၂ ရာချုပ် 5:1 - Common Language Bible1 ရှောလမုန်မင်းသည်ဗိမာန်တော်တည်ဆောက် မှုလုပ်ငန်းရှိသမျှကိုဆောင်ရွက်ပြီးသောအခါ ထာဝရဘုရားအားခမည်းတော်ဒါဝိဒ်မင်း ဆက်ကပ်လှူဒါန်းခဲ့သောရွှေ၊ ငွေနှင့်အခြား ပစ္စည်းအသုံးအဆောင်များကိုဗိမာန်တော် သိုလှောင်ခန်းများတွင်ထားတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 ဗိ မာန် တော် အ မှု ကို အ ပြီး သတ် ပြီး လျှင် ခ မည်း တော် ဒါ ဝိဒ် မင်း သီး သန့် ထား ခဲ့ သော ရွှေ၊ ငွေ၊ အ သုံး အ ဆောင် ရှိ သ မျှ ကို လည်း ဘု ရား သ ခင့် ဗိ မာန် တော် သ ဏ္ဌာန် တိုက် တွင် ဆောင် သွင်း သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible1 ထိုသို့ ရှောလမုန်သည် ထာဝရဘုရား၏ အိမ်တော်အဖို့ ပြုလုပ်စီရင်သမျှ အလုံးစုံတို့ကို လက်စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာများကို ဆောင်ခဲ့၍ ဘုရားသခင်၏အိမ်တော် ဘဏ္ဍာစုထဲမှာ သွင်းထားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဤသို့ဖြင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးစီးလေ၏။ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်ရှိသမျှတို့ကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ဘုရားသခင်၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ဗိမာန်တော်တည်ဆောက်ရန်အတွက် ရွှေတန်ချိန်လေးထောင်ခန့်ကိုလည်းကောင်း၊ ငွေတန်ချိန်လေးသောင်းနီးပါးမျှကိုလည်း ကောင်းကြိုးစား၍စုဆောင်းထားခဲ့၏။ ထိုမှ တစ်ပါးလည်းအချိန်မရေမတွက်နိုင်အောင် များပြားသောကြေးဝါနှင့်သံများလည်း ငါ့မှာရှိ၏။ သစ်များ၊ ကျောက်များလည်း အဆင်သင့်ရှိ၏။ သို့ရာတွင်သင်သည် ထပ်မံ၍စုဆောင်းရလိမ့်ဦးမည်။-
ဒါဝိဒ်မင်းသည်ထိုပစ္စည်းများကိုဝတ်ပြု ကိုးကွယ်ရာတွင်အသုံးပြုရန်အတွက် ထာဝရဘုရားအားဆက်ကပ်၏။ ထိုနည်း တူမိမိနှိမ်နင်းခဲ့သောဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိနှင့် အာမလက်ပြည်များမှသိမ်း ယူခဲ့သည့်ရွှေ၊ ငွေများနှင့်ဟာဒဒေဇာ ထံမှရရှိသည့်ပစ္စည်းအချို့တို့ကိုလည်း ထာဝရဘုရားအားဆက်ကပ်၏။