Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 6:31 - Common Language Bible

31 သို့​မှ​သာ​လျှင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ဘိုး​ဘေး​တို့​အား​ပေး​သ​နား​တော်​မူ​သည့် ပြည်​တော်​တွင် နေ​ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့် မည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သူ​တို့​သည် အ​သက်​ရှင်​သော​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို​ကြောက်​ရွံ့၍၊ တ​ရား​တော်​လမ်း​သို့ လိုက်​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​သာ​လျှင် လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​သ​ဘော​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဆု​တောင်း​သော​သူ​တို့၏​စိတ်​နှ​လုံး​သ​ဘော​ကို​သိ​လျက် သူ​တို့​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ။ အ​သီး​အ​သီး ပြု​ကြ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 သို့မှသာ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​တွင် သူ​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကိုယ်တော့်​ကို ကြောက်ရွံ့ရိုသေ​၍ ကိုယ်တော်​၏​လမ်း​တော်​ကို လိုက်လျှောက်​ကြ​ပါ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 6:31
8 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​ထို​ကာ​လ​၌​ယု​ဒ​ပြည်၊ ဂါ​လိ​လဲ ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့​တွင်​အ​သင်း တော်​သည်​အေး​ချမ်း​စွာ​နေ​ရ​လေ​သည်။ အ​သင်း တော်​သည်​သ​ခင်​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သော​စိတ်​ဖြင့် သက်​ရှင်​လှုပ်​ရှား​လျက်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ကူ​ညီ​အား​ပေး​မှု​ဖြင့် တည်​တံ့​ခိုင်​မြဲ​ကာ​အ​သင်း​သား​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​လေ​သည်။


သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​အား ရို​သေ​ကျိုး​နွံ​ကြ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ်​တော်​၏​နည်း​လမ်း​တော်​များ​နှင့်​အ​ညီ ကျင့်​ကြံ​ပြု​မူ​သူ​များ​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။


လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။


ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​စိတ် နှ​လုံး​အ​ကြွင်း​မဲ့​သစ္စာ​နှင့်​ဝတ်​ပြု​ကြ​လော့။ သင်​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သည့်​ထူး မြတ်​သော​အ​မှု​တော်​တို့​ကို​အောက်​မေ့​သ​တိ​ရ ကြ​လော့။-


ထို​အ​ခါ​မော​ရှေ​က``မ​ကြောက်​ရွံ့​ကြ​နှင့်။ သင် တို့​ကို​စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ အ​ပြစ်​မ​ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း ဘု​ရား​သ​ခင်​ကြွ​လာ​ခြင်း​ဖြစ်​သည်'' ဟု​ဖြေ​ကြား လေ​၏။-


သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို​နား​ညောင်း​တော် မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ မှ​နား​ညောင်း​တော်​မူ​၍ သူ​တို့​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ ၏​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​ပါ​၏။ လူ တစ်​ဦး​စီ​အား​ထိုက်​သင့်​သည့်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။-


``ကိုယ်​တော်​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​တော်​မူ ကြောင်း၊ အ​ဘယ်​မျှ​တန်​ခိုး​ကြီး​တော်​မူ​ကြောင်း၊ လက်​ရုံး​တော်​ဖြင့်​အ​ဘယ်​သို့​ပြု​တော်​မူ​ကြောင်း တို့​ကို​ရပ်​ဝေး​လူ​မျိုး​ခြား​သား​တစ်​ယောက်​သည် ကြား​သိ​ရ​သ​ဖြင့် ဤ​ဗိ​မာန်​တော်​သို့​လာ​၍ ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ