၂ ရာချုပ် 28:9 - Common Language Bible9 သြဒက်အမည်ရှိထာဝရဘုရား၏ပရော ဖက်သည် ရှမာရိမြို့တွင်နေထိုင်၏။ သူသည် တိုက်ပွဲမှပြန်လာသောဣသရေလတပ်မ တော်ကိုမြို့အဝင်ဝမှဆီးကြိုပြီးလျှင်``သင် တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည်ယုဒပြည်သူတို့ကိုအမျက် ထွက်တော်မူသဖြင့် သင်တို့အားသူတို့ကို နှိမ်နင်းခွင့်ပေးတော်မူ၏။ သို့ရာတွင်သင် တို့သည်မိမိတို့အမျက်ဒေါသကိုမချုပ် တည်းဘဲသုတ်သင်သတ်ဖြတ်မှုကိုပြုခဲ့ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 ထို မြို့ နေ၊ ဩ ဒက် အ မည် ရှိ သော ထာ ဝ ရ ဘု ရား ၏ ပ ရော ဖက် သည်၊ ရှ မာ ရိ မြို့ သို့ ပြန် လာ သော ဗိုလ် ထု ကို ခ ရီး ဦး ကြို ဆို လျက်၊ သင် တို့ ဘိုး ဘေး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ မျက် တော် ထား ၍၊ သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ ခဲ့ သော ယု ဒ အ မျိုး ကို၊ မိုး ကောင်း ကင် အ ထိ တက် သော ဒေါ သ ဟုန် ဖြင့်၊ လုပ် ကြံ ကြ ပြီ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible9 ဩဒက်အမည်ရှိသော ထာဝရဘုရား၏ပရောဖက်တစ်ပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြိုလျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကိုအမျက်တော်ထွက်သောကြောင့်၊ သင်တို့လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုးကောင်းကင်သို့ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီတကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ရှမာရိမြို့၌ ဩဒက်အမည်ရှိသောထာဝရဘုရား၏ပရောဖက်တစ်ပါး ရှိ၏။ သူသည် ရှမာရိမြို့သို့ပြန်လာသောစစ်သည်ဗိုလ်ခြေတို့ကို ထွက်ကြိုပြီး “သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် ယုဒအမျိုးကို အမျက်ထွက်၍ သူတို့ကို သင်တို့၏လက်သို့အပ်တော်မူသည်ကို သင်တို့သည် မိုးထိအောင်အမျက်ထွက်၍ သူတို့ကိုသတ်ဖြတ်လေပြီ။ အခန်းကိုကြည့်ပါ။ |
ငါသည်မိမိလူမျိုးတော်အပေါ်သို့သက် ရောက်သည့်အမျက်တော်ကိုထိန်းချုပ်လျက် နေစဉ်၊ ငြိမ်းချမ်းစွာနေထိုင်ရကြသော လူမျိုးအပေါင်းတို့သည် ငါ့လူမျိုးတော် ခံစားရသည့်ဆင်းရဲဒုက္ခကိုပိုမိုကြီး လေးအောင်ပြုကြ၏။ ထိုကြောင့်ငါသည်ထို လူမျိုးတို့အားပြင်းစွာအမျက်ထွက်သဖြင့်၊-
အာခတ်သည်အပြစ်ပြုသဖြင့်ထာဝရဘုရား သည် ရှုရိဘုရင်အားသူ့ကိုနှိမ်နင်း၍ ယုဒပြည် သူအမြောက်အမြားကိုသုံ့ပန်းများအဖြစ် ဖြင့် ဒမာသက်မြို့သို့သိမ်းသွားခွင့်ပေးတော် မူ၏။ ထာဝရဘုရားသည်ရေမလိ၏သား၊ ဣသရေလဘုရင်ပေကာအားအာခတ်ကို နှိမ်နင်း၍တစ်နေ့ချင်းတွင် ယုဒတပ်သား တစ်သိန်းနှစ်သောင်းကိုလည်းသတ်ဖြတ်ခွင့် ပေးတော်မူ၏။ သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရား အားစွန့်ပစ်ကြသဖြင့် ကိုယ်တော်သည် ဤသို့ဖြစ်ပျက်စေတော်မူခြင်းဖြစ် သတည်း။-
ပရောဖက်ကလည်း``ထာဝရဘုရားက`ရန်သူ ကိုသတ်ရန် ငါအမိန့်ပေးထားသော်လည်းသူ့ ကိုလွှတ်ပစ်လိုက်သည့်အတွက် ထိုသူ၏အသက် အစားသင်၏အသက်ကိုပေးလျော်ရမည်။ သင် ၏တပ်မတော်သည်လည်းထိုရန်သူ၏တပ်မ တော်ကိုထွက်ပြေးခွင့်ပြုသည့်အတွက် သုတ် သင်ဖျက်ဆီးခြင်းကိုခံရမည်' ဟုမိန့်တော် မူပါ၏'' ဟုမင်းကြီးအားဆင့်ဆိုပါ၏။
ဤအတောအတွင်း၌ပရောဖက်တစ်ပါးသည် အာဟပ်မင်းထံသို့သွား၍``ထာဝရဘုရား ကသင့်အား`ထိုကြီးမားသည့်စစ်သည်အလုံး အရင်းကိုမြင်၍မကြောက်နှင့်။ ယနေ့သင့် အားထိုတပ်မတော်ကြီးကိုဖြိုခွင်းခွင့်ငါ ပေးမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သင်သိရလိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။