Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 28:27 - Common Language Bible

27 အာ​ခတ်​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို ယေ​ရု​ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​မ​သင်္ဂြိုဟ်​ကြ။ သူ​၏​သား​တော်​ဟေ​ဇ​ကိ​သည်​ခ​မည်း​တော် ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် သော အာ ခတ် မင်း ကို၊ သင်္ချိုင်း တော်၌ စျာ ပ န မ ပြု ဘဲ၊ ယေ ရု ရှ လင် မြို့ တွင် ပြု ကြ လျှင်၊ သား တော် ဟေ ဇ ကိ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 အာ​ခတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ယေ​ရု​ရှ​လင်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ သင်္ချိုင်း၌ မ​သင်္ဂြိုဟ်​ကြ။ သား​တော်​ဟေ​ဇ​ကိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 အာခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ့​ကို ဂျေရုဆလင်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သို့သော် အစ္စရေး​ဘုရင်​တို့​၏​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။ သူ​၏​သား​တော်​ဟေဇကိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 28:27
11 ပူးပေါင်းရင်းမြစ်များ  

အာ​ခတ်​ကွယ်​လွန်​သော​အ​ခါ သူ့​အား​ဒါ​ဝိဒ် မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဟေ​ဇ​ကိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။


ဧ​လာ​၏​သား၊ ဣ​သ​ရေ​လ​ဘု​ရင်​ဟော​ရှေ​၏ နန်း​စံ​သုံး​နှစ်​မြောက်​၌ အာ​ခတ်​၏​သား​တော် ဟေ​ဇ​ကိ​သည်၊ အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​နှစ်​ဆယ့်​ကိုး​နှစ်​နန်း​စံ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ခ​ရိ​၏ သ​မီး​အာ​ဘိ​ဖြစ်​၏။-


ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏​သား​တော်​ယ​ဟော​ရံ တွင်​အာ​ဇ​ရိ၊ ယေ​ယ​လေ၊ ဇာ​ခ​ရိ၊ အာ​ဇ​ရိ​ဟု၊ မိက္ခေ​လ၊ ရှေ​ဖတိ​ဟူ​သော​ညီ​ခြောက်​ယောက် ရှိ​၏။-


သူ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ်​၌​နန်း တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း​စံ တော်​မူ​၏။ ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​တွက် အ​ဘယ်​သူ​မျှ​ဝမ်း​မ​နည်း​ကြ။ သူ့​အ​လောင်း ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​တို့​၏​သင်္ချိုင်း​တွင်​မ​သင်္ဂြိုဟ်​ကြ။


သူ​သည်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လျက်​ကျန်​ရစ်​ခဲ့​၏။ ရန်​သူ​များ​ဆုတ်​ခွာ​သွား​သော​အ​ခါ​အ​မတ် နှစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏ သား​ကို​သတ်​သည့်​အ​တွက် လက်​စား​ချေ​သည့် အ​နေ​ဖြင့်​လျှို့​ဝှက်​ကြံ​စည်​ကာ​သူ့​အား သ​လွန်​ပေါ်​တွင်​လုပ်​ကြံ​ကြ​၏။ သူ​၏ အ​လောင်း​ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ သော်​လည်း​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​၌ မ​သင်္ဂြိုဟ်​ကြ​ချေ။-


သြ​ဇိ​မင်း​ကွယ်​လွန်​သော​အ​ခါ​သူ့​အား ဒါ​ဝိဒ်​မြို့​တော်​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း သူ​၏​ရော​ဂါ​ကြောင့်​ရာ​ဇ​ဂူ​၌​မ​သင်္ဂြိုဟ် ကြ။ သူ​၏​သား​တော်​ယောသံ​သည်​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။


ဟေ​ဇ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ကိုး​နှစ်​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ခ​ရိ​၏​သ​မီး အာ​ဘိ​ဖြစ်​၏။-


မ​နာ​ရှေ​ကွယ်​လွန်​သော​အ​ခါ​သူ့​အား​နန်း တော်​ထဲ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော် အာ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။


တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။


ဤ​ဗျာ​ဒိတ်​တော်​သည်​အာ​ခတ်​မင်း​နတ်​ရွာ စံ​သည့်​နှစ်​၌​ပြန်​ကြား​သော​ဗျာ​ဒိတ်​တော် ဖြစ်​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ