Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 26:22 - Common Language Bible

22 နန်း​သက်​တစ်​လျှောက်​သြ​ဇိ​မင်း​ဆောင်​ရွက်​ခဲ့ သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို အာ​မုတ် ၏​သား​ပ​ရော​ဖက်​ဟေ​ရှာ​ယ​က​မှတ်​တမ်း တင်​ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ဩ ဇိ မင်း အ စ အ ဆုံး ပြု မူ သော အ ကြွင်း အ ကျန် ကို၊ အာ မုတ် သား ပ ရော ဖက် ဟေ ရှာ ယ ရေး ထား သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ဩ​ဇိ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ အ​စ​အ​ဆုံး​တို့​ကို၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် ရေး​ထား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ကျန်ရှိ​နေ​သော​ဩဇိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​အစ​အဆုံး​ကို အာမုတ်​၏​သား ပရောဖက်​ဟေရှာယ​က မှတ်တမ်းတင်​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 26:22
8 ပူးပေါင်းရင်းမြစ်များ  

ဤ​ကျမ်း​စောင်​တွင် ယု​ဒ​ဘု​ရင်​များ​ဖြစ်​သော​သြ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း​နှင့်​ဟေ​ဇ​ကိ​မင်း​တို့​၏​လက်​ထက်​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ဘယ်​သို့​ဖြစ်​ပျက်​မည်​ကို အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​များ​ပါ​ရှိ​၏။


သြ​ဇိ​မင်း​နတ်​ရွာ​စံ​သော​နှစ်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​၏။ ကိုယ်​တော်​သည်​မြင့်​မြတ်​သည့်​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ​၏။ ဗိ​မာန်​တော်​တစ်​ခု​လုံး​သည်​လည်း​ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​နှင့်​ပြည့်​၍​နေ​၏။-


ရော​ဗောင်​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​အ​စ​မှ​အ​ဆုံး​နှင့်​သူ​၏​အိမ်​ထောင် စု​မှတ်​တမ်း​များ​ကို​ပ​ရော​ဖက်​ရှေ​မာ​ယ​၏ အတ္ထု​ပ္ပတ္တိ​နှင့်​ပ​ရော​ဖက်​ဣ​ဒေါ​၏​အတ္ထု​ပ္ပတ္တိ တွင်​တွေ့​ရှိ​ရ​လေ​သည်။ ရော​ဗောင်​နှင့်​ယေ​ရော ဗောင်​တို့​သည်​အ​စဉ်​မ​ပြတ်​စစ်​ဖြစ်​ကြ​၏။-


ကြွင်း​ကျန်​သော​ရှော​လ​မုန်​၏​အ​ကြောင်း​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင်​ပ​ရော​ဖက်​နာ​သန် ၏​ကျမ်း၊ ရှိလော​မြို့​သား​အ​ဟိ​ယ​၏​ပ​ရော​ဖက် ကျမ်း၊ ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​၏​နန်း ဆက်​အ​ကြောင်း​ကို​လည်း​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​ဣဒ္ဒေါ​၏​ဗျာ​ဒိတ်​ရူပါ​ရုံ​ကျမ်း​များ တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-


သြ​ဇိ​မင်း​ကွယ်​လွန်​သော​အ​ခါ​သူ့​အား ဒါ​ဝိဒ်​မြို့​တော်​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း သူ​၏​ရော​ဂါ​ကြောင့်​ရာ​ဇ​ဂူ​၌​မ​သင်္ဂြိုဟ် ကြ။ သူ​၏​သား​တော်​ယောသံ​သည်​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။


မင်း​ကြီး​သည်​နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်​အ​သက်​ကြီး​သူ ယဇ်​ပု​ရော​ဟိတ်​များ​ကို အာ​မုတ်​၏​သား​ဟေ​ရှာ ယ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် လည်း​လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-


နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင်​အောင်​အာ​မ​ဇိ ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-


ဟေ​ဇ​ကိ​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ​ဘု​ရား အား​ဆည်း​ကပ်​ပုံ​တို့​ကို အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကျမ်း၊ ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင် တွင်​ရေး​ထား​သ​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ