၂ ရာချုပ် 7:22 - Common Language Bible22 လူတို့က`ဣသရေလအမျိုးသားတို့သည်မိမိတို့ ဘိုးဘေးများအား အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောဘုရားသခင်ထာဝရဘုရား ကိုစွန့်ပစ်ကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားဘုရားများထံတွင်ကျေးဇူးသစ္စာ ခံလျက်ထိုဘုရားတို့ကိုကိုးကွယ်ကြလေ ပြီ။ ထိုကြောင့်ထာဝရဘုရားသည်သူတို့အား ဤဘေးဒဏ်ကိုသင့်စေတော်မူပြီ' ဟုဖြေ ဆိုကြလိမ့်မည်။'' အခန်းကိုကြည့်ပါ။Garrad Bible22 အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သူ တို့ စွန့် ၍ အ ခြား ဘု ရား များ ထံ မှီ ဝဲ ရှိ ခိုး ဝတ် ပြု ကြ သော ကြောင့် ထို ဘေး ဆိုး အ လုံး စုံ သင့် ရောက် စေ တော် မူ ကြောင်း ပြော ကြ လတ္တံ့ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 တစ်ယောက်က၊ သူတို့၏ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော ဘုရားသခင်ထာဝရဘုရားကို သူတို့သည်စွန့်၍ အခြားတစ်ပါးသော ဘုရားကိုမှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ထိုအခါ လူတို့က ‘သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်ပယ်၍ အခြားသောဘုရားတို့ကို ဆည်းကပ်လျက် ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် သူတို့ကို ဤဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့စေတော်မူပြီ’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်ကိုခေါ် ဆောင်တော်မူခဲ့၏။ ထိုဘုရင်သည်လည်းယုဒ လူငယ်လူရွယ်များကိုဗိမာန်တော်ထဲ၌ပင် သတ်ဖြတ်လေသည်။ ဘုရားသခင်သည်အသက် ကြီးသူ၊ ငယ်သူ၊ ယောကျာ်းမိန်းမ၊ ဖျားနာသူ၊ ကျန်းမာသူတို့ကိုမသနားဘဲရှိရှိသမျှ သောသူတို့ကိုဗာဗုလုန်ဘုရင်၏လက်သို့ အပ်တော်မူ၏။-