၂ ရာချုပ် 26:8 - Common Language Bible8 အမ္မုန်အမျိုးသားတို့သည်သြဇိအားလက် ဆောင်ပဏ္ဏာများဆက်သရကြ၏။ သူသည် အလွန်တန်ခိုးကြီးမားလာသဖြင့်သူ၏ ဂုဏ်သတင်းသည်အီဂျစ်ပြည်သို့ပင်ပျံ့နှံ့ သွားလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ဩ ဇိ မင်း ထံ အ ခွန် ဆက် သွင်း ရ ကြ ၏။ ခွန် အား ဗ လ များ စွာ တိုး တက် လျက်၊ အိ ဂျစ် ပြည် နယ် စပ် တိုင် အောင် ကျော် စော ကိ တ္တိ ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 အမ္မုန်အမျိုးသားတို့သည်လည်း၊ ဩဇိမင်းအား လက်ဆောင်ပဏ္ဍာတို့ကို ဆက်ကြ၏။ သူသည် အလွန် ကိုယ်ကိုခိုင်ခံ့စေသဖြင့်၊ သတင်းတော်သည် အဲဂုတ္တုပြည်တိုင်အောင် ကျော်စောလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 အမ္မုန်လူမျိုးတို့သည် ဩဇိမင်းကြီးအား အခွန်ဆက်သပေးရ၏။ ဩဇိမင်းကြီးသည် အလွန်အင်အားကြီးမားလာပြီး အီဂျစ်ပြည်နယ်စပ်ထိတိုင်အောင် နာမည်ကျော်ကြားလေ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။