Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 32:33 - Common Language Bible

33 ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​အ​ထက်​ပိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ သူ​ကွယ်​လွန်​ချိန်​၌​ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​သူ့​အား အ​ထူး​ဂုဏ်​ပြု​ကြ​၏။ သား​တော်​မ​နာ​ရှေ သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ဟေ ဇ ကိ မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက်၊ ဒါ ဝိဒ် မင်း သား တော် အ စဉ် မြေး တော် အ ဆက် တို့ သင်္ချိုင်း တော် အ ထက် ပိုင်း တွင်၊ စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား အ ပေါင်း တို့ အ လေး အ မြတ် ပြု ကြ၏။ သား တော် မ နာ ရှေ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ဟေ​ဇ​ကိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်၏​သား​တော် မြေး​တော်​တို့ သင်္ချိုင်း​တွင် အ​မြတ်​ဆုံး​သော​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ပြု​လေ၏။ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည်၊ ဟေ​ဇ​ကိ အ​နိ​စ္စ​ရောက်​သော​အ​ခါ၊ ဂုဏ်​အ​သ​ရေ​တော်​ကို ချီး​မြှောက်​ကြ၏။ သား​တော်​မ​နာ​ရှေ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​သားမြေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​တောင်ကုန်း​ပေါ်တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​အနိစ္စ​ရောက်​သောအခါ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် သူ့​ကို ဂုဏ်ပြု​ကြ​၏​။ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 32:33
15 ပူးပေါင်းရင်းမြစ်များ  

အ​ရှင်​ဤ​သို့​မိန့်​တော်​မ​မူ​ပါ​လျှင်​ကျွန်​မ​နှင့် ကျွန်​မ​၏​သား​ရှော​လ​မုန်​သည် အ​ရှင်​မ​ရှိ​သည့် နောက်​သစ္စာ​ဖောက်​များ​အ​ဖြစ်​ဖြင့်​ရာ​ဇ​ဝတ် သင့်​သူ​များ​ဖြစ်​ကြ​တော့​မည်'' ဟု​လျှောက်​၏။


သူ​သည်​ကွယ်​လွန်​၍​ဒါ​ဝိဒ်​၏​မြို့​၌​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။ သား​တော်​ရော​ဗောင်​သည်​နန်း​တက် လေ​၏။


ဒါ​ဝိဒ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု​ရှ​လင် မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။-


ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​သား​တော် မ​နာ​ရှေ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။


ဒါ​ဝိဒ်​မြို့​တွင်​သူ​၏​အ​တွက်​ပြု​လုပ်​ထား သည့်​ကျောက်​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ပြည်​သူ​တို့ သည်​သင်္ဂြိုဟ်​ရန်​အ​တွက်​မင်း​ကြီး​၏​အ​လောင်း ကို နံ့​သာ​မျိုး​များ၊ ဆီ​မွှေး​များ​နှင့်​မွမ်း​မံ ပြင်​ဆင်​ကြ​ပြီ​လျှင်​ဝမ်း​နည်း​ကြေ​ကွဲ​သည့် အ​ထိမ်း​အ​မှတ်​ဖြင့်​မီး​ပုံ​ပွဲ​ကြီး​ကို ကျင်း​ပ​ကြ​လေ​သည်။


ဟေ​ဇ​ကိ​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ​ဘု​ရား အား​ဆည်း​ကပ်​ပုံ​တို့​ကို အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကျမ်း၊ ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင် တွင်​ရေး​ထား​သ​တည်း။-


သူ​၏​တပ်​သား​တို့​သည်​လည်း​မင်း​ကြီး​ကို​ချီ ကြွ​၍ အ​သင့်​ရှိ​နေ​သော​အ​ခြား​ရ​ထား​တစ် စီး​အ​ပေါ်​သို့​တင်​ပြီး​လျှင်​ယေ​ရု​ရှ​လင်​မြို့ သို့​ယူ​ဆောင်​သွား​ကြ​၏။ မင်း​ကြီး​သည်​ရ​ထား ပေါ်​၌​ပင်​ကွယ်​လွန်​တော်​မူ​သ​ဖြင့် သူ​၏ အ​လောင်း​ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် မင်း​ကြီး ကွယ်​လွန်​သည့်​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြု​ကြ​ကုန်​၏။


သူ​တော်​ကောင်း​သည်​အ​ဘယ်​အ​ခါ​၌​မျှ ဆုံး​ရှုံး​ရ​လိမ့်​မည်​မ​ဟုတ်။ လူ​တို့​သည်​သူ့​အား​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​ကြ​လိမ့်​မည်​မ​ဟုတ်။


တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အာ​ရုန်​အ​နိစ္စ​ရောက်​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​ဝမ်း​နည်း ပူ​ဆွေး​ကြ​လေ​သည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မော​ဘ​လွင် ပြင်​တွင် ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​မော​ရှေ ကွယ်​လွန်​သည့်​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-


ရှ​မွေ​လ​ကွယ်​လွန်​သွား​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လာ​ရောက်​စု ဝေး​လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​၏။ ထို​နောက် သူ့​အား​ရာ​မ​မြို့​နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက် ကြ​၏။ ယင်း​သို့​သင်္ဂြိုဟ်​ပြီး​သော​အ​ခါ​ဒါ​ဝိဒ်​သည် ပါ​ရန်​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား​လေ သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ