၂ ရာချုပ် 7:16 - Common Language Bible16 ငါသည်ဤဗိမာန်တော်ကိုရွေးချယ်၍ငါ့အား ထာဝစဉ်ဝတ်ပြုကိုးကွယ်ရာဌာနအဖြစ် ဖြင့်သီးသန့်စေပြီ။ ငါသည်ဤဌာနတော် ကိုစောင့်ကြပ်ကြည့်ရှုမည်။ ကာလအစဉ် အဆက်ကာကွယ်စောင့်ရှောက်မည်။- အခန်းကိုကြည့်ပါ။Garrad Bible16 ဤ ဗိ မာန် ကို ငါ ရွေး ချယ် သီး သန့် ထား လျက် နာ မ တော် တည် မြဲ စေ သည့် အ တိုင်း အ စဉ် မ ပြတ် ငါ မျက် မှောက် ပြု ၍ အ ရေး ယူ မည်။ အခန်းကိုကြည့်ပါ။Judson Bible16 ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံး အစဉ်စွဲလမ်းစရာဖို့ ဤအိမ်ကိုငါရွေးချယ်၍ သန့်ရှင်းစေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ငါ့နာမ အစဉ်တည်စေရန် ဤအိမ်တော်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ကောင်းကင်တမန်ကစာတန် အား``အို စာတန်၊ ထာဝရဘုရားသည်သင့်အား အပြစ်ဒဏ်ခတ်တော်မူပါစေသော။ ယေရုရှလင် မြို့ကိုချစ်မြတ်နိုးတော်မူသောထာဝရဘုရား သည် သင့်အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ ဤသူသည်မီးထဲမှဆွဲနုတ်လိုက်သည့်တုတ် ချောင်းနှင့်တူပါ၏'' ဟုပြော၏။
အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့၏ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်သို့လည်း ကောင်း၊ ကိုယ်တော်ရွေးချယ်ထားတော်မူသည့်ဤ မြို့တော်သို့လည်းကောင်း၊ အကျွန်ုပ်တည်ဆောက် ထားသည့်ဤဗိမာန်တော်သို့လည်းကောင်း မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြပါလျှင်၊-
ကိုယ်တော်က`ငါသည်ငါ၏လူမျိုးတော်ဖြစ်သော ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါ့အားဝတ်ပြု ကိုးကွယ်ရာဗိမာန်တော်တည်ဆောက်ရန်အတွက် ဣသရေလနိုင်ငံတွင်အဘယ်မြို့ကိုမျှမရွေး ချယ်ခဲ့။ သို့ရာတွင်ငါသည်ငါ၏လူမျိုးတော်ကို အုပ်စိုးရန် သင့်ကိုရွေးချယ်ပြီ' ဟုငါ၏ခမည်း တော်ဒါဝိဒ်အားမိန့်တော်မူပါ၏'' ဟုဆို၏။
သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
သင်တို့သည်သူတို့ကဲ့သို့ခေါင်းမမာကြ နှင့်။ ထာဝရဘုရား၏စကားတော်ကိုနား ထောင်ကြလော့။ သင်တို့သည်သင်တို့ဘုရားသခင်ထာဝရဘုရားထာဝစဉ်သီးသန့် ထားတော်မူသောယေရုရှလင်မြို့ဗိမာန် တော်သို့လာ၍ ကိုယ်တော်အားကိုးကွယ် ဝတ်ပြုကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအမျက်ထွက်တော်မူ တော့မည်မဟုတ်။-