၂ ရာချုပ် 33:16 - Common Language Bible16 ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရန်ယဇ် ပလ္လင်ကိုပြန်လည်ပြင်ဆင်ပြီးနောက်မိတ်သဟာ ယယဇ်နှင့်ကျေးဇူးတော်ချီးမွမ်းရာယဇ်များ ကိုပူဇော်တော်မူ၏။ ယုဒပြည်သူအပေါင်း သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရန် အမိန့်ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible16 ထာ ဝ ရ ဘု ရား၏ ပူ ဇော် ရာ ပ လ္လင် တော် ကို ပြု ပြင် လျက်၊ မိတ် သ ဟာ ယ ပူ ဇော် ရာ သ က္ကာ နှင့် ချီး မွမ်း ရာ သ က္ကာ များ ကို ပူ ဇော် ၍၊ ယု ဒ အ မျိုး ကို၊ ဣ သ ရေ လ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ဝတ် ပြု ကြ ရန် မိန့် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ထာဝရဘုရား၏ယဇ်ပလ္လင်ကို ပြုပြင်၍၊ မိတ်သဟာယယဇ်နှင့် ကျေးဇူးတော်ဝန်ခံရာ ယဇ်တို့ကို ပူဇော်၏။ ယုဒပြည်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုမည်အကြောင်း မှာထား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို ပြန်လည်ပြုပြင်၍ ထိုယဇ်ပလ္လင်ပေါ်တွင် မိတ်သဟာယယဇ်၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ပူဇော်၏။ ထို့ပြင် ယုဒအမျိုးတို့ကိုလည်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုကြရန် မှာကြား၏။ အခန်းကိုကြည့်ပါ။ |
ဟေဇကိကပြည်သူတို့အား``ယခုသင် တို့သည်ဘာသာရေးထုံးနည်းအရ သန့်စင် မှုကိုပြုပြီးဖြစ်၍ ထာဝရဘုရားထံ တော်သို့ကျေးဇူးတော်ချီးမွမ်းရာပူဇော် သကာအဖြစ်ဖြင့် ယဇ်များကိုယူဆောင်လာ ကြလော့'' ဟုမိန့်တော်မူသည့်အတိုင်းလူ တို့လိုက်နာဆောင်ရွက်ကြ၏။ အချို့သော သူတို့သည်မိမိတို့စေတနာအလျောက် မီးရှို့ပူဇော်ရန်တိရစ္ဆာန်များကိုယူဆောင် လာကြလေသည်။-