယဇ်ပလ္လင်​၌ မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​ရန် နေရာ​မ​ဆံ့​ပေ​။ ထို့ကြောင့် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ရှေ့​ရှိ ဝင်း​အတွင်း​ကို သန့်ရှင်း​စေ​၍ ထို​နေရာ​တွင်​ပင် မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 7:7
6 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​တို့​သည်​လည်း မိ​မိ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​ကျင့် ကို​လိုက်​၍ ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကာ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင်​သီး​သန့် ထား​တော်​မူ​သော​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။-


ရှော​လ​မုန်​မင်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အ​မြင့်​တစ်​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ယဇ်​ပလ္လင်​ကို​ပြု​လုပ်​စေ​တော်​မူ​၏။-


ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကား​သတ်​မှတ်​ထား​သော ပွဲ​နေ့​များ​၌ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ မည့်​မီး​ရှို့​ရာ​သ​ကာ​များ၊ ဘော​ဇဉ်​သကာ​များ၊ စ​ပျစ်​ရည်​သကာ​များ​နှင့်​မိတ်​သ​ဟာ​ယ​သကာ များ​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။ ဤ​သကာ​များ​သည်​က​တိ​ဝတ်​ဖြည့်​သော​သကာ၊ စေ​တ​နာ​အ​လျောက်​ဆက်​သ​သော​သကာ​များ အ​ပြင်​ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​သော​သကာ များ​ဖြစ်​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ